ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::


:::

အလုပ်ရှာရာမှာ၊ကိုယ်ပိုင်စီးပွားလုပ်ရာမှာ သိထားသင့်တဲ့နည်းလမ်းများ

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2020/08/18
  • hit:401
အလုပ်ရှာရာမှာ၊ကိုယ်ပိုင်စီးပွားလုပ်ရာမှာ သိထားသင့်တဲ့နည်းလမ်းများ

ထိုင်ဝမ်ကိုရောက်လာတဲ့နိုင်ငံသားသစ်တော်တော်များများဟာ အိမ်သုံး

စရိတ်ကိုကူရှာပေးချင်ကြပေမဲ့ စကားမပေါက်တဲ့အခြေအနေမှာ အလုပ်

ကောင်းကို ဘယ်လိုရှာရမလဲ။နိုင်ငံသားသစ်များအလုပ်ခွင်ကိုချောရှူစွာ

ဝင်ရောက်နိုင်စေဖို့ အစိုးရမှအလုပ်အကိုင်ရရှိရေးအောင်သွယ်ပွဲများ၊အ

သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းများပြုလုပ်ပေးပါတယ်။ကိုယ်ပိုင်

စီးပွားလုုပ်ချင်တဲ့နိုင်ငံသားသစ်တွေအတွက်တော့ ကိုယ်ပိုင်စီးပွားဆိုင်ရာအ

ကြံပေးခြင်း၊ငွေချေးခြင်း၊ထောက်ပံ့ခြင်းစီမံကိန်းတွေရှိပါတယ်။သင်မသိမဖြစ်

တဲ့အလုပ်ရဲ့အခွင့်အရေးများ၊အလုပ်ရှာရာရန်နဲ့ကိုယ်ပိုင်လုပ်ငန်းထူထောင်

ရန်နည်းလမ်းများ၊အသက်မွေးဝမ်းကျောင်းသင်တန်းများနဲ့အတတ်ပညာစမ်း

သပ်ခြင်းစာမေးပွဲများဆိုင်ရာသတင်းများကို နိုင်ငံသားသစ်များဖွံ့ဖြိုးတိုးတက်

မှုသတင်းဝက်ဘ်ဆိုက်မှာ စီထုတ်ပေးထားပါတယ်။မွေးရပ်မြေကိုစွန့်ပြီး ထိုင်

ဝမ်ကိုရောက်လာတဲ့နိုင်ငံသားသစ်များရဲ့အိမ်မက်ကိုအကောင်အထည်ဖော်နိုင်စေရန် အစိုးရနဲ့အရပ်ဖြစ်လူ့အဖွဲ့အစည်းတို့က ပူးပေါင်းပြီးကူညီပေးပါ့မယ်။

၁ နေထိုင်ခွင့်ကတ်ရရှိပြီးတဲ့နိုင်ငံသားသစ်များ အလုပ်လုပ်ခွင့်ပြုချက်ကို ထပ်မံလျှောက်ထားရန်မလိုပဲ ထိုင်ဝမ်တွင်အလုပ်လုပ်နို်င်ပါသည်။

 ၂  ပြည်ထဲရေးလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက 1111လူ့အရင်းအမြစ်

ဘဏ်နဲ့ပူးပေါင်းပြီး “1111နိုင်ငံသားသစ်များအလုပ်ရရှိရေးအကြံပြုအ

ထူးဝက်ဘ်ဆိုက်”ကိုတည်ထောင်ပြီး နိုင်ငံသားသစ်များအတွက် အလုပ်အခွင့်အရေးများကိုအထူးစီစဉ်ပေးထားပါသည်။

၃  အလုပ်သမားဝန်ကြီးဌာန လုပ်သားအင်အားဖွံ့ဖြိုးရေးဌာနမှ“ထိုင်ဝမ်ဒေသအလုပ်ရရှိိရေး”ဆိုင်ရာအားလုံးကို စီထုတ်တဲ့ဝက်ဘ်ဆိုက်ကိုတည်ထောင်ထားပါသည်။ပြည်သူများအလုပ်ရှာခြင်း၊လေ့ကျင့်ခြင်း၊စမ်းသပ်ခြင်း၊ကိုယ်ပိုင်လုပ်ငန်းထူထောင်ခြင်းနဲ့ကိုယ်၊စိတ်ချို့ယွင်းသူများအလုပ်ရှာခြင်း အစ

