:::

“သားဖွားကဏ္ဍ”သားဖွားသမီးမွေးရာမှာစိတ်ပူစရာမလိုတော့ပါဘူး။ အစိုးရမှအလိုက်သိစွာ ထောက်ပံ့ပေးပါမည်။

“သားဖွားကဏ္ဍ”သားဖွားသမီးမွေးရာမှာစိတ်ပူစရာမလိုတော့ပါဘူး။ အစိုးရမှအလိုက်သိစွာ ထောက်ပံ့ပေးပါမည်။
“သားဖွားကဏ္ဍ”သားဖွားသမီးမွေးရာမှာစိတ်ပူစရာမလိုတော့ပါဘူး။ အစိုးရမှအလိုက်သိစွာ ထောက်ပံ့ပေးပါမည်။
Hit : 171
Date : 2017/9/20
Updated : 2017/9/20 下午 04:42:00

ယခုလက်ရှိအခြေအနေတွင် ထိုုင်ဝမ််နိုင်ငံရှိ မွေးကင်းစက
လေးများအနက် နိုင်ငံသားသစ်မိသားစုမှမွေးသော ကလေးအချိုး
အစသည် တဖြည်းဖြည်းများလာပါပြီ။နိုင်ငံသားသစ်ညီအမများ ထိုင်ဝမ်ကိုရောက်လာခါစ ယဉ်ကျေးမှုကွာခြားခြင်းနဲ့စကားမတတ်
တဲ့ကြားက ချက်ချင်းပဲကိုယ်ဝန်ရလိုက်လို့ ဘယ်လိုလုပ်ရမှန်းမသိ၊
ပျာများသွားတတ်ပါတယ်။ကိုယ်ဝန်ရတာကစလို့ ကလေးမွေးပြီး ကလေးထိန်း ဒီအဆင့်တွေအားလုံးဟာ စိတ်ရောကိုယ်ပါအများ
ကြီးပေးဆပ်ရတဲ့အလုပ်ပါ။ဒါကြောင့်လဲ ပထမကိုယ်ဝန်ကိုဆောင်
တဲ့ထိုင်ဝမ်နိုင်ငံသူတွေတောင်မှ ဘာလုပ်ရမှန်းမသိ၊ပျာများတတ်ပါ
သေးတယ်။နိုင်ငံသားသစ်များရဲ့သားမွေးရာမှာလိုအပ်သည်များကို
အစိုးရမှ ကျန်းမာရေးစစ်ဆေးခြင်းနှင့်အခြားထောက်ပံ့မှုအမျိုးမျိုး
ကိုပေးခြင်းဖြင့် နိုင်ငံသားသစ်များရဲ့မျိုးဆက်သစ်များမွေးဖွားရာမှာ
ကူညီပံ့ပိုးပေးပါတယ်။


၁။ ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာနမှ “ကိုယ်ဝန်ရပြီး ကျန်းမာ
ရေးအာမခံမရှိသေးသောနိုင်ငံသားသစ်အမျိုးသမီးများ သားမ
ဖွားမီအချိန်ကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုထောက်ပံ့
ခြင်းအစီအစဉ်” ကိုအဆက်မပြတ်ကြိုးစားဆောင်ရွက်နေ
ပါတယ်။

