ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ အထူးကဏ္ဍ
:::

ရပ်ရွာအသိုင်းအဝိုင်းအကြား အချင်းချင်းကူးစက်နိုင်မှုအရှိန်အဟုန်မြင့်တက်လာမှုအ ပေါ် ကာကွယ်ရေးဌာနက ယနေ့မှစ၍ ဇွန်လ ၈ ရက်နေ့ထိ ကပ်ရောဂါကာကွယ်မှုကို ဒုတိယအဆင့်ထိ မြင့်တင်ခဲ့ပြီး သက်ဆိုင်ရာကန့်သတ်လုပ်ဆောင်ချက်များကို ထိ ရောက်စွာ လုပ်ဆောင်ပြီး ရပ်ရွာအသိုင်းအဝိုင်းအကြားကူးစက်မှုစည်းကို စောင့်ထိန်း သွားမည်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/05/14
  • hit:240

ပြည်တွင်း၌ ကူးစက်ရာမသေချာသောကူးစက်မှုဖြစ်ပွားမှုကြောင့် ရပ်ရွာအသိုင်းအဝိုင်းကြား ရောဂါကူးစက်မှု မြင့်မားလာနိုင်ပြီး ဆက်လက်မပျံ့နှံ့စေရန် ဗဟိုကပ်ရောဂါကာကွယ်ရေး ဌာနက ယနေ့ (၁၁) ရက်နေ့တွင် ယနေ့မှစ၍ ဇွန်လ ၈ ရက်နေ့ထိ ၄ ပတ်ကြာကာလအတွင်း 

“ကူးစက်ရာမသေချာသောပြည်တွင်းကူးစက်မှုဖြစ်ပွား” ကြောင့် ကပ်ရောဂါကာကွယ်မှုအဆင့် ကို ဒုတိယအဆင့်ထိ မြင့်တင်လို်က်ကြောင်း ပြောဆိုခဲ့သည်။ လူတစ်ဦးချင်းစီအပြင်ထွက်ရေး၊ လူစုဝေးမှု၊ စီးပွားရေးနယ်ပယ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးတို့၏ ကန့်သတ်လုပ်ဆောင် မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။


၁။ လူများရာနေရာများသွားခြင်း ရှောင်ကျဉ်၍ ကူးစက်နိုင်ခြေများသောနေရာများသွားပါက နှာ ခေါင်းစည်းကို အစအဆုံးတပ်ဆင်ထားပါ။ မလိုက်နာပါက သတိပေး၍ သတိပေးမှုကို လစ် လျူရှုပါက ပြင်းထန်သောဒဏ်ငွေရိုက်ခံရမည်။


၂။ အစုအဝေးအားလုံးတွင် အများပြည်သူများ လူအချင်းချင်း အကွာအဝေးရှိကြရန် သို့မဟုတ် အစအဆုံးနှာခေါင်းစည်းတပ်ဆင်ရန်/ကြားကာများ ပြုလုပ်ရန် လိုအပ်သည့်အပြင် “ဆက် သွယ်၍ရသောစနစ်” ၊ ကိုယ်ပူတိုင်းခြင်း၊ ပိုးသတ်ခြင်း၊ လူဝင်ထွက်ဦးရေထိန်းချုပ်ခြင်း၊ လူဦး ရေကန့်သတ်ခြင်း၊ အဝင်အထွက်လမ်းကြောများ စီမံခန့်ခွဲခြင်း အစရှိသည်တို့ကို ထိရောက် စွာ လိုက်နာဆောင်ရွက်ရမည်။ မဟုတ်ပါက ပွဲစဉ်ကို နောက်မှပြုလုပ်ရန် နောက်ဆုတ်ထား

ရမည်။


၃။ ပြင်ပတွင် လူဦးရေ ၅၀၀ အထက်၊ အိမ်တွင်းတွင် လူဦးရေ ၁၀၀ အထက်အစုအဝေးအားလုံး သည် နေရာပျောက်ကြားထိုင်ခြင်း၊ ဆက်သွယ်၍ရသောစနစ်၊ အစအဆုံးနှာခေါင်းစည်းတပ် ခြင်း၊ စားသောက်မှုကန့်သတ်ခြင်းတို့ကို လိုက်နာနိုင်ပါက ကပ်ရောဂါကာကွယ်မှုစီမံကိန်းကို သက်ဆိုင်ရာဌာနသို့ တင်ပြ၍ ခွင့်ပြုချက်ရမှ ပြုလုပ်ရမည်။


