按 Enter 到主內容區
:::

培力新住民資訊首頁LOGO

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ကာကွယ်ဆေးထိုးနှံပြီးသော နေအိမ်ကွာရန်တင်း/ကွာရန်တင်းလုပ်နေသူများ အသုဘကိစ္စအတွက် ဆောင်ရွက်ရန် သို့မဟုတ် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန် အပြင်သွားချိန်အတွက် လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ လျှော့ပေါ့ပေးထားသောစည်းမျဥ်းများ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/12/01
  • hit:114
ကာကွယ်ဆေးထိုးနှံပြီးသော နေအိမ်ကွာရန်တင်း/ကွာရန်တင်းလုပ်နေသူများ အသုဘကိစ္စအတွက် ဆောင်ရွက်ရန် သို့မဟုတ် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန် အပြင်သွားချိန်အတွက် လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ လျှော့ပေါ့ပေးထားသောစည်းမျဥ်းများ

ဗဟိုကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၂၄) ရက်နေ့တွင် ဆွေမျိုးသားချင်းများ အသက်ဆုံးပါးခြင်း/ပြင်းထန်ရောဂါအစရှိသည့် လူမှုရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကြောင့်  အသုဘကိစ္စအတွက် ဆောင်ရွက်ရန် သို့မဟုတ် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန်တို့အတွက် နေအိမ်ကွာရန်တင်း/ကွာရန်တင်းလုပ်နေသူများအနေဖြင့် နေအိမ်ကွာရန်တင်း/ကွာရန်တင်း ပထမရက် (အပါအဝင်) နောက်ပိုင်းတွင် ရောဂါလက္ခဏာပြသခြင်းမရှိပါက ဒေသန္တရကျန်းမာရေးဌာနသို့ COVID-19 စစ်ဆေးမှုအတွက် သင်ကိုယ်တိုင် လျှောက်ထားနိုင်သည်။ လက်ရှိတွင် ပြည်တွင်းရှိ ကပ်ရောဂါအခြေအနေမှာ နှေးကွေးနေပြီး အများပြည်သူများ၏ လိုအပ်ချက်များနှင့် ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို ထည့်သွင်းစဥ်းစားသည့်အပြင် ကာကွယ်ဆေးထိုးနှံထားခြင်းကြောင့် ကူးစက်နိုင်ခြေကို လျှော့ချနိုင်သည့်အတွက် နေအိမ်ကွာရန်တင်း/ကွာရန်တင်းလုပ်နေသူများ အသုဘကိစ္စအတွက် ဆောင်ရွက်ရန် သို့မဟုတ် ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန် အပြင်သွားချိန် ပတ်သက်၍စည်းမျဥ်းများကို လျှော့ပေါ့ပေးခဲ့သည်။ သက်ဆိုင်ရာ စည်းမျဥ်းများ၏ ရှင်းလင်းဖော်ပြချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသည့်အပြင် ၁၄ ရက်အထက် ရှိသူများအတွက် ၂ ရက်အတွင်း RT-PCR စစ်ဆေးမှုအစီရင်ခံစာ၌ အနုတ်လက္ခဏာပြသသူများ တစ်ရက်လျှင် ၁ ကြိမ် ၊ တစ်ကြိမ်လျှင် ၄ နာရီ (ကားစီးချိန် မပါဝင်) သတ်မှတ်ထားပြီး ညအိပ်ခွင့် မရှိပါ။

၂။ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ၁၄ ရက်အထက် မရှိသူများအတွက် ၂ ရက်အတွင်း RT-PCR စစ်ဆေးမှုအစီရင်ခံစာ၌ အနုတ်လက္ခဏာပြသသူများ တစ်ရက်လျှင် ၁ ကြိမ် ၊ တစ်ကြိမ်လျှင် ၂ နာရီ (ကားစီးချိန် မပါဝင်) သတ်မှတ်ထားပြီး ညအိပ်ခွင့် မရှိပါ။

၃။ အပြင်သွားရန် လိုအပ်ဆဲဖြစ်ပါက ယခင်လုပ်ထုံးလုပ်နည်းများအတိုင်း ထပ်မံလျှောက်ထားနိုင်ပြီး အကြိမ်အရေအတွက်ကို ၁ ကြိမ်တည်းဟူ၍ ကန့်သတ်မထားပေ။

