ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

COVID-19 ပြည်တွင်းကူးစက်မှု ၇ မှုတိုး၍ ၁ မှုမှာ ၁၁၈၇ ဖြစ်စဉ်၏ထိတွေ့သူဖြစ်ပြီး ကျန် ၆ မှု၏ကူးစက်ရာရင်းမြစ်ကို အတည်ပြုဆဲ ဖြစ်သည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/05/17
  • hit:215

ဗဟိုကပ်ရောဂါကာကွယ်ရေးဌာနက ယနေ့ (၁၁) ရက်နေ့တွင် COVID-19 ပြည်တွင်းကူးစက်မှု ၇ မှုတိုးများခဲ့ကြောင်း ကြေညာခဲ့၍ ၁ မှု(ဖြစ်စဉ် ၁၂၀၁) မှာ ဖြစ်စဉ် ၁၁၈၇ ၏ထိတွေ့သူဖြစ်ပြီး ကျန် ၆ မှု(ဖြစ်စဉ် ၁၂၀၂၊ ဖြစ်စဉ် ၁၂၀၃၊ ဖြစ်စဉ် ၁၂၀၈ မှ ဖြစ်စဉ် ၁၂၁၁ ထိ)၏ ကူးစက်ရာရင်း

မြစ်ကို အတည်ပြုဆဲဖြစ်ကြောင်း ကြေညာခဲ့သည်။ အတည်ပြုဆဲ ၆ မှုအနက် ၁ မှုမှာ အပန်း

ဖြေနေရာ ၏ အုပ်စုလိုက်ကိစ္စဖြစ်သည်။


ကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၀၁ သည် အသက် ၄၀ ကျော်ထိုင်ဝမ်နိုင်ငံသူဖြစ်ပြီး ဖြစ်စဉ်

 ၁၁၈၇ ၏အတူနေထိုင်သူဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လတ်တလောတွင် နိုင်ငံခြားထွက်ဖူး

သည့်မှတ်တမ်းမရှိသည့်အပြင် သံသယလက္ခဏာလည်း မပြပါ။ ဖြစ်စဉ် ၁၁၈၇ စစ်ဆေးအ

တည်ပြုပြီး မေလ ၉ ရက်နေ့တွင် ကျန်းမာရေးဌာနမှ စစ်ဆေးမှုယူ၍ အိမ်တွင်သီးခြားခွဲနေထိုင်

စေပြီး ယနေ့တွင် (Ct တန်ဖိုး ၂၂) ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် ၎င်း

နှင့်ထိတွေ့သူမှာ ၃ ဦးရှိပြီး ထိုသူများသည် အစကပင် ဖြစ်စဉ် ၁၁၈၇ ၏ထိတွေ့သူများအဖြစ် သတ်မှတ်ပြီးဖြစ်၍ ထပ်မံမသတ်မှတ်တော့ပါ။


ကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၀၂ သည် အသက် ၃၀ ကျော်ထိုင်ဝမ်နိုင်ငံသူဖြစ်ပြီး ရီလန်ခ

ရိုင်လော်တုံးမြို့ကျုံးကျင့်မြောက်လမ်းရှိ “Galaxy Baccarat” ဂိမ်းကစားဆိုင်တွင် အလုပ်လုပ်သူ

ဖြစ်သည်။ ဖြစ်စဉ်သည် မေလ ၉ ရက်နေ့တွင် ချမ်းခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းလက္ခဏာများ ပေါ်လာ၍ ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ပြီး ယနေ့တွင် (Ct တန်ဖိုး ၂၀) ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့သည်။ ဖြစ်စဉ်အလုပ်လုပ်ရာသည် အလုံပိတ်၊ လူထူထပ်ရာဖြစ်သည့်အပြင် ထိတွေ့ချိန်ကြာရှည်၍ ပျံ့နှံ့ကူးစက်မှုမြင့်မားသည့်အတွက် ကျန်းမာ