၄။ စီးပွားရေးလုပ်ရာနှင့် အများပိုင်နေရာများတွင် အများပြည်သူများ လူအချင်းချင်း သင့်တင့် သောအကွာအဝေး ရှိကြရန် သို့မဟုတ်အစအဆုံးနှာခေါင်းစည်းတပ်ဆင်ရန်/ကြားကာများ ပြုလုပ်ရန် လိုအပ်သည့်အပြင် “ဆက်သွယ်၍ရသောစနစ်” ပြုလုပ်ခြင်း၊ ကိုယ်ပူတိုင်းခြင်း၊ လက်ပိုးသတ်ခြင်း၊ ပတ်ဝန်းကျင်ပိုးသတ်ခြင်း၊ လူဝင်ထွက်ဦးရေထိန်းချုပ်ခြင်း၊ လူဦးရေကန့် သတ်ခြင်း၊ အဝင်အထွက်လမ်းကြောများ စီမံခန့်ခွဲခြင်း အစရှိသည်တို့ကို ထိရောက်စွာ လိုက်နာဆောင်ရွက်ရမည်။ မလိုက်နာနိုင်သောနေရာများက ခေတ္တပိတ်ရမည်။ လိုအပ်ပါက အပန်းဖြေစီးပွားဖြစ်နေရာများနှင့်အများပိုင်နေရာများကို ပိတ်ရန် တင်းကြပ်စွာ ပြုလုပ်မည်။


၅။ စားသောက်ဆိုင်များက “စားသုံးသူကိုဆက်သွယ်နိုင်သောစနစ်” ကိုသုံးခြင်း၊ ပတ်ဝန်းကျင် ကို မကြာခဏသန့်ရှင်းခြင်း/ပိုးသတ်ခြင်း တို့ကိုထိရောက်စွာ ပြုလုပ်၍ စားသုံးသူများ ကိုယ် ပူတိုင်းခြင်း၊ လက်ပိုးသတ်ဆေးရည်ဖျန်းပေးခြင်း၊ အများသုံးနှင့်ကိုယ်ပိုင်သုံးတူများခွဲထားခြင်း အစရှိသော တစ်ကိုယ်ရေကျန်းမာရေးကာကွယ်စောင့်ထိ်န်းမှုများကို ပြုလုပ်ရမည်။ သူစိမ်းနှင့်  တစ်စားပွဲတွင် အတူစားရပါက သင့်တင့်သောအကွာအဝေးရှိခြင်း/ကြားကာများ ရှိရမည်။ မ လိုက်နာနိုင်သောစားသောက်ဆိုင်များတွင် အပြင်သို့ဝယ်ယူစားသုံးကြရန် အကြံပြုသည်။


၆။ မီးရထားနှစ်မျိုး(ထိုင်ဝမ်မီးရထား၊ မြန်နှုန်းမြင့်မီးရထား)၊ လူကုန်တင်ကားအစရှိသော သယ် ယူပို့ဆောင်ရေးများတွင် စားသောက်ခြင်းကန့်သတ်၍ မေလ ၁၅ ရက်နေ့မှစ၍ မြို့တွင်းမီးရ ထားနှစ်မျိုးစလုံးတွင် လူရပ်လက်မှတ်များ မရောင်းရ။


အထက်ပါလုပ်ဆောင်ချက်များကို သက်ဆိုင်ရာလုပ်ငန်းဌာနများနှင့် ခရိုင်အစိုးရအသီးသီးတို့မှ လိုက်နာကြရန်တိုက်တွန်း၍ စစ်ဆေးမှုများ ပြုလုပ်ရပြီး ပြည်သူများလည်း အတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာအသိုင်းအဝိုင်းကြား ကူးစက်မှုစည်းကို စောင့်ထိန်းကြရန် ကာကွယ် ရေးဌာနက သတိပေးနိုးဆော်သည်။

top