按 Enter 到主內容區
:::

回培力新住民資訊網首頁

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

လူအများရွေ့လျားလှုပ်ရှားမှု အန္တရာယ်မှ လျှော့ချနိုင်ရန် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုဒေသများမှ လူမျိုးများနှင့် တိုင်းပြည်မဲ့ လူမျိုးများအား ရက်ပေါင်း ၃၀ နေထိုင်ခွင့်ကို ထပ်မံသက်တမ်းတိုးပေးခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:Taiwan
  • 發布日期:
  • 單位:內政部移民署
  • 更新日期:2021/10/18
  • 點閱次數:309

၂၀၂၀ခုနှစ် မတ်လ ၂၁ရက် (အပါအဝင်) မတိုင်မီ ပြည်တွင်းသို့ဝင်ရောက်လာပြီး ထိုင်ဝမ်နိုင်ငံ၌ တရားဝင်နေထိုင်ကာ နေထိုင်ခွင့်သက်တမ်းကျော်လွန်ခြင်းမရှိသော တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုဒေသများမှ လူမျိုးများနှင့် တိုင်းပြည်မဲ့ လူမျိုးများအား သီးသန့်ထပ်မံလျှောက်ထားရန်မလိုဘဲ ၁၇ ကြိမ်မြောက် ရက်ပေါင်း ၃၀ နေထိုင်ခွင့်ကို သက်တမ်းတိုးပေးလိုက်သည်။ အဆိုပါ သက်တမ်းတိုးပေးခြင်းသည် လူပုဂ္ဂိုလ်ပေါ်မူတည်လျက်ရှိပြီး ထိုင်ဝမ်နိုင်ငံရှိ ဥပဒေများ (စည်းမျဥ်းများ) ကို ဖောက်ဖျက်ကျူးလွန်ထားခြင်း သို့မဟုတ် (ပုံမှန်မဟုတ်သော) အခြေအနေများကို ချိုးဖောက်ထားခြင်းများကြောင့်  နိုင်ငံ (ပိုင်နက်) မှ ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားခြင်းခံရသူများအား သက်တမ်းအလိုအလျောက် တိုးမြှင့်ပေးမည်မဟုတ်ပါ။ အသေးစိတ်အချက်အလက်အတွက် ဝန်ဆောင်မှုဌာနများ သို့မဟုတ် “ထိုင်ဝမ်ပြည်တွင်း၌ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအတွက် ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှုအထူးတယ်လီဖုန်းလိုင်း (၀၈၀၀-၀၂၄၁၁၁)” ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရှင်းလင်းဖော်ပြချက် -

လူတစ်ဦး၏ (ဥပမာ။ ။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုဒေသများမှ လူမျိုးများ သို့မဟုတ် ထိုင်ဝမ်ပြည်တွင်းရှိ တိုင်းပြည်မဲ့ လူမျိုးများ) မူလ ထိုင်ဝမ်နိုင်ငံတွင် တရားဝင်နေထိုင်ရပ်နားနိုင်ခွင့်ရှိသော နောက်ဆုံးနေ့မှာ ၂၀၂၀ခုနှစ် မတ်လ ၂၁ရက် ဖြစ်ပြီး အလိုအလျောက်စနစ်ဖြင့် ၁၈ ကြိမ်မြောက် သက်တမ်းတိုးမြှင့်ပေးမှုကြောင့် (တစ်ကြိမ်သက်တမ်းတိုးလျှင် ရက်ပေါင်း ၃၀ ရက် ၊ စုစုပေါင်း သက်တမ်းတိုးမြှင့်ပေးပြီးသော ရက်ပေါင်းမှာ ၅၄၀ ရက်) ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၂ရက် ထိ နောက်ဆုံး တရားဝင်နေထိုင်ရပ်နားနိုင်ခွင့်ရှိသည်။ “၂၀၂၀ခုနှစ် မတ်လ ၂၁ရက် (အပါအဝင်) မတိုင်မီ ပြည်တွင်းသို့ ဝင်ရောက်လာသူများသည် ထိုင်ဝမ်နိုင်ငံတွင် တရားဝင်နေထိုင်ရပ်နားခွင့်ရှိသေးသည်” ဆိုသည့် အခြေအနေကြောင့် ကျွန်ုပ်တို့ဝန်ကြီးဌာန၏ ၁၉ ကြိမ်မြှောက် ရက်ပေါင်း ၃၀ အလိုအလျောက်သက်တမ်းတိုးပေးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ၁၉ ကြိမ်မြှောက် ရက်ပေါင်း ၃၀ အလိုအလျောက် သက်တမ်းတိုးပြီးနောက် တရားဝင်နေထိုင်ရပ်နားနိုင်ခွင့်ရှိသော နောက်ဆုံးနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၂ရက်မှ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၂ရက်ထိ ပြောင်းလဲသတ်မှတ်လိုက်သည်။

top