ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ကပ်ရောဂါသတိပေးချက်စံနှုန်း အဆင့် (၂) ကို နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ ဆက်လက်သတ်မှတ်ထားပြီး သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်ကာ အများပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးအစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ညွှန်ကြားရေးစင်တာမှ ထုတ်ဖော်ပြောကြားခဲ့သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/11/01
  • hit:213
ကပ်ရောဂါသတိပေးချက်စံနှုန်း အဆင့် (၂) ကို နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ ဆက်လက်သတ်မှတ်ထားပြီး သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်ကာ အများပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးအစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ညွှန်ကြားရေးစင်တာမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်တွင်းရှိ ကပ်ရောဂါအခြေအနေမှာ လက်ရှိတွင် ကျဆင်းသွားပြီး ထိန်းသိမ်းထားနိုင်သော အခြေအနေဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအကဲဖြတ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၂၈)ရက်နေ့ ၊ (၂၀၂၁)ခုနှစ် နိုဝင်ဘာလ ၂ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့ထိ ကပ်ရောဂါသတိပေးချက် အဆင့်ကို အဆင့်(၂)အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ထိန်းသိမ်းထားဆဲ သို့မဟုတ် ပြောင်းလဲလိုက်သော ကန့်သတ်စည်းမျဥ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ သတိပေးချက်အဆင့် (၂) အစီအမံများ

၁။ အပြင်သွားချိန်တိုင်း ခရီးတစ်လျှောက်လုံး၌ နှာခေါင်းစည်း တပ်ဆင်ရမည်။ သို့သော် (အောက်တွင်ဖော်ပြထားသော) အခြေအနေမျိုးဖြစ်ပါက နှာခေါင်းစည်းတပ်ဆင်ရန်မလိုပါ။

(၁) အခန်းအတွင်းနှင့် အခန်းအပြင်၌ အားကစားလုပ်ချိန်နှင့် သီချင်းဆိုချိန်။

(၂) အခန်းအတွင်းနှင့် အခန်းအပြင်၌ တစ်ဦးချင်းဖြစ်စေ/အဖွဲ့လိုက်ဖြစ်စေ ဓာတ်ပုံရိုက်ချိန်။

(၃) စိုက်ပျိုးရေး ၊ သစ်‌တော ၊ သားငါးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်သားများ ကျယ်ပြောသောမြေနေရာများ (ဥပမာ။ ။ လယ် ၊ ငါးမွေးမြူရေး ၊ သစ်တော ကဲ့သို့သော နေရာမျိုး) တွင် အလုပ်လုပ်ချိန်။

(၄) တောင်နှင့် သစ်တောများ (သစ်တောအပန်းဖြေနေရာများအပါအ၀င်)နှင့် ပင်လယ်ကမ်းစပ်များတွင် လှုပ်ရှားချိန်။

(၅) ရေပူ/ရေအေး၊ အိုဗင် (OVEN)၊ စပါး (SPA) ဝန်ဆောင်မှု၊ ဆော်နာ (SAUNA)၊ ရေပေါ်လှုပ်ရှားမှုအစရှိသော နှာခေါင်းစည်း စိုစွတ်ရန် လွယ်ကူသောနေရာများ။

အထက်ဖော်ပြပါ နေရာများ၌ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ပါ။ သို့သော် နှာခေါင်းစည်းကို ကိုယ်နှင့်မကွာ ဆောင်ယူထားရန်လိုအပ်ပြီး သင့်ကိုယ်၌ သက်ဆိုင်ရာ ရောဂါလက္ခဏာများ သို့မဟုတ် သတ်မှတ်ထားခြင်း မရှိသော လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ခပ်ကွာကွာ လုပ်ဆောင်နိုင်ခြင်းမရှိသော အခြေအနေမျိုးတွင် နှာခေါင်းစည်းကို တပ်ဆင်ထားရဦးမည်ဖြစ်သည်။

