ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

ရှင်းပေမြို့ ပန်ချောင်အိမ်ထောင်စုစာရင်းမှတ်ပုံတင်ရုံး “၂၀၂၁ ခုနှစ် နိုင်ငံသားသစ်များ လူနေမှုဘဝ၌ နေသားကျရေး လမ်းညွှန်သင်တန်း”

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/06/22
  • hit:42

ရှင်းပေမြို့ ပန်ချောင်အိမ်ထောင်စုစာရင်းမှတ်ပုံတင်ရုံး “၂၀၂၁ ခုနှစ် နိုင်ငံသား သစ်များ လူနေမှုဘဝ၌ နေသားကျရေး လမ်းညွှန်သင်တန်း” အခမဲ့ သင်ခန်း စာအတွက် အမည်စာရင်း စတင်ပေးသွင်းနိုင်ပါပြီ။


အကြောင်းအရာ များမှာ နေထိုင်ရေးနှင့် အတည်တကျနေထိုင်ရေး၊ ထိုင်ဝမ်၏ ဓလေ့ထုံး တမ်းများနှင့် ဆောင်ရန်ရှောင်ရန်များ သိရှိရေး၊ တစ်ကိုယ်ရည် လုံခြုံရေး၊ ဘာသာစကားသင်ယူရေး၊ လူမှုဖူလုံရေးအရင်းအမြစ်၊ မိဘ နှင့် သားသမီးများ ပညာရေးအစီအစဉ် စသည့်သင်ခန်းစာများ ပါဝင်ပါသည်။

၁။ အမည်စာရင်းပေးသွင်းနိုင်သူများ - ဤမြို့မှ မြို့သူမြို့သားနှင့် လက်ထပ် ထိမ်းမြားကြောင်း စာရင်းသွင်းထားပြီး ပြည်ဝင်၍ ရပ်နားနေထိုင်သော၊ နေထိုင် သော သို့မဟုတ် အတည်တကျနေထိုင်သော နိုင်ငံသားသစ် (ပြည်ဝင်ချိန် ၁ နှစ်မှ ၃ နှစ်အထိရှိသူကို ဦးစားပေးမည်) ဖြစ်ရမည်။

၂။ အမည်စာရင်းပေးသွင်းရမည့်အချိန် - ယနေ့မှစ၍ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက် (တနင်္လာနေ့) အထိ။

၃။ သင်ခန်းစာပို့ချမည့်အချိန် - ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ (တနင်္လာနေ့) မှ ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ (သောကြာနေ့) အထိ။

၄။ သင်ခန်းစာပို့ချမည့်နေရာ - ရှင်းပေမြို့ ပန်ချောင်အိမ်ထောင်စု စာရင်း မှတ်ပုံတင်ရုံး (အမှတ် ၆ ၊ ဒုတိယထပ်၊ ကျုံးကျန့်လမ်း၊ ပန်ချောင်ရပ်ကွက်၊ ရှင်းပေမြို့)။ 


*ဤသင်ခန်းစာချိန် နာရီအရေအတွက်ကို နိုင်ငံသားခံယူမှု အတန်းတက်ချိန် အရေအတွက်သို့ ထည့်သွင်းမည်။


top