:::

အလုပ်ရှာရာမှာ၊ကိုယ်ပိုင်စီးပွားလုပ်ရာမှာ သိထားသင့်တဲ့နည်းလမ်းများ

အလုပ်ရှာရာမှာ၊ကိုယ်ပိုင်စီးပွားလုပ်ရာမှာ သိထားသင့်တဲ့နည်းလမ်းများ
အလုပ်ရှာရာမှာ၊ကိုယ်ပိုင်စီးပွားလုပ်ရာမှာ သိထားသင့်တဲ့နည်းလမ်းများ
Hit : 114
Date : 2017/6/13
Updated : 2017/6/13 下午 05:29:00

     ထိုင်ဝမ်ကိုရောက်လာတဲ့နိုင်ငံသားသစ်တော်တော်များများဟာ အိမ်သုံး
စရိတ်ကိုကူရှာပေးချင်ကြပေမဲ့ စကားမပေါက်တဲ့အခြေအနေမှာ အလုပ်
ကောင်းကို ဘယ်လိုရှာရမလဲ။နိုင်ငံသားသစ်များအလုပ်ခွင်ကိုချောရှူစွာ
ဝင်ရောက်နိုင်စေဖို့ အစိုးရမှအလုပ်အကိုင်ရရှိရေးအောင်သွယ်ပွဲများ၊အ
သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းများပြုလုပ်ပေးပါတယ်။ကိုယ်ပိုင်
စီးပွားလုုပ်ချင်တဲ့နိုင်ငံသားသစ်တွေအတွက်တော့ ကိုယ်ပိုင်စီးပွားဆိုင်ရာအ
ကြံပေးခြင်း၊ငွေချေးခြင်း၊ထောက်ပံ့ခြင်းစီမံကိန်းတွေရှိပါတယ်။သင်မသိမဖြစ်
တဲ့အလုပ်ရဲ့အခွင့်အရေးများ၊အလုပ်ရှာရာရန်နဲ့ကိုယ်ပိုင်လုပ်ငန်းထူထောင်
ရန်နည်းလမ်းများ၊အသက်မွေးဝမ်းကျောင်းသင်တန်းများနဲ့အတတ်ပညာစမ်း
သပ်ခြင်းစာမေးပွဲများဆိုင်ရာသတင်းများကို နိုင်ငံသားသစ်များဖွံ့ဖြိုးတိုးတက်
မှုသတင်းဝက်ဘ်ဆိုက်မှာ စီထုတ်ပေးထားပါတယ်။မွေးရပ်မြေကိုစွန့်ပြီး ထိုင်
ဝမ်ကိုရောက်လာတဲ့နိုင်ငံသားသစ်များရဲ့အိမ်မက်ကိုအကောင်အထည်ဖော်နိုင်စေရန် အစိုးရနဲ့အရပ်ဖြစ်လူ့အဖွဲ့အစည်းတို့က ပူးပေါင်းပြီးကူညီပေးပါ့မယ်။


၁ နေထိုင်ခွင့်ကတ်ရရှိပြီးတဲ့နိုင်ငံသားသစ်များ အလုပ်လုပ်ခွင့်ပြုချက်ကို ထပ်
  မံလျှောက်ထားရန်မလိုပဲ ထိုင်ဝမ်တွင်အလုပ်လုပ်နို်င်ပါသည်။



   ပြည်ထဲရေးလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက 1111လူ့အရင်းအမြစ်

   ဘဏ်နဲ့ပူးပေါင်းပြီး “1111နိုင်ငံသားသစ်များအလုပ်ရရှိရေးအကြံပြုအ

   ထူးဝက်ဘ်ဆိုက်ကိုတည်ထောင်ပြီး နိုင်ငံသားသစ်များအတွက် အလုပ်
 
အခွင့်အရေးများကိုအထူးစီစဉ်ပေးထားပါသည်။


  အလုပ်သမားဝန်ကြီးဌာန လုပ်သားအင်အားဖွံ့ဖြိုးရေးဌာနမှထိုင်ဝမ်ဒေသ

   အလုပ်ရရှိိရေးဆိုင်ရာအားလုံးကို စီထုတ်တဲ့ဝက်ဘ်ဆိုက်ကိုတည်ထောင်

   ထားပါသည်။ပြည်သူများအလုပ်ရှာခြင်း၊လေ့ကျင့်ခြင်း၊စမ်းသပ်ခြင်း၊ကိုယ်

   ပိုင်လုပ်ငန်းထူထောင်ခြင်းနဲ့ကိုယ်၊စိတ်ချို့ယွင်းသူများအလုပ်ရှာခြင်း အစ

   ရှိတဲ့ဝန်ဆောင်မှုများကို ပေးပါသည်။(၂၄)နာရီအခမဲ့ဖုန