按 Enter 到主內容區
:::

回培力新住民資訊網首頁

သင်ကြားလေ့ကျင့်ရေးဆိုင်ရာ သင်ရိုးများ
:::

အိမ်ရာအသစ်များမှ နေထိုင်သူများအား တိုင်းချွန်းမြို့အစိုးရမှ အထောက်အပံ့ဖြင့်ပြုလုပ်သည့် အလုပ်အကိုင်ချထားရေးဆိုင်ရာ အလုပ်သမားရေးရာ ဗျူရို၏ အဓိက စက်မှုလုပ်ငန်း ၄ ခုတို့ဖြင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ အကူအညီရရှိစေရန်အတွက် ဆောင်ရွက်ခြင်း

  • 回上一頁
  • 友善列印
字型大小:
  • 地點:中部
  • 發布日期:
  • 單位:臺中市政府
  • 更新日期:2020/08/06
  • 點閱次數:594

အိမ်ရာအသစ်မှ အလုပ်ရှာဖွေသူများ အလုပ်အကိုင်ရှာဖွေရာတွင် ချောမွေ့စေရန်၊ တိုင်းချွန်းမြို့အစိုးရ၏ အလုပ်သမားရေးရာသည် နိုဝင်ဘာလကုန်ပိုင်းတွင် နယ်ခံစီးပွားရေးလုပ်ငန်းများနှင့်အတူ ပူးပေါင်း၍ အဓိက စီးပွားရေးလုပ်ငန်းကြီး ၄ ဖြစ်သည့် “တိုင်းချွန်း-ခရီးသွားလုပ်ငန်း မှ ခရီးသွားလာရေးနှင့်အစားအသောက်၊ တည်းခိုရေး နှင့် စားသောက်ကုန်ဆိုင်ရာ စက်မှုလုပ်ငန်း”၊ “ဗေဒပြောင်းလဲခြင်း --- အလှပြင်ပစ္စည်းနှင့် မျက်တောင်လုပ်ငန်း” “စျေးကွက်ရှာဖွေရေးအမျိုးအမျိုး -- အီးကော်မတ် အခြေပြုစီးပွားရေး” နှင့် “စေ့စပ်သေချာစွာဆောင် အာရုံစိုက်လုပ်ဆောင်သည့် စောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်း” တို့ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ၁၈ ပွဲအား ကျင်းပခဲ့သည်။

ကျွမ်းကျင်သည့်သင်ကြားပြသသူများနှင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကြောင့်၊ ၄င်းကဲ့သို့သောပွဲများသည့် လုပ်ငန်းခွင်နှင့်ဆက်နွယ်သည့်ပတ်ဝန်းကျင်နှင့် ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးများ သင်ယူရသည့်အတွက် အိမ်ရာအသစ်များမှ နေထိုင်သူများအား အကူအညီဖြစ်စေပါသည်။ ၄င်းနောက်၊ အလုပ်အကိုင်ခန့်အပ်သည့်ဝန်ထမ်းများမှ အလုပ်အကိုင်ခန့်အပ်မှုဆိုင်ရာ ရင်းမြစ်များကိုအသုံးပြု၍ အလုပ်အကိုင်အခွင့်အလမ်းများအား ရည်ညွှန်းပြသခြင်းဖြင့် အိမ်ရာအသစ်တွင်နေထိုင်သူများ အလုပ်ကိုင်ရရှိရန် ပံ့ပိုးပေးသည်။ အိမ်ရာအသစ်တွင်နေထိုင်သူများအား ပါဝင်လာရန်လုပ်ဆောင်ခြင်းဖြင့် ကြိုဆိုသည်။ဝူဝေချီ၊ အလုပ်သမားဆိုင်ရာဌာမှ ညွန်ကြားရေးမှူး မှပြောဆိုသည်မှာ တိုင်းချွန်းမြို့ရှိ အိမ်ရာအသစ်များတွင်နေထိုင်သူများသည် လက်ရှိတွင် ၅၈ ၅၉၈ ဦးရှိပြီး၊ အခြားနိုင်ငံများ၊ မြို့များနှင့် နှိုင်းယှဉ်ချက်အရ ထိပ်တန်းအဆင့် ၄ အတွင်း ရပ်တည်လျက်ရှိသည်။ ယဉ်ကျေးမှုဓလေ့ကွာဟချက်များကြောင့် အိမ်ရာအသစ်တွင်နေထိုင်သူများသည် အလုပ်ကိုင်များကိုရှာဖွေရာတွင် အောင်မြင်မှုမရှိပါ။ ၄င်းကိစ္စအားဖြေရှင်းရ်နအတွက်၊ အလုပ်သမားရေးရာ ဗျူရိုမှ အိမ်ရာအသစ်တွင်နေထိုင်သူများအတွက် “လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ” ပြုလုပ်ခဲ့ပြီး၊ အများပြည်သူများမှ အကြီးအကျယ်အများပြားလက်ခံခဲ့ကြပြီး၊ ၄င်းအလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်သူဦးရေသည် နှစ်စဉ်တိုးပွားလျက်ရှိသည်။ ယခုနှစ်အတွင် ဗျူရိုမှ အထူးသဖြင့် အာရုံစိုက်လုပ်ဆောင်နေသည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေး၊ ဆိုဖီယာအလှကုန်အလုပ်ရုံဆွေးနွေးပွဲ၊ ဝိုင်ဝိုင်နေ့လည်စာဗူး နှင့် တိုင်းချွန်းမှ အခြားနယ်ခံစီးပွားရေးလုပ်ငန်းများမှ ပံ့ပိုးမှုဖြင့် လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၁၈ ပွဲအား ကျင်းပခဲ့သည်။ ၄င်းအလုပ်ရုံဆွေးနွေးပွဲများတွင် လုပ်သက်ရင့်ဝန်ထမ်းများမှ သင်ကြားပြသသူများအဖြစ် ပါဝင်ပြီး မတူညီသည့်လုပ်ငန်းများ၏ လုပ်ဆောင်မှုများ၊ လုပ်ငန်းဆိုင်ရာ ယဉ်ကျေးမှုများကို မျှဝေခြင်း နှင့် လုပ်ငန်းခွင်တွင်း လက်တွေ့လုပ်ဆောင်မှုဖြင့် အလုပ်အကိုင်များတိုးတက်စေရန်အတွက် သင်ကြားပြသပေးခဲ့ကြသည်။စုဆူး-လင်း၊ တိုင်းချွန်းအလုပ်အကိုင်ဝန်ဆောင်မှုဆိုင်ရာ ညွှန်ကြားရေးမှူး၊ ညွှန်ပြသည်မှာ တိုင်းချွန်းမြို့အစိုးရသည် ကွင်းဆက်စက်မှုလုပ်ငန်းအလုပ်ကိုင်များကို ကျင်းပပြီး၊ “လုပ်ငန်းဆိုင်ရာအလုပ်များ ကြိုတင်လေ့လာသင်ကြားသည့်သင်တန်းများ” အား မိတ်ဆက်ခြင်းကို လုပ်ဆောင်စေပြီး ၄င်းမှ အခြေခံသက်မွေးပညာလေ့ကျင့်ရေးသင်တန်းများဖြင့် အိမ်ရာအသစ်များတွင် နေထိုင်သူများမှ ၄င်းတို့မှ ပြတ်တောက်နေသည့် ၄င်းတို့၏ ကျွမ်းကျင်မှုစွမ်းရည်များရှာဖွေစေပြီး ၄င်းတို့အတွက် ကျွမ်းကျင်မှုတစ်ခု အခိုင်အမာသင်ယူစေခြင်းဖြင့် လုပ်ငန်းခွင်များသို့ ချိတ်ဆက်ရာတွင် ချောမွေ့စေရန်အတွက် လုပ်ဆောင်ပေးလျက်ရှိသည်။ ကိုရိုရာကူးစက်ဗိုင်းရပ်ပျံ့နှံမှုကို တန်ပြန်ရာတွင်၊ နေရာအားလုံးအား ကြိုတင်၍ ပိုးသတ်ခြင်း နှင့် ကူးစက်ရောဂါအား တိုင်းတာသည့် ကိုယ်ပူချိန်တိုင်းခြင်းနှင့် လိုအပ်သည့်နှာခေါင်းစည်း အကာအကွယ်များဝတ်ဆင်ခြင်း နှင့် လုံခြံုသည့်သင်ယူမှု ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် အခြားလိုအပ်သည့်အရာများပါဝင်စေခြင်းဖြင့် ပံ့ပိုးကူညီလျက်ရှိသည်။ အမျိုးမျိုးသောလုပ်ဆောင်မှုများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအတွက် ၊ စိတ်ဝင်စားသူများသည် စုံစမ်းမေးမြန်းရန်အတွက် တိုင်းချွန်းအလုပ်အကိုင်ဝန်ဆောင်မှုရုံး (https://bit.ly/3bAPmJc) တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။ စာရင်းသွင်းရန် ကျေးဇူးပြု၍ မစ္စလင်း၏ ဖုန်းနံပါတ် 04-24711326 ကိုခေါ်ဆိုပါ။

top