ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ပညာအရည်အချင်းအတည်ပြုခြင်းနှင့်ပညာသင်ယူရန်
ပညာအရည်အချင်းအတည်ပြုခြင်းနှင့်ပညာသင်ယူရန်
:::

အမြဲတမ်းနေထိုင်သူ အသစ်၏ ပညာရေး အရည်အချင်းအား စာရွက်စာတမ်းထုတ်ပေးသည့် လုပ်ငန်းစဉ်က အချိန် နှင့် ငွေကုန်သက်သာစေပြီး ကျောင်းတက်ရန် နှင့် အလုပ်အကိုင်ရှာဖွေလိုသည့် ဆန္ဒကို ပြင်းပြစေရန် ကူညီပေးနိုင်ပါသည်

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:臺灣
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/06
  • hit:591

အရှေ့တောင်အာရှ နိုင်ငံမှ အမြဲတမ်းနေထိုင်သူများသည် ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်သူအများစုဖြစ်ပါသည်။ ၎င်းတို့အား ထိုင်ဝမ်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်း အတွင်း ဝင်ဆ့ံရန် ကူညီပေးနိုင်ရန်အတွက် ပညာရေး ဝန်ကြီးဌာနသည် သင်ယူရေး အရင်းအမြစ်များစွာကို စီစဉ်ပေးထားရုံမက ၎င်းတို့၏ မိခင်နိုင်ငံတွင် ရရှိခဲ့သည့် ပညာရေး အရည်အချင်းများကို အသိအမှတ်ပြုပေးသည့် လုပ်ငန်းစဉ်ကိုလည်း စဉ်ဆက်မပြတ် လွယ်ကူအောင်လည်း လုပ်ပေးလျက်ရှိပါသည်။ ယင်းသို့အားဖြင့် အမြဲတမ်းနေထိုင်သူများသည် ၎င်းတို့၏ မူလကျောင်းအရည်အချင်းများကို ၎င်းတို့နေထိုင်ရာ အစိုးရ၏ အတည်ပြုထောက်ခံချက်ကို ရရှိစေခြင်း၊ ထောက်ခံချက်ရရန် အတွက် ၎င်းတို့မိခင်နိုင်ငံရှိ ထိုင်ဝမ်သံရုံးသို့သွားရောက်ရန်မလိုအပ်တော့ခြင်း၊ စာရွက်စာတမ်းများကို တရုတ်လိုဘာသာပြန်ရန် မလိုအပ်တော့ခြင်းတို့ကြောင့် အချိန်နှင့် ကုန်ကျငွေကို များစွာ သက်သာစေပါသည်။ ယင်းသို့အားဖြင့် အမြဲတမ်းနေထိုင်သူအသစ်များအား ပညာရေးကို ဆက်လက်သင်ကြားရန် နှင့် အလုပ်အကိုင်လျှောက်ထားခြင်းကို အားပေးစေနိုင်ပါသည်။အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ ၏ စာရင်းအင်းများအရ အရှေ့တောင်အာရှမှ အမြဲတမ်းနေထိုင်သူအသစ်များသည် တရုတ်နိုင်ငံမှ ရွေ့ပြောင်းနေထိုင်သည့် တရုတ်နိုင်ငံသားများမပါလျှင် စုစုပေါင်း နိုင်ငံခြားသား ရွေ့ပြောင်းနေထိုင်သူ စုစုပေါင်း၏ ၈၆% ခန့်ရှိပါသည်။ ယခုအချိန်အထိ အရှေ့တောင်အာရှနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူအများစု၏ ပညာရေးအဆင့်မှာ မူလတန်း နှင့် အထက်တန်းကျောင်းအောင်များသာဖြစ်ပါသည်။ ထိုင်ဝမ်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့သည် ပညာရေးကိုဆက်လက်သင်ယူရန် ဆန္ဒများရှိကြပါသည်။ သို့ရာတွင် လွန်ခဲ့သော အချိန်များက ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကြောင့် ၎င်းတို့မိခင်နိုင်ငံရှိ ထိုင်ဝမ်သံရုံးသို့သွားရောက်ပြီး စာရွက်စာတမ်းအတည်ပြုထောက်ခံချက်များကို ရယူခဲ့ကြရပါသည်။ ယင်းအတွက်ကြောင့် အချိန်နှင့် ငွေကြေးကုန်ကျမှုများရှိပြီး ကျောင်းဆက်တက်ရန် လုပ်ဆောင်လိုသည့် ဆန္ဒရှိသူများ နည်းပါးသွားပါသည်။နိုင်ငံသားများ နှင့် ၎င်းတို့၏ ကျောင်းတက်နိုင်သည့် အခွင့်အရေးများကို ကာကွယ်ရန် ရိုးရှင်းသော စီမံခန့်ခွဲမှုအတိုင်း ပညာရေးဝန်ကြီးဌာနသည် ဒေသန္တရအစိုးရများ၊ ကျွမ်းကျင်သူများ နှင့် ပညာရှင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်သူများကို မကြာခဏဖိတ်ခေါ်ပြီး အရှေ့တောင်အာရှ နိုင်ငံများ၏ မူလတန်း နှင့် အထက်တန်းကျောင်း အရည်အချင်းများနှင့်ပတ်သက်သည့် စည်းမျည်းစည်းကမ်းများ နှင့် လုပ်ထုံးလုပ်နည်းများကို လျော့ချပေးနိုင်ရန်အတွက် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းများကို ဖော်ထုတ်ရန်အတွက် လေ့လာမှုများနှင့် ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ လျှောက်ထားသူများသည် နိုင်ငံခြားမှ မူလတန်း နှင့် အထက်တန်းကျောင်း အောင်လက်မှတ်များရှိရန်သာလိုအပ်ပြီး ဒေသန္တရ အစိုးရများထံ နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်ရယူရန် လျှောက်ထားရပါမည်။ ထို့အပြင် ပညာရေး ဝန်ကြီးဌာန၏ မူကြို-၁၂ တန်း ပညာရေး စီမံခန့်ခွဲမှု အဖွဲ့သည် အရှေ့တောင်အာရှနိုင်ငံများမှ အမြဲတမ်းနေထိုင်သူအသစ်များ၏ ပညာရေးအောင်လက်မှတ်များကို အတည်ပြုလက်ခံရေး နှင့်စပ်လျဉ်းပြီး ဒေသန္တရအစိုးရ၏ ပညာရေး ဗျူရိုကို အကူအညီပေးရန်အတွက် နေရှင်နယ် ချင်းနန် တက္ကသိုလ်၏ အရှေ့တောင်အာရှရေးရာ လေ့လာရေးဌာနကိုလည်း ပူးပေါင်းဆောင်ရွက်စေခဲ့ပါသည်။ ထို့အပြင် ပညာရေးအောင်လက်မှတ်များကို မြန်မြန်ဆန်ဆန် အသိအမှတ်ပြုနိုင်ရေးတွင် အထောက်အကူဖြစ်စေရန်အတွက် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ မူလတန်း နှင့် အလယ်တန်းကျောင်းများ၏ အခြေခံအချက်အလက်များကို စုဆောင်းယူခဲ့ပါသည်။ပညာရေးဝန်ကြီးဌာန၏ မူကြို-၁၂ တန်း ပညာရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် အမြဲတမ်းနေထိုင်သူအသစ်များသည် ထိုင်ဝမ်နိုင်ငံ၏ လူဦးရေဖွဲ့စည်းပုံကို အလျင်အမြန်ပြောင်းလဲနိုင်ပြီး နိုင်ငံ၏ ပညာရေးဆိုင်ရာ စိတ်ခေါ်မှုများရှိလာနိုင်သည်ကိုလည်း သတိပြုမိပါသည်။ ထို့ကြောင့် ပညာရေး အောင်လက်မှတ်များကို အလွယ်တကူ အသိအမှတ်ပြုပေးရုံမျှဖြင့် နိုင်ငံခြားမှ ရွှေ့ပြောင်းနေထိုင်သူများအား ပညာရေးတွက် ဆက်လက်တက်ရောက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေခြင်းများတွင် များစွာ အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပြီး အများပြည်သူအတွက် အလွန်အဆင်ပြေစေမည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ နောင်တွင်လည်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားမှ လာရောက်ရွှေ့ပြောင်းနေထိုင်မည့်သူများ ထိုင်ဝမ်နိုင်င့တွင် ပျော်ပျော်ရွှင်ရွှင်နေထိုင်လုပ်ကိုင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ် အကောင်အထည်ဖော်သွားအုန်းမည် ဖြစ်ပါသည်။

top