ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

မတ်လ ၁ ရက်နေ့မှစ၍ ကူးစက်အန္တရာယ်နည်းပါးသည့်/ကူးစက်အန္တရာယ် အလယ်အ လတ်နည်းပါးသည့် နိုင်ငံ/ဒေသမှ ပြည်ဝင်ခွင့်ရှိသည့် ထိုင်ဝမ်သို့ လာရောက်၍ ကာလတို စီးပွားရေးဆောင်ရွက်သူများ အိမ်၌အသွားအလာကန့်သတ်မှု ခံယူသည့် ကာလ လျှော့ချရန် လျှောက်ထားခြင်း ပြန်လည်ဆောင်ရွက်နိုင်မည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/03/15
  • hit:270

မတ်လ ၁ ရက်နေ့မှစ၍ ကူးစက်အန္တရာယ်နည်းပါးသည့်/ကူးစက်အန္တရာယ်အလယ်အလတ် နည်းပါးသည့် နိုင်ငံ/ဒေသမှ ပြည်ဝင်ခွင့်ရှိသည့် ထိုင်ဝမ်သို့လာရောက်၍ ကာလတို စီးပွားရေး ဆောင်ရွက်သူများ အိမ်၌အသွားအလာကန့်သတ်မှု ခံယူသည့်ကာလ လျှော့ချရန် လျှောက်ထား ခြင်း ပြန်လည်ဆောင်ရွက်နိုင်ကြောင်း၊ သို့သော် လျှောက်ထားသူများသည် “ကာလတို စီးပွားရေးရာပုဂ္ဂိုလ်များ ပြည်ဝင်စဉ် အိမ်၌အသွားအလာကန့်သတ်သည့်ရက် လျှော့ချရန် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစံနှုန်း” ပါ သတ်မှတ်ချက်အသီးသီးနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ ၎င်းတို့မှာ (၁) ထိန်းချုပ်ရေးစင်တာမှ ကြေညာသည့် ပြည်ဝင်ခွင့်ရှိသူများ၊ (၂) ထိုင်ဝမ်သို့ လာရောက်နေထိုင်ရန် လျှောက်ထားသည့်ကာလ ၃ လအောက်ဖြစ်ခြင်း၊ (၃) ထိုင်ဝမ်သို့လာရောက်၍ စီးပွားရေးဆောင်ရွက်သူဖြစ်ပြီး ထိုင်ဝမ်ရှိ တရားဝင် မှတ်ပုံတင်ထား သည့်ကုမ္ပဏီထံ ထိုင်ဝမ်သို့လာရောက်ခြင်းဆိုင်ရာ သက်သေခံစာရွက်စာတမ်းများ တင် ပြနိုင်သည့် စီးပွားရေးရာပုဂ္ဂိုလ်များ၊ (၄) ခရီးစဉ် စတင်ထွက်ခွာလာသည့်နိုင်ငံသည် ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာမှ ထုတ်ပြန်ထားသည့် ကူးစက်အန္တရာယ်နည်းပါးသည့် သို့မဟုတ် ကူးစက်အန္တရာယ်အလယ်အလတ် နည်းပါးသည့် နိုင်ငံ/ဒေသ ဖြစ်ပြီး လေယာဉ်မစီးနင်းမီ ၁၄ ရက်အတွင်း အခြားနိုင်ငံ/ဒေသ ခရီးသွားရာဇဝင် မရှိသူ တို့ဖြစ်ကြောင်း၊ အထက်ပါအချက်လေးချက်နှင့် ကိုက်ညီသည့် စီးပွားရေးရာပုဂ္ဂိုလ်များသည်  လျှောက်ထား ချိန်၌ ဖိတ်ခေါ်ခံရသည့် လုပ်ငန်းရှင်မှ ထောက်ပံ့ပေးသည့် ထိုင်ဝမ်သို့လာရောက် စီးပွးရေး ရာချိန်းဆိုမှုများဆိုင်ရာ သက်သေခံစာရွက်စာတမ်းများ၊ ထိုင်ဝမ်၌ ဆောင်ရွက်မည့် ခရီးစဉ်အချိန်ဇယား နှင့် ကပ်ရောဂါကာကွယ်ရေး အစီအစဉ်များ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ လေယာဉ်မစီးနင်းမီ ၃ ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ မရှိကြောင်း ပါသည့် နျူကလစ်အက်ဆစ် စစ်ဆေးမှု အစီရင်ခံစာလည်း ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာ (Central Epidemic Command Center) က ပြောကြားသည်။


