ပင်မအကြောင်းအရာဧရိယာသို့သွားရန် Enter နှိပ်ပါ။
:::

နိုငျငံသားသစျမြားပြိုးထောငျဖှငျ့ဖွိုးရေးသတငျးဝဘျဆိုကျ

ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးစောင့်ရှောက်မှု
:::

ချောင်းဆိုး၊ သလိပ်၊ အသက်ရှုကြပ်၊ ရင်ဘတ်တင်းကျပ်သလား?အဆုတ်ပိတ်ဆို့မှု တိတ်တဆိတ် သင်ကိုရှာတွေ့မယ်။

စကားလုံးအဆင့်၏ စက်တင်:
  • နေရာ:Taiwan
  • ရကျစှဲ:
  • အာဏာပိုင်:
  • နောကျဆုံးအခွအေနေ:2021/02/04
  • hit:1375

ထိုင်ဝမ်နာတာရှည်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါသေဆုံးမှုအဆင့်10၊ သတ္တမအကြိမ် အကြောင်းရင်းမှာ အသက်40ကျော် အရွယ်ရောက်ပြီးသူတွေရဲ့6.1% လောက်က အဆုတ်ပိတ် ဆို့မှုတွေဖြစ်သည်။အဆုတ်ပိတ်တာက လေပြွန်ပိတ်ဆို့သည့်ရောဂါဖြစ်သည်။ ပုံမှန်ရောဂါ လက္ခဏာ နာတာရှည်ချောင်းဆိုးခြင်း၊ ချွဲ၊ အသက်ရှုကြပ်ခြင်း၊ အားကစား လှုပ်ရှားမှုတွင် အသက်ရှုကြပ်ခြင်း တို့ ဖြစ်သည်။ရေရှည်ဆေးလိပ်သောက်ခြင်းက အဆုတ်ပိတ်ဆို့ခြင်း အတွက် အန္တရာယ်များသည့်အရာဖြစ်သည်၊ အဆုတ်ပိတ်ဆို့သေဆုံးခြင်းရဲ့ 80%က ဆေးလိပ်သောက် ခြင်းနှင့်ဆက်စပ်နေသည်။အဆုတ်ပိတ်ဆို့ခြင်း အန္တရာယ်က ဆေးလိပ်သောက်သည့်အချိန်နှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။အချိန််ပိုကြာမြင့်လေ အဆုတ်ပိတ်ဆို့မှုအခွင့်အလမ်းပိုမြင့်လေ ဖြစ်သည်။ တစ်မိနစ် အဆုတ်ပိတ်ဆို့မှုစမ်းသပ်မှု စောစောရှာဖွေတွေ့ရှိမှုနှင့်ကုသမှု နိုင်ငံခြားလေ့လာထောက်ပြမှု ကမ္ဘာလုံးဆိုင်ရာ အဆုတ်နှင့်ပတ်သက်သည့်စစ်ဆေးမှုတွေက 70%ကျော်သည်။ပိတ်ဆို့မှုမလုံလောက်ခြင်းနှင့် ကုသမှုမသင့်လျော်ခြင်း၊ လူနာရဲ့ဘဝ အရည်အသွေးကို အလေးအနက် ထိခိုက်စေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအရင်းအမြစ်ကို တိုးပွားစေသည်။အဆုတ်ပိတ်ဆို့ခြင်းအစောပိုင်းသည် အအေးမိ၊ ပန်းနာရင်ကြပ်(သို့)အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာရှုပ်ထွေးမှုများ၊ လူနာများမကြာခဏ အသိပညာနှောင့်နှေး ခြင်းများကြောင့် ကုသမှုလွဲချော်ခြင်း၊ အဖိုးတန်ကုသချိန်များနှောင့်နှေးစေသည်။ ပြည်သူများ နေ့စဉ် နာတာရှည်ချောင်းဆိုး(သို့)သလိပ်ထွက်ခြင်းစသည့်အသက်ရှုကြပ်သည့် လက္ခဏာဖြစ်လျှင် အမျိုးသားကျန်းမာရေးဦးစီးဌာနနှင့် ထိုင်ဝမ်ရင်ဘတ်အထူးကြပ်မတ်စောင့် ရှောက်မှု ဆေးပညာတို့ ပူးပေါင်းထုတ်ဝေသည့် 「အဆုတ်ပိတ်ဆို့ခြင်း ဘယ်လောက်သိလဲ လက်စွဲစာအုပ်」ထဲတွင်ထောက်ပံ့ပေးထားသည့် တစ်မိနစ်ရိုးရှင်းသောမေးခွန်းလွှာ(နောက်ဆက် တွဲ) ကို အသုံးပြ ုပါ။ ဆေးလိပ်သောက်ခြင်းအခြေအနေအကဲဖြတ်ရန်၊ နေထိုင်မှုဘဝ ပတ်ဝန်း ကျင်နှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာ (သို့) ထိုင်ဝမ်ရင်ဘတ်အထူးကြပ်မတ်စောင့်ရှောက်မှုဖွံ့ဖြိ ုးရေး ကောင်စီ၏「1မိနစ် 358」ဆင့်စမ်းသပ်မှု (မှတ်ချက်1)၊ ကိုယ်တိုင် အဆုပ်လုပ်ဆောင်ချက် အခြေအနေစမ်းသပ်၊ ပုံမှန်မဟုတ်တာရှိရင် ဆေးပညာကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးမှုကိုခံယူပါ။ ကုသရန် နှောင့်နှေးမှုရှောင်ရှားဖို့ အစောပိုင်းကုသမှုခံယူပါ။ အရေးပါသည့် ပထမခြေလှမ်း 「ဆေးလိပ်ဖြတ်」အဆုတ်ပိတ်ဆို့မှု ရှောင်ရှားပါ။ နာတာရှည် အဆုတ်ပိတ်ဆို့မှုရောဂါသည် အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်း တစ်မျိုးဖြစ် သည်။ ပြန်လည်မကောင်းမွန်နိုင်သည့်အသက်ရှုလမ်းကြောင်းပိတ်ဆို့သည့်ရောဂါဖြစ်သည်။ ဆေးလိပ်သောက်သူက မသောက်သူထက် အဆုတ်ပိတ်ဆို့မှုအန ္တရာယ် 6.3ဆ၊ နာတာရှည် အဆုတ်ပိတ်ဆို့ခြင်းကြောင့်သေဆုံးမှုတွင်း၊ နောက်ထပ်45%က ဆေးရွက်ကြီးထုတ်ကုန်များ အသုံးပြ ုခြင်းကြောင့်ဖြစ်သည်။ဆေးလိပ်ဖြတ်ခြင်းက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို သိသိသာ သာ တိုးတက်စေနိုင်သည်။ပြည်သူများ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအခမဲ့ ဆေးလိပ်ဖြတ် သီးသန့်လိုင်း「0800-63-63-63」(သို့) ဆေးပညာဌာနနှင့်ဒေသခံအစိုးရကျန်းမာရေးဆေးခန်း၏ ဆေးလိပ်ဖြတ်ဆေးခန်းကိုဆက်သွယ်ပါ။ဆေးလိပ်ဖြတ်ဖို့ပရော်ဖက်ရှင်နယ်အကူအညီကိုရှာပါ။ ထို့ပြင် အဆုတ်ပိတ်ဆို့ခြင်းဘယ်လောက်သိလဲလက်စွဲစာအုပ်၏အကြောင်းအရာ ဘာသာပေါင်း စုံ သည်နေထိုင်မှုဘဝ စောင့်ရှောက်မှုရဲ့အထောက်အကူကောင်းဖြစ်သည်။ပြည်သူများ ကိုယ်တိုင် အင်တာနက်မှတဆင့် ဒေါင်းပါ။:https://reurl.cc/9al0d အဆုတ်ပိတ်ဆို့ခြင်းအကြောင်းရင်း၊ အာဟာရစောင့်ရှောက်မှု၊ ဆေးအသုံးပြ ုပုံနှင့် အားကစားစသည့် ဆက်စပ်သည့် အသိပညာများ နားလည်မည်။ မှတ်ချက် 1: 0~30ဆင့်:1မိနစ်လျှင်30ဆင့်အောက်ကို အန ္တရာယ်မြင့်မားသည့်အဖွဲ့ထဲ ထည့်ထား သည်။ကိုယ်တိုင် ဆေးလိပ်သောက်မသောက်သမိုင်း(သို့)ချောင်းဆိုး၊ သလိပ်ထွက်သည့် လက္ခဏာရှိမရှိ စစ်ဆေးဖို့လိုသည်။ တတ်နိုင်သမျှ အမြန်ဆုံးဆရာဝန်နှင့်စစ်ဆေးပါ။ 30~50ဆင့်:1မိနစ်လျှင် 30~50ဆင့်လှမ်းနိုင်လျှင် ပြင်းထန်သောအန ္တရာယ်အလယ်အလတ် အဖွဲ့၊ အဆုတ်လုပ်ဆောင်ချက်ကို ပိုအာရုံစိုက်ဖို့ လိုအပ်ပါသည်။ 50~80(အထက်)ဆင့်:1မိနစ်လျှင် 50ဆင့်အထက်လှမ်းနိုင်လျှင် အဆုတ်လုပ်ဆောင်ချက် အတော်လေးကောင်းသည်ကိုညွှန်ပြသည်။ အန ္တရာယ်နိမ့်အဖွဲ့ဖြစ်သည်။

top