ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမူဖူလုံရေး
ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမူဖူလုံရေး
:::

ထိုင်တုန်းခရိုင် ရေရှည်စောင့်ရှောက်ရေးဝန်ဆောင်မှု

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/02/04
  • hit:532

ထိုင်တုန်းခရိုင်ရေရှည်စောင့်ရှောက် စီမံခန့်ခွဲရေးစင်တာသည် ခေတ်ကာလပြောင်းလဲလာ သည်နှင့်အမျှ အင်တာနက်စာမျက် နှာလုပ်ငန်းပလက်ဖောင်း၌ ရေရှည်စောင့်ရှောက်ရေးကို အွန်လိုင်း မှတစ်ဆင့် လျှောက်ထားနိုင်ရန် စီစဉ်ပေးထားပြီး ပြီးပြည့်စုံသည့် အွန်လိုင်း လျှောက်ထားရေးလုပ်ငန်းပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးထားပါသည်။ လျှောက်ထား သူများသည် လူကြီးသူမ၏ အခြေခံအချက်အလက်များကို ဖြည့်သွင်းလိုက်ရုံဖြင့် လုပ်ငန်းစနစ်မှ ထိုနေ့တာဝန်ကျသူဝန်ထမ်းကို အကြောင်းကြားပေးမည်ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ရေရှည်စောင့်ရှောက်ရေးစင်တာမှ ဝန်ထမ်းစေလွှတ် ကွင်းဆင်းလေ့လာ၍ လူကြီးသူမ၏ ရေရှည်စောင့်ရှောက်ရန်လိုအပ်မှုအဆင့် (CMS) အဆင့်ကို အတည်ပြုပြီး ၎င်း၏လိုအပ်ချက်ကို လေ့လာကာ နောက်ဆက်တွဲ ရေရှည်စောင့်ရှောက်ရေးဝန်ဆောင်မှု ပေးအပ်ပါမည်။

ထိုင်တုန်းခရိုင် ရေရှည်စောင့်ရှောက်ရေးဝန်ဆောင်မှု လျှောက်ထားနိုင်ရန်အတွက် ရေရှည် စောင့်ရှောက်ရေး ဝန်ဆောင်မှု သီးသန့်ဖုန်းလိုင်း ၁၉၆၆ သို့ ဆက်သွယ်၍သော်လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန (Department of Health) ရေရှည်စောင့်ရှောက်စီမံခန့်ခွဲရေးစင်တာနှင့် ကျေးလက်မြို့ပြဌာနခွဲအသီးသီး၌ စုံစမ်းမေးမြန်း၍ သော်လည်းကောင်း ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ရေရှည်စောင့်ရှောက်ရေးစင်တာ၏ အင်တာနက်စာမျက်နှာ၌ ရေရှည်စောင့်ရှောက် ရေးဆိုင်ရာ အွန်လိုင်းလျှောက်ထားရန် http://ttshbltc.ttshb.gov.tw/ စာမျက်နှာသစ် ထည့်သွင်းပေးထားပြီး ဝန်ဆောင်မှုမျိုးစုံ ထောက်ပံ့ပေးထားပါသည်။


top