ရှိတဲ့ဝန်ဆောင်မှုများကို ပေးပါသည်။(၂၄)နာရီအခမဲ့ဖုန်းလိုင်း

၀၈၀၀-၇၇၇-၈၈၈နဲ့လဲ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။

၄ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနမှ

“ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ခြင်းဖုန့်ဟွမ်ချေးငွေစီမံကိန်း”နဲ့ကိုယ်

ပိုင်လုပ်ငန်းထူထောင်ခြင်း အကြံဉာဏ်ဝန်ဆောင်မှုပေးတဲ့ အခမဲ့ဖုန်းလိုင်း

၀၈၀၀-၀၉၂-၉၅၇ ရှိပါသည်။

အလုပ်လက်မဲ့နိုင်ငံသားသစ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ

တက်ပါက သင်တန်းခအားလုံးကိုအစိုးရမှ ထောက်ပံ့ပေးသည်။အတတ်

ပညာပိုင်းဆိုင်ရာစမ်းသပ်မှုစာမေးပွဲများ ဖြေဆိုပါက မေးခွန်းကိုတရုတ်လို

ရွတ်ဆိုပေးတဲ့ ဝန်ဆောင်မှုကိုပေးခြင်းဖြင့် နိုင်ငံသားသစ်များအတတ်ပ

ညာဆိုင်ရာ လိုင်စင်များရရှိအောင် ကူညီပေးပါသည်။

 ၆  “အလုပ်သမားအခြေခံဥပဒေ”ဆိုင်ရာပြုပြင်ချက်ကို ထိုင်ဝမ်သက္ကရာဇ်

၁၀၅/၁၂/၆ရက်နေ့တွင် တတိယအကြိမ်ပြဌာန်းနိုင်ခဲ့သည်။အလုပ်သမားများ

တစ်ပတ်လျှင်နှစ်ရက်နားတဲ့စနစ်နဲ့ နိုင်ငံတော်ရုံးပိတ်ရက်များကို တစ်နိုင်ငံလုံး

တညီတည်းဖြစ်အောင်သတ်မှတ်ခဲ့့ပါသည်။အလုပ်သမားများ ပိုမိုများပြားတဲ့

နားရက်နဲ့အထူးနားရက်တွေကို ခံစားနိုင်ပါသည်။

နိုင်ငံသားသစ်များ နေထိုင်ခွင့်ကတ်ရှိတာနဲ့ ထိုင်ဝမ်မှာအလုပ်လုပ်ခွင့်ရှိ ပြီး အလုပ်ခွင်ကိုချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် အစိုးရမှ“1111နိုင်ငံ သားသစ်များ အလုပ်ရရှိရေးအကြံပြုအထူးဝက်ဘ်ဆိုက်”၊“ထိုင်ဝမ်ဒေသ  အလုပ်ရရှိိရေးဝက်ဘ်ဆိုက်”တွေမှာ အလုပ်ရှာဖွေခြင်းနဲ့ အကြံပြုဝန်ဆောင်မှု ပေးနိုင်တဲ့ဖုန်းလိုင်းတွေအပြင် မြို့၊မြို့နယ်အစိုးရအသီးသီးမှ အလုပ်ရရှိရေး ဝန်ဆောင်မှုမှတ်တိုင်(ကောင်တာ)များ ထားရှိပြီး ရှေ့တန်းကနေဒေသအ လိုက်၊လုပ်ငန်းအလိုက်အလုပ်ရှာဖွေသူတွေရဲ့ လိုအပ်ချက်အလိုက် အကြံ ပေးခြင်း၊အလုပ်များအောင်သွယ်ပေးခြင်း၊အင်တာဗျူးညွှန်ကြားမှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခြင်းနဲ့ ထပ်ဆင့်မိတ်ဆက် ပေးခြင်းအစရှိတဲ့ ဝန်ဆောင်မှုတွေကိုပေးဆောင်နေပါသည်။ဒေသအသီး သီးရဲ့ဝန်ဆောင်မှုနေရာကို ထိုင်ဝမ်ဒေသ အလုပ်ရရှိိရေးဝက်ဘ်ဆိုက်မှာ ရှာဖွေကြည့်ရှုနိုင်ပါသည်

top