အစိုးရမှ ကျန်းမာရေးအာမခံမရှိသေးသောနိုင်ငံသားသစ်အ
မျိုးသမီးများရဲ့ မျိုးဆက်ဖွားကျန်းမာရေးကိုစောင့်ရှောက်နိုင်ရန်
“ကိုယ်ဝန်ရပြီး ကျန်းမာရေးအာမခံမရှိသေးသောနိုင်ငံသားသစ်အ
မျိိုးသမီးများ သားမဖွားမီအချိ်န်ကာလအတွင်း ကျန်းမာရေးစစ်
ဆေးမှုထောက်ပံ့ခြင်းအစီအစဉ်”ကိုလုပ်ပေးခဲ့ပါတယ်။ကိုယ်ဝန်
ဆောင်မိခင်နှင့်သန္ဓေသားရဲ့ကျန်းမာရေးကိုထိန်းသိမ်းရန်၊ကိုယ်ဝန်
ဆောင်စဉ်နှင့်မွေးဖွားချိန်တွင်ဖြစ်ဖွားနိုင်သောအန္တရာယ်များကို
ကာကွယ်နိုင်ရန် ကိုယ်ဝန်ဆောင်ချိန်၊မမွေးဖွားမီကာလအတွင်း ကျန်းမာရေးစစ်ဆေးခြင်းဟာအရေးကြီးတဲ့အပြင် ကိုယ်ဝန်ဆောင်
ချိန်၊မွေးဖွားချိန်နှင့်မွေးဖွားပြီးချိန်ထိ မိခင်နှင့်သန္ဓေသားရဲ့လုံခြုံရေး
အတွက်လဲ အရေးပါတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ကိုယ်ဝန်
ဆောင်နိုင်ငံသားသစ်အမျိုးသမီးများ အိမ်ထောင်စုဇယားမူရင်း၊ယာ
ယီနေထိုင်ခွင့်ကတ်(သို့)ခရီးသွားကတ်မူရင်းအစရှိတဲ့ သက်သေခံ
စာရွက်စာတမ်းများကို ယူဆောင်ပြီးမိမိတည်ရှိရာ ရွာ၊မြို့၊မြို့နယ်ရှိ
ခရိုင်ကျန်းမာရေးဆေးခန်းများတွင် သွားရောက်လျှောက်တင်နိုင်ပါ
တယ်။

နိုင်ငံသားသစ်အမျိုးသမီးများကို ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွား
ပြီးနှင့်ကလေးသူငယ်စောင့်ရှောက်ခြင်းဆိုင်ရာ သတင်းအချက်အ
လက်များကိုလုံလောက်စွာလုပ်ပေးနိုင်ရန်၊စကားမတတ်ခြင်းနှင့်စာ
မဖတ်တတ်ခြင်းကြောင့် ရရှိတဲ့သတင်းအချက်အလက်များလျှော့
နည်းမှုမဖြစ်စေရန် ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာနအမျိုးသား
ကျန်းမာရေးစီးစီးဌာနမှ ဘာသာစကားများစွာဖြင့်(တရုတ်-အင်္ဂလိပ်
၊တရုတ်-ဗီယက်နန်၊တရုတ်-အင်ဒိုနီးရှား၊တရုတ်-ထိုင်း၊တရုတ်-
ကမ္ဘောဒီးယား)ကိုယ်ဝန်ဆောင်အမျိုးသမီးကျန်းမာရေးစာဆောင်
နှင့် ကလေးသူငယ်ကျန်းမာရေးစာဆောင်များကို ပုံမှန်ရေးသား၊ပုံ
နှိပ်ထုတ်ဝေပါသည်။သက်ဆိုင်ရာသတင်းများကို ဤဝက်ဘ်ဆိုက်
ရဲ့“နိုင်ငံသားသစ်များရဲ့သားဖွားကျန်းမာရေး
” မှာရှာဖွေကြည့်ရှုနိုင်
ပါသည်။


ကိုးကားရာအရင်းအမြစ် :
ကျန်းမာရေးနှင့်ဖူလုံရေးဝန်ကြီးဌာန-ကျန်းမာရေးအာမခံစနစ်မဝင်
ရသေးသော နိုင်ငံသားသစ်
များရဲ့ မမွေးဖွားမီကျန်းမာ
ရေးစစ်ဆေးခြင်းထောက်ပံ့မှု
အစီအစဉ်


၂။ မျိုးဆက်သစ်များကို ကြိုဆိုခြင်းဖြင့် အစိုးရမှ သားဖွားခြင်း
ထောက်ပံ့ငွေ၊သားဖွားစရိတ်ပေးငွေနှင့် ကလေးသူငယ်စောင့်
ရှောက်ခြင်းပေးငွေ ဟူ၍ထောက်ပံ့မှုအမျိုးမျိုးပေးပါတယ်။