၂။ စီးပွားရေးလုပ်ငန်းခွင်နှင့် အများပြည်သူငှာနေရာများတွင် အမည်နှင့် မှတ်ပုံတင်ခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြှင့်တင်ခြင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးပိုင်းဆိုင်ရာကို စီမံခန့်ခွဲခြင်းနှင့် ရောဂါအတည်ပြုဖြစ်ရပ်များအတွက် ချက်ချင်းတုံ့ပြန်ခြင်းတို့ကို လိုက်နာဆောင်ရွက်မည်ဖြစ်သည်။

၃။ အောက်ပါ ကန့်သတ်ချက်များကို ဖယ်ရှားလိုက်သည်။

(၁) လှုပ်ရှားမှုများအတွက် အမြင့်ဆုံး ကန့်သတ်ဦးရေ။

(၂) စီးပွား‌ရေးလုပ်ငန်းခွင်နှင့် အများပြည်သူငှာနေရာများတွင် လူစုလူဝေးထိန်းချုပ်မှု/စုစုပေါင်းလူဦးရေထိန်းချုပ်မှု။

(၃) အနုပညာနှင့် ယဥ်ကျေးမှုဖျော်ဖြေပွဲများ/အားကစားလှုပ်ရှားမှုများ/အမျိုးသားပန်းခြံများ/အမျိုးသားသဘာဝရှုခင်းဥယျာဥ်များ/ခရီးသွားနှင့် အပန်းဖြေလုပ်ငန်းများအတွက် အခန်းပြင်ပ လူဦးရေအရေအတွက်လျှော့ချရေး စည်းမျဥ်းစည်းကမ်းများ။

၄။ ထိုင်ဝမ်မီးရထားတွဲများ/အမြန်ရထားတွဲများ၊ လမ်းခရီးပို့ဆောင်ရေး အဝေးပြေးကားများ၊ ခရီးသွားဘတ်စ်ကားများ၊ ပြည်တွင်းလေကြောင်းလိုင်း/သင်္ဘောလိုင်းများ၊ ရုပ်ရှင်ရုံများ၊ KTV၊ MTV၊ အင်တာနက်ဆိုင် အစရှိသောနေရာများ/ဧရိယာများတွင် နှာခေါင်းစည်းကို ခေတ္တ ချွတ်၍ အစာစားခြင်းကို ဖွင့်လှစ်လိုက်သည်။

ခ။ လက်ရှိ ဆက်လက်ပိတ်ပင်ထားဆဲနေရာများ (ဂီတရုံများ၊ အကရုံများ၊ နိုက်ကလပ်များ၊ ကလပ်များ၊ အရက်ဆိုင်များ၊ ဘားများ၊ ဟိုတယ်/သီးသန့်အရက်ခန်းများ၊  ဆံပင်အလှပြင်ဆိုင်များ)၌ ဝန်ဆောင်သူမရှိပါက ကပ်ရောဂါကာကွယ်ရေးစီမံခန့်ခွဲမှုများနှင့် ကိုက်ညီသောအခြေအနေမျိုးတွင် ဖွင့်လှစ်ခွင့်ရှိသည်။

ညွှန်ကြားရေးစင်တာမှ ကပ်ရောဂါအခြေအနေကို စောင့်ကြည့်ခြင်း၊ ထိန်းချုပ်မှုအစီအမံများကို အတန်အသင့် ဖြေလျှော့ပေးခြင်း၊ နယ်စပ်စောင့်ကြည့်ခြင်းနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို ပိုမိုအားကောင်းလာစေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အများပြည်သူများအား ကူးစက်ရောဂါကာကွယ်ခြင်းနှင့် လူနေမှုဘ၀အရည်အသွေးကို ထည့်သွင်းစဉ်းစားသောအားဖြင့် လိုက်နာရမည့် တစ်ကိုယ်ရေကာကွယ်ရေးအစီအမံများကို လုပ်ဆောင်ကြရန် ၊ ကပ်ရောဂါကာကွယ်တားဆီးရေးအစီအမံမျိုးစုံကို တက်ကြွစွာပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

top