၄။ အထက်ဖော်ပြပါသူများအနေဖြင့် ပြည်တွင်း၌ဖြစ်စေ ပြည်ပ၌ဖြစ်စေ ကာကွယ်ဆေးထိုးနှံခြင်းကို ခွင့်ပြုထားသည်။ ကာကွယ်ဆေးအမျိုးအစားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရေးပေါ်လိုအပ်ချက်များ၌ သုံးစွဲသောကာကွယ်ဆေးအမျိုးအစားစာရင်း (WHO EUL) သို့မဟုတ် ထိုင်ဝမ်နိုင်ငံမှ အရေးပေါ်လိုအပ်ချက်များ၌ သုံးစွဲခွင့်ပြုထားသော သို့မဟုတ် ထုတ်လုပ်မှုစီမံကိန်း ဖြစ်ရမည်။ အများပြည်သူများ၏ ကာကွယ်ဆေးထိုးနှံခြင်းမှတ်တမ်း သို့မဟုတ် အထောက်အထားကို ကြည့်၍ဆုံးဖြတ်မည်။

ဆေးရုံများ သို့မဟုတ် ဈာပနနေရာများသည် လူစုလူဝေးရှိရာနေရာပြီး ကူးစက်ပျံ့ပွားနိုင်ခြေရှိသည်ဟု ထင်မြင်ရ၍ အပြင်သွားချိန် ကာကွယ်ဆေးအစီအမံများ ပိုမိုအားကောင်းစေရန်နှင့် အများပြည်သူများဘေးကင်းစေရန်အတွက် လျှောက်ထားသူများအနေဖြင့် ကပ်‌ရောဂါကာကွယ်ရေးပုံစံကို ဖြည့်သွင်းရာတွင် ပူးပေါင်းပါဝင်ကြရန် ညွှန်ကြားရေးစင်တာမှ သတိပေး တောင်းဆိုထားသည်။ လူနာသွားကြည့်သူများအနေဖြင့် အဆိုပါဆေးရုံ၏ သဘောတူညီချက်ကို ဦးစွာရယူပြီး ခွင့်ပြုမှသာလျှင် ဆွေမျိုးသားချင်းများနဲ့ တွေ့ဆုံနိုင်မည်ဖြစ်ပြီး နေအိမ်ကွာရန်တင်း/ကွာရန်တင်းလုပ်ဆောင်နေစဥ်အတွင်းရှိ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံရန်ဖြစ်စေ ၊ အသုဘကိစ္စအတွက် ဆောင်ရွက်ရန်ဖြစ်စေ အပြင်သွားနိုင်မည့်ကြိမ်ရေနှင့် အချိန်ကန့်သတ်ချက် စည်းမျဥ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ ထို့အပြင် 

အပြင်ထွက်သည့်အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်ကို အသုံးမပြုရပါ။ ခရီးစဥ်တစ်လျှောက် နှာခေါင်းစည်းများကို အချိန်ပြည့် တပ်ဆင်ထားရန်လိုအပ်ပြီး လုံခြုံသောလူမှုအကွာအဝေးကို ဆက်လက်ထိန်းသိမ်းရန်လိုအပ်သည့်အပြင် လက်သန့်ရှင်းရေးနှင့်ပတ်သက်သော စည်းမျဥ်းစည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရမည်။ အသေးစိတ်အချက်အလက်များကို ပိုမိုသိရှိလိုပါက ရောဂါထိန်းချုပ်ရေးဌာန၏ ကမ္ဘာလုံးဆိုင်ရာသတင်းအချက်အလက်ကွန်ရက်/ ပြင်းထန်သော အထူးကူးစက်အဆုတ်ရောင်ရောဂါ/ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုဌာနလက်အောက်ရှိ ရောဂါပိုးထိန်းချုပ်ရေးဌာန၏ သက်ဆိုင်ရာ လမ်းညွှန်ချက်များခေါင်းစဥ်အောက်ရှိ “အများပြည်သူများ မိမိအခကြေးငွေဖြင့် COVID-19 စစ်ဆေးမှုလျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ စည်းမျဥ်းများ” တွင် ဖတ်ရှုနိုင်သည်။

top