သားဖွားခြင်းထောက်ပံ့ငွေဆိုတာ သားဖွားပြီး မိဘများက
သက်ဆိုင်ရာအိမ်ထောင်စုဇယားမှတ်ပုံတင်ရုံးများတွင် မွေးဇရင်း
သွားသွင်းရင်းနဲ့တစ်ခါပဲလျှောက်တင်လို့ရတဲ့ ထောက်ပံ့ငွေအမျိုးအ
စားဖြစ်ပါတယ်။ဒီငွေကသက်ဆိုင်ရာမြို့၊မြို့နယ်အစိုးရ(သို့)ကျေးရွာ
(ရွာ၊ဒေသ၊မြို့)ရုံးများမှ ဒေသတွင်းဘဏ္ဍာရေးအခြေအနေနှင့် အုပ်
ချုပ်ရေးစီမံကိန်းအစဉ်အရ၊ဒေသတွင်းအရင်းအမြစ်များကိုအသုံးပြု
ပြီး(ဥပမာအားဖြင့် အစိုးရဘတ်ဂျက်၊တုံ့ပြန်ငွေသို့မဟုတ်ရန်ပုံငွေ)
ထောက်ပံ့သွားမှာဖြစ်ပါတယ်။ကန့်သတ်ချက်(အိမ်ထောင်စုဇယား
ဝင်ထားတဲ့မြို့၊မြို့နယ်ဆိုတဲ့ကန့်သတ်ချက်ရှိပါတယ်။)နှင့်ထောက်ပံ့
ကြေးငွေတွေက ဒေသအလိုက်ကွဲပြားမှုရှိပါတယ်။မြို့၊မြို့နယ်အစိုး
ရအသီးသီးက ကြေငြာထားတဲ့အတိုင်းဖြစ်ပါတယ်။
မြို့၊မြို့နယ်အသီးသီးမှပေးသောသားဖွားခြင်းထောက်ပံ့ငွေ


ကိုးကားရာအရင်းအမြစ်
ပြည်ထဲရေးဝန်ကြီးဌာန အိမ်ထောင်စုမှတ်ပုံတင်ရုံး-ထိုင်ဝမ်သက္ကရာဇ်၁၀၆ခု
နှစ် မြူနီစီပယ်၊မြို့၊မြို့နယ်(မြို့)အစိုးရများမှ လူငယ်များရဲ့အရွယ်သင့်ချိန်
မင်္ဂလာဆောင်၊သားဖွားခြင်းဆိုင်ရာလူမှုဖူလုံရေးလုပ်ဆောင်ချက်

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားအာမခံရုံး-သားဖွားထောက်ပံ့ငွေ

ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန လူမှုရေးနှင့်မိသားစုဦးစီးဌာန-သား
ဖွားထောက်ပံ့ငွေနှင့်ကလေးသူငယ်စောင့်ရှောက်ခြင်းထောက်ပံ့ငွေနှစ်ခုကြား
ဘာများကွာခြားသလဲ။


၃။ ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဦးစီးဌာန
   မှ “ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းစောင့်ရှောက်မှုဝက်ဘ်ဆိုက်”နှင့်
   “ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းစောင့်ရှောက်မှုအကြံပြုဖုန်းလိုင်း
   0800-870-870”တို့ကိုပြုလုပ်ထားပါတယ်။


ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဦးစီး
ဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့်မိသားစုဝင်များကသိလိုသော ကိုယ်ဝန်
ဆောင်ကာလတစ်လျှောက်လုံးတွင် ကျန်းမာရေးအခြေအနေနှင့်ဗဟုသုတ
များကိုသိရှိနိုင်စေရန်၊ကိုယ်ဝန်ဆောင်မိခင်နှင့်မိသားစုဝင်များရဲ့စောင့်ရှောက်
ရေးဝန်ဆောင်မှုကိုမြှင့်တင်ပေးရန် ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းစောင့်
ရှောက်မှုစင်တာကိုဖွဲ့စည်းခဲ့ပြီး “ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းစောင့်
ရှောက်မှုဝက်ဘ်ဆိုက် http://mammy.hpa.gov.tw ” “အွန်လိုင်းမှ ကောင်း
မွန်စွာမွေးဖွားရေးAPP” ၊ “မိခင်နို့တိုက်ခြင်းသိစရာAPP” ၊ “ကိုယ်ဝန်ဆောင်
ခြင်းနှင့်မွေးဖွားခြင်းစောင့်ရှောက်မှုအကြံပြုဖုန်းလိုင်း0800-870-870” နှင့်
“ကိုယ်ဝန်သည်မိခင်များစောင့်ရှောက်မှုဖန်စီကလပ်”တို့ကိုပြုလုပ်ခဲ့ပြီး ကိုယ်
ဝန်မဆောင်မီပြင်ဆင်သင့်သည်များ၊မမွေးဖွားမီနှင့်မွေးဖွားပြီးချိန်တို့တွင် မိခင်
နှင့်ကလေးကျန်းမာရေး၊မိခင်နို့တိုက်နည်းညွှန်ကြားပေးခြင်း အစရှိတဲ့ကူညီမှု
များကိုပေးသွားမှာဖြစ်ပါတယ်။အခြားသတင်းများကို ဤဝက်ဘ်ဆိုက်ရှိ “ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းစောင့်ရှောက်မှုဝက်ဘ်ဆိုက်”တွင်ရှာဖွေ
ကြည့်ရှုနိုင်ပါတယ်။