လျှောက်ထားမှုပြီးမြောက်သည့် စီးပွားရေးရာပုဂ္ဂိုလ်များသည် ခရီးစဉ်စတင်ထွက်ခွာမည့် နေရာမှာ ကူးစက်အန္တရာယ်နည်းပါးသည့် နိုင်ငံ/ဒေသ ဖြစ်ပါက ပြည်ဝင်ပြီးနောက် ၅ ရက်မြောက်နေ့တွင် မိမိစရိတ်ဖြင့် ရောဂါပိုးစစ်ဆေးမှုခံယူရန် ဒေသအဆင့် ကျန်းမာရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း၊ ကူးစက်အန္တရာယ် အလယ်အလတ်နည်းပါးသည့်နိုင်ငံ ဖြစ်ပါက ပြည်ဝင်ပြီးနောက် ရ ရက်မြောက်နေ့တွင် မိမိစရိတ်ဖြင့် ရောဂါပိုးစစ်ဆေးမှုခံယူရန် လျှောက်ထားနိုင်ကြောင်း၊ ကိုဗစ်-၁၉ မရှိကြောင်း ဆေးစစ်မှုအဖြေရရှိပါက ပြည်ဝင်ပြီးနောက် ၁၄ ရက်အထိ မိမိဘာသာ ကျန်းမာရေးစီမံခန့်ခွဲမှု မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ ပြည်ဝင်ပြီးနောက် ၁၅ ရက်မြောက်နေ့မှ ၂၁ ရက်နေ့အတွင်း မိမိဘာသာ ကျန်းမာရေးစီမံခန့်ခွဲမှု ပုံမှန်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဌာနသို့ ပြင်ဆင်လျှောက်ထားနိုင်ကြောင်း၊ မိမိဘာသာ ကျန်းမာရေးစီမံခန့်ခွဲမှု မြှင့်တင်ဆောင်ရွက်နေစဉ်ကာလအတွင်း အတည်တကျဖြစ်နေပြီး အကန့်အသတ်ရှိသည့် စီးပွားရေးလှုပ်ရှားမှုများကိုသာ ဆောင်ရွက်နိုင်ကြောင်း၊ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမပြုနိုင်ကြောင်း၊ ကာကွယ်ရေးအစီအမံ အသီးသီးကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် သီးသန့်လူပုဂ္ဂိုလ်မှ တာဝန်ယူကြိုပို့ပြီး ခရီးစဉ်တလျှောက်လုံး အဖော်ပြုရန် လိုအပ်ကြောင်း၊ နာမည်မှန်စနစ် ကျင့်သုံး၍ နေ့စဉ်လုပ်ငန်း စဉ်နှင့် ထိတွေ့ခဲ့သူများကို မှတ်သားရကြောင်း၊ အထူးသတ်မှတ်ထားခြင်းမဟုတ်သည့် လူပုဂ္ဂိုလ်များကို ထိတွေ့ခြင်းမပြုရကြောင်း၊ တောက်လျှောက် နှာခေါင်းစည်းတပ်ဆင်၍ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ပြုမူရမည်ဖြစ်ကြောင်း၊ ပြည်ဝင်ပြီးနောက် ၁၄ ရက်အတွင်း ကပ်ရောဂါကာကွယ်ရေး တည်းခိုဆောင်၌ နေထိုင်ရန် လိုအပ်ကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။


ဆောင်းရာသီကာလ ကပ်ရောဂါကာကွယ်ရေးအထူးအစီအစဉ်မှ ကာလတို စီးပွားရေးရာ ပုဂ္ဂိုလ်များ အိမ်၌ အသွားအလာကန့်သတ်သည့်ကာလ လျှော့ချရေး လျှောက်ထားမှုအား ရပ်ဆိုင်းထားသည်မှာ ၂ လနီးပါး ရှိပြီဖြစ်ကြောင်း၊ စိစစ်အကဲဖြတ်သုံးသပ်ချက်အရ နိုင်ငံ တကာ၌ ကပ်ရောဂါအခြေအနေ ပြင်းထန်နေဆဲဖြစ်သော်လည်း မိမိတို့နိုင်ငံနှင့် ကမ္ဘာ့နေရာ ဒေသအသီးသီးအကြား နီးနီးကပ်ကပ်ဆက်ဆံရေးကို ထည့်သွင်းစဉ်းစား၍သော်လည်းကောင်း၊ အရေးကြီး နိုင်ငံတကာ စီးပွားရေးလှုပ်ရှားမှုများ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာစေပြီး ပြည်တွင်း စီးပွားရေး တိုးတက်လာစေရန်သော်လည်းကောင်း၊ ယမန်နှစ်က ကာလတို စီးပွားရေးရာ ပုဂ္ဂိုလ်များ အိမ်၌ အသွားအလာကန့်သတ်မှုကာလ လျှော့ချပေးရန် လျှောက်ထားမှုအပေါ် အကောင်အထည် ဖော်ဆောင်သည့် အခြေအနေများကို  စစ်ဆေးမှုအရလည်းကောင်း၊ လူ့အသိုင်းအဝိုင်းအတွင်း ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်ရန်အတွက် စနစ်တကျ လျှောက်ထားသူများသည် အိမ်၌ အသွားအလာကန့်သတ်သည့်ကာလ လျှော့ချစဉ်အတွင်း မိမိဘာသာ ကျန်းမာရေးစီမံခန့်ခွဲရေးဆိုင်ရာ ကာကွယ်ရေး အစီအမံ အသီးသီးကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း၊ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါသည် ယခုနှစ် ဇန်နဝါရီလလယ်တွင် ပြင်းထန်အခြေအနေသို့ရောက်ရှိပြီးနောက် အခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မတ်လ ၁ ရက်နေ့မှစ၍ ကူးစက်အန္တရာ ယ်နည်းပါးသည့်/ ကူးစက်အန္တရာယ်အလယ်အလတ် နည်းပါးသည့် နိုင်ငံ/ဒေသမှ ပြည်ဝင်ခွင့်ရှိသည့် ထိုင်ဝမ်သို့လာရောက်၍ ကာလတို စီးပွားရေးဆောင်ရွက်သူများ အိမ်၌အသွားအလာကန့်သတ်မှုခံယူသည့်ကာလ လျှော့ချရန် လျှောက်ထားခြင်း ပြန်လည် ဆောင်ရွက်နိုင်စေကြောင်း ထိန်းချုပ်ရေးစင်တာက ပြောကြားသည်။

top