ရေးဌာနက သတင်းရရခြင်း ၎င်းနှင့်အတူနေထိုင်သောမိသားစုဝင်များ၊ အလုပ်ဖော်နှင့်ဖောက်

သည်အစရှိသော ၃၅ ဦးတို့ကို အိမ်တွင်သီးသန့်ခွဲနေ၍ ဆက်လက်စစ်ဆေးမှတ်တမ်းယူသွား

မည်။ လက်ရှိထိ nucleic acid စစ်ဆေးစမ်းသပ်မှုအရ ရောဂါပိုးတွေ့ရှိသူ ၄ ဦး(ဖြစ်စဉ် ၁၂၀၈ မှ ဖြစ်စဉ် ၁၂၁၁ ထိ)ရှိပြီး ၁၇ ဦးတွင် ရောဂါပိုးမတွေ့ရှိ၊ ၁၀ ဦးကစစ်ဆေးဆဲ ဖြစ်သည်။ ကျန်းမာ

ရေးဌာနက လတ်တလောတွင် ထိုဂိမ်းဆိုင်သို့ဝင်ထွက်သောသူများကို ဆက်လက်မှတ်တမ်းယူ

စစ်ဆေးသွားမည်။


ကာကွယ်ရေးဌာနက ဖြစ်စဉ် ၁၂၀၈၊ ဖြစ်စဉ် ၁၂၀၉ နှင့် ဖြစ်စဉ် ၁၂၁၁ တို့သည် ဖြစ်စဉ် ၁၂၀၂

၏အလုပ်ဖော်များဖြစ်ကြပြီး(ဖြစ်စဉ် ၁၂၀၈ ၏ Ct တန်ဖိုးမှာ ၁၁၊ ဖြစ်စဉ် ၁၂၀၉ ၏ Ct တန်ဖိုးမှာ

၂၀၊ ဖြစ်စဉ် ၁၂၁၁ ၏ Ct တန်ဖိုးမှာ ၂၅) အမျိုးသမီးများ ဖြစ်ကြသည်။ အရွယ်အားဖြင့် ၁၀ နှစ်

ကျော်မှ ၄၀ ကျော်အတွင်းဖြစ်ပြီး ၎င်းတို့အနက် ၂ ဦးမှာ လက္ခဏာမပြဘဲ ဖြစ်စဉ် ၁၂၁၁ က မေလ ၈ ရက်နေ့တွင်နေမကောင်းဖြစ်ခဲ့သည်။ ဖြစ်စဉ် ၁၂၁၀ မှာ ဂိမ်းဆိုင်၏ဖောက်သည်ဖြစ်ပြီး

(Ct တန်ဖိုး ၁၂) အသက် ၃၀ ကျော်အမျိုးသားဖြစ်သည်။ မေလ ၉ ရက်နေ့တွင် ချောင်းဆိုး၊ ဝမ်းလျှောခြင်းများ ဖြစ်ခဲ့သည်။


ကာကွယ်ရေးဌာနက အဆိုပါဂိမ်းကစားဆိုင်၏ဖြစ်စဉ် ၅ ဦးစလုံးသည် နိုင်ငံခြားမထွက်ထားပါ။ ၎င်းတို့၏သွားလာမှုသမိုင်းနှင့်ထိတွေ့သူများကို ဆက်လက်စစ်ဆေး၍ ကူးစက်ရာရင်းမြစ်ကို ရှာဖွေမည်။ ဤလူစုလူဝေးကူးစက်မှုကြောင့် ထိုဂိမ်းကစားဆိုင်ကို ယနေ့မှစ၍ ပိတ်ပြီး ဝန်ထမ်း

အားလုံးကို အိမ်တွင်ခွဲနေခိုင်းပြီး ရောဂါရှိမရှိ စစ်ဆေးမှတ်တမ်းယူသွားမည်။ ကျန်းမာရေးဌာနမှ 

ယနေ့တွင် ပတ်ဝန်းကျင်ပိုးသတ်မှုများ လုပ်ဆောင်၍ တစ်တိုက်ထဲရှိ အခြားလုပ်ငန်းခွင်နှင့်အ