၄။ ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာနမှ “သားသမီးရတနာပေးဆောင်
   တဲ့သတင်းဝက်ဘ်ဆိုက်” ကိုတည်ထောင်ခဲ့ပြီး သင့်အတွက်ပျော်ရွှင်မှု
   ကြီးကြီးငယ်ငယ်တို့ကို စုစည်းပေးပါတယ်။


    သားသမီးရတနာပေးဆောင်တဲ့သတင်းဝက်ဘ်ဆိုက်
(https://ibaby.mohw.gov.tw/)မှာ လူထုကိုမင်္ဂလာဆောင်ချိန်မှစ၍ ကိုယ်
ဝန်ဆောင်၊မွေးဖွား၊မွေးကင်းစကလေးမှကျောင်းတက်တဲ့အရွယ်ထိ၊အပျို၊လူပျို
အစရှိတဲ့အရွယ်အဆင့်ဆင့်တွင် လိုအပ်တဲ့လူမှုဖူလုံရေးအမျိုးမျိုးနှင့်ကျန်းမာ
ရေးပညာပေးသတင်းများကို တစ်ကိတ်ထဲဖြင့် လွယ်ကူစွာရှာဖွေသိရှိနိုင်တဲ့
ဝန်ဆောင်မှုများကိုပေးပြီး အတွေ့အကြုံမရှိသေးတဲ့မိဘများတွေ့ကြံုရတဲ့ပြ
ဿနာများနှင့်မသိသည်များကိုလဲ အကျိုးရှိရှိနဲ့ဖြေရှင်းပေးပါတယ်။ကိုယ်ဝန်
ဆောင်ကာလအတွင်းရဲ့ကျန်းမာရေးပညာပေးသတင်းများပေးသည့်အပြင်
ဤဝက်ဘ်ဆိုက်ကို တရုတ်၊အင်္ဂလိပ်၊ဗီယက်နန်အစရှိတဲ့ဘာသာစကားများနဲ့
လဲဖော်ပြထားပါတယ်။အခြားသတင်းများကို ဤဝက်ဘ်ဆိုက်ရှိ “သားသမီးရ
တနာပေးဆောင်တဲ့သတင်းဝက်ဘ်ဆိုက်”
တွင်ရှာဖွေကြည့်ရှုနိုင်ပါတယ်။


မင်္ဂလာတာကစလို့ကိုယ်ဝန်ဆောင်၊ကလေးမွေးတဲ့အထိ သက်တမ်းတ
လျှောက်မှာ များပြားရှုပ်ထွေးလှတဲ့ကိစ္စကြီးကြီးငယ်ငယ်တွေက အတွေ့အကြံု
မရှိသေးတဲ့ လက်သစ်မိဘများကို လက်မလည်နိုင်အောင်ကို အလုပ်ရှုပ်သွား
စေနိုင်ပါတယ်။ဒါကြောင့်အစိုးရမှ သားဖွားနှုန်းတိုးမြှင့်စေရန်နှင့်လက်သစ်မိဘ
များရဲ့ဖိအားကိုလျှော့နည်းစေရန်ရည်ရွယ်၍ သားဖွားခြင်းထောက်ပံ့မှုအမျိုး
မျိုး၊ကျန်းမာရေးပညာပေးခြင်းနှင့်အကြံပြုမှုများ အစရှိတဲ့ဝန်ဆောင်မှုများကို
ပေးပါတယ်။ကိုယ့်ရဲ့အခွင့်အရေးများကို အလွယ်တကူလက်လွတ်မခံပါနဲ့။

Was this information helpful? Yes    No