ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ကပ်ရောဂါသတိပေးချက်စံနှုန်း အဆင့် (၂) ကို အောက်တိုဘာလ ၁၉ရက်နေ့မှ နိုဝင်ဘာလ ၁ရက်နေ့အထိ ဆက်လက်သတ်မှတ်ထားပြီး သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်ကာ အများပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးအစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ညွှန်ကြားရေးစင်တာမှ ထုတ်ဖော်ပြောကြားခဲ့သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/10/19
  • hit:193
ကပ်ရောဂါသတိပေးချက်စံနှုန်း အဆင့် (၂) ကို အောက်တိုဘာလ ၁၉ရက်နေ့မှ နိုဝင်ဘာလ ၁ရက်နေ့အထိ ဆက်လက်သတ်မှတ်ထားပြီး သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို ပြောင်းလဲသတ်မှတ်ကာ အများပြည်သူများအနေဖြင့်လည်း ကာကွယ်ရေးအစီအမံများကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ညွှန်ကြားရေးစင်တာမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ပြည်တွင်းရှိ ကပ်ရောဂါအခြေအနေမှာ လက်ရှိတွင် ကျဆင်းသွားပြီး ထိန်းသိမ်းထားနိုင်သော အခြေအနေဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးအကဲဖြတ်မှုများ လုပ်ဆောင်ပြီးနောက်တွင် ကပ်ရောဂါညွှန်ကြားရေးစင်တာသည် ယနေ့ (၁၇)ရက်နေ့ ၊ (၂၀၂၁)ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့မှ နိုဝင်ဘာလ ၁ရက်နေ့ထိ ကပ်ရောဂါသတိပေးချက် အဆင့်ကို အဆင့်(၂)အဖြစ် ဆက်လက်သတ်မှတ်ထားကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ သက်ဆိုင်ရာ ထိန်းသိမ်းထားဆဲ သို့မဟုတ် ပြောင်းလဲလိုက်သော ကန့်သတ်စည်းမျဥ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

က။ သတိပေးချက်အဆင့် (၂) အစီအမံများ

၁။ ထူးခြားအခြေအနေများမှလွဲ၍ အပြင်သွားချိန်တိုင်း ခရီးတစ်လျှောက်လုံး၌ နှာခေါင်းစည်း တပ်ဆင်ရမည်။

အခန်းအပြင်၌ အားကစားလုပ်ချိန် ၊ သို့မဟုတ် အခန်းအတွင်းနှင့် အခန်းအပြင်၌ တစ်ဦးချင်းဖြစ်စေ/အဖွဲ့လိုက်ဖြစ်စေ ဓာတ်ပုံရိုက်ချိန်မျိုးတွင် အကယ်၍ သင့်မှာ သက်ဆိုင်ရာ ရောဂါလက္ခဏာများ သို့မဟုတ် သတ်မှတ်ထားခြင်း မရှိသော လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ခပ်ကွာကွာ လုပ်ဆောင်နိုင်ခြင်းမျိုးရှိပါက နှာခေါင်းစည်းကို တပ်ဆင်ထားရန်မလိုပါ။

၂။ အမည်နှင့် မှတ်ပုံတင်ခြင်း၊ သတ်မှတ်လုံခြုံအကွာအဝေးတွင်သာ နေရမည်။

၃။ စီးပွားရေးနေရာများနှင့် အများပြည်သူဆိုင်ရာနေရာများတွင် လူစုလူဝေးထိန်းချုပ်မှု (သို့) စုစုပေါင်းလူဦးရေထိန်းသိမ်းချုပ် - မိုးလုံလေလုံနေရာတွင် အနည်းဆုံး ၁.၅ မီတာ/လူ (၂.၂၅ စတုရန်းမီတာ/လူ) ၊ လဟာပြင်နေရာတွင် အနည်းဆုံး ၁ မီတာ/လူ (၁ စတုရန်းမီတာ/လူ) ဖြစ်သည်။

၄။ လှုပ်ရှားမှုများ (အစည်းအဝေးများ ၊ ပြပွဲများ ၊ မင်္ဂလာဆောင်အခမ်းအနားများ ၊ ဧည့်ခံပွဲများ အပါအဝင်) အတွက် အမြင့်ဆုံး ကန့်သတ်ဦးရေ -

(၁) အတွင်းနေရာတွင် လူအယောက် ၈၀ ၊ သို့မဟုတ် အတွင်းနေရာတွင် လူအယောက် ၈၀ ထက် ကျော်လွန်သော်လည်း မိုးလုံလေလုံနေရာ၌ လက်သင့်ခံနိုင်သော လူဦးရေမှာ အနည်းဆုံး ၁.၅ မီတာ/လူ (၂.၂၅ စတုရန်းမီတာ/လူ) နှင့် ကိုက်ညီမှုရှိပါက ခွင့်ပြုထားသည်။

(၂) အပြင်နေရာတွင် လူအယောက် ၃၀၀

(၃) အထက်ပါအချက်အလက်များနှင့် ကိုက်ညီမှုမရှိပါက ကာကွယ်ရေးအစီအစဥ်များကို အစီရင်ခံတင်ပြရန်လိုအပ်မည် သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများ၏ သက်ဆိုင်ရာကာကွယ်ရေးအစီအမံများအတိုင်း ဆောင်ရွက်မည်ဖြစ်သည်။

ခ။ အပြင်သွားချိန်တိုင်း ခရီးတစ်လျှောက်လုံး၌ နှာခေါင်းစည်း တပ်ဆင်ရမည်။ သို့သော် အောက်ပါအခြေအနေများနှင့် ကိုက်ညီမှုရှိပါက နှာခေါင်းစည်းတပ်ဆင်ရန်မလိုပါ။

၁။ အခန်းအပြင်၌ အားကစားလုပ်ချိန် ၊

၂။ အခန်းအတွင်းနှင့် အခန်းအပြင်၌ တစ်ဦးချင်းဖြစ်စေ/အဖွဲ့လိုက်ဖြစ်စေ ဓာတ်ပုံရိုက်ချိန် ၊

၃။ စိုက်ပျိုးရေး ၊ သစ်‌တော ၊ သားငါးနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်သားများ ကျယ်ပြောသောမြေနေရာများ (ဥပမာ။ ။ လယ် ၊ ငါးမွေးမြူရေး ၊ သစ်တော ကဲ့သို့သော နေရာမျိုး) တွင် အလုပ်လုပ်ချိန် ၊

၄။ တောင်နှင့် သစ်တောများ (သစ်တောအပန်းဖြေနေရာများအပါအ၀င်)နှင့် ပင်လယ်ကမ်းစပ်များတွင် လှုပ်ရှားချိန် ။

အထက်ဖော်ပြပါ နေရာများ၌ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်ပါ။ သို့သော် နှာခေါင်းစည်းကို ကိုယ်နှင့်မကွာ ဆောင်ယူထားရန်လိုအပ်ပြီး သင့်ကိုယ်၌ သက်ဆိုင်ရာ ရောဂါလက္ခဏာများ သို့မဟုတ် သတ်မှတ်ထားခြင်း မရှိသော လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ခပ်ကွာကွာ လုပ်ဆောင်နိုင်ခြင်းမရှိသော အခြေအနေမျိုးတွင် နှာခေါင်းစည်းကို တပ်ဆင်ထားရဦးမည်ဖြစ်သည်။

၅။ အပြင်သွားချိန်၌ အစားအစာ စားသောက်ရန် လိုအပ်လျှင် သတ်မှတ်ထားခြင်း မရှိသော လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ခပ်ကွာကွာ လုပ်ဆောင်နိုင်ခြင်းမျိုးရှိပါက နှာခေါင်းစည်းကို တပ်ဆင်ထားရန်မလိုပါ။

၆။ ညွှန်ကြားရေးစင်တာ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများသတ်မှတ်ထားသော နေရာများ (ဥပမာ။ ။ ထိုင်ဝမ်မီးရထား ၊ အမြန်ရထားပေါ်ရှိ အစားစားသောက်နိုင်သော ဧရိယာ) သို့မဟုတ် လှုပ်ရှားမှုများသည် သက်ဆိုင်ရာ ကာကွယ်ရေးအစီအမံများနှင့် ကိုက်ညီမှုရှိပါက နှာခေါင်းစည်းကို ခေတ္တချွတ်နိုင်မည်ဖြစ်သည်။

ဂ။ ဆက်လက်ပိတ်ပင်ထားဆဲနေရာများ - ဂီတရုံများ၊ အကရုံများ၊ နိုက်ကလပ်များ၊ ကလပ်များ၊ အရက်ဆိုင်များ၊ ဘားများ၊ ဟိုတယ် (သီးသန့်အရက်ခန်းများ)၊  ဆံပင်အလှပြင်ဆိုင်များ (အလည်အပတ်ဆံပင်အလှပြင်ဆိုင်များ၊ ရုပ်သံဆံပင်အလှပြင်ဆိုင်များ) ။

ညွှန်ကြားရေးစင်တာမှ ကပ်ရောဂါအခြေအနေကို စောင့်ကြည့်ခြင်း၊ ထိန်းချုပ်မှုအစီအမံများကို အတန်အသင့် ဖြေလျှော့ပေးခြင်း၊ နယ်စပ်စောင့်ကြည့်ခြင်းနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကို ပိုမိုအားကောင်းလာစေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အများပြည်သူများအား ကူးစက်ရောဂါကာကွယ်ခြင်းနှင့် လူနေမှုဘ၀အရည်အသွေးကို ထည့်သွင်းစဉ်းစားသောအားဖြင့် လိုက်နာရမည့် တစ်ကိုယ်ရေကာကွယ်ရေးအစီအမံများကို လုပ်ဆောင်ကြရန် ၊ ကပ်ရောဂါကာကွယ်တားဆီးရေးအစီအမံမျိုးစုံကို တက်ကြွစွာပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

top