လုပ်ရှင်များအား ဝန်ထမ်းအချက်အလက်စာရင်းပြုလုပ်ထားရမည့်အပြင် ကျန်းမာရေးအခြေအ

နေကိုလည်း စောင့်ကြည့်ရမည်ဟု မှာကြားသည်။ COVID-19 လက္ခဏာများပေါ်ပါက ကျန်းမာ

ရေးဌာနသို့ မဖြစ်မနေအကြောင်းကြား၍ ညွှန်ကြားမှုအတိုင်း ဆေးသွားပြပါ။ မိမိဘာသာ ဆေး

သွားပြ၍ မရပါ။


ဖြစ်စဉ် ၁၂၀၃ သည် အသက် ၆၀ ကျော်ထိုင်ဝမ်နိုင်ငံသားဖြစ်ပြီး လတ်တလောတွင် နိုင်ငံခြား

ထွက်ထားသည့်သမိုင်း မရှိဟု ကာကွယ်ရေးဌာနက ပြောဆိုခဲ့သည်။ မေလ ၇ ရက်နေ့တွင် ပင်

ပမ်းနွမ်းနယ်ခြင်း၊ ချောင်းဆိုးခြင်း၊ အချမ်းကြောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မေလ ၉ ရက်နေ့တွင် ကိုယ်ပူတက်၍ ဆေးရုံတွင် သွားရောက်စစ်ဆေးမှတ်တမ်းယူခဲ့သည်။ ယနေ့တွင်(Ct တန်ဖိုး ၁၈)ဖြင့် ရောဂါရှိကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ရာရင်းဖြစ်ကို အတည်ပြုဆဲဖြစ်သည်။ ပထမ

ဦးဆုံးအနေဖြင့် သိထားသော ဖြစ်စဉ်နှင့်ထိတွေ့သူ ၁၁၅ ဦးကို အိမ်တွင်ခွဲနေခိုင်းထားပြီး ကျန်

ထိတွေ့သူများရှိမရှိ ဆက်လက်စစ်ဆေးဆဲ ဖြစ်သည်။


ယနေ့ထပ်တိုးသည့််ဖြစ်စဉ်သည် ရောဂါကူးစက်နိုင်သည့်ကာလအတွင်း လူများရာသို့သွားဖူး

သည့်သမိုင်း(ပူးတွဲပါဖိုင်အတိုင်း)ရှိကြောင်း ကာကွယ်ရေးဌာနက သတိပေးသည်။ သို့ဖြစ်၍

ဖိုင်ဖော်ပြပါအချိန်နှင့်နေရာသို့ သွားဖူးသူများ မိမိဘာသာ ၁၄ ရက် ကျန်းမာရေးစောင့်ထိန်း၍ သက်ဆိုင်ရာသံသယလက္ခဏာများပြသည်နှင့် နှာခေါင်းစည်းတပ်၍ ဆေးအမြန်ဆုံးပြပါ။ ဆရာ

ဝန်ကို မိမိ၏လှုပ်ရှားမှုသမိုင်းကို ပြောပြပါ။


ကာကွယ်ရေးဌာန၏စာရင်းအရ လက်ရှိချိန်ထိ ပြည်တွင်း၌ ကိုရိုနာအဆုတ်ရောင်ရောဂါဆိုင်ရာ

အကြောင်းကြားမှု ၂၁၇၀၄၅ မှု(ပယ်ထားသော၂၁၄၅၀၇ မှုအပါအဝင်)ရှိ၍ ၎င်းတို့အနက်၁၂၁၀ 

ဦးတွင် ရောဂါတွေ့ရှိသည်။ ပြည်ပမှု ၁၀၅၂ မှု၊ ပြည်တွင်း ၁၀၆ မှု၊ သွင်မှုရေယာဉ်စုကူးစက်မှု ၃၆ မှု၊ လေကြောင်းပစ္စည်းကူးစက်မှု ၂ မှု၊ ကူးစက်ရာမသေချာ ၁ မှုနှင့် စစ်ဆေးဆဲ ၁၃ မှုတို့ဖြစ်

သည်။ နောက်တစ်မှု(ဖြစ်စဉ် ၅၃၀) ကိုဗလာနံပါတ်အဖြစ် သတ်မှတ်လိုက်သည်။ ရောဂါတွေ့ရှိ

သူများအနက် ၁၂ ဦးသေဆုံး၍ ၁၀၉၃ ဦးမှာ သီးသန့်ခွဲနေခြင်းမှ ပယ်ဖျက်ပြီး ကျန် ၁၀၅ ဦးမှာ ဆေးရုံတွင် ဆက်လက်သီးသန့်ခွဲနေဆဲ ဖြစ်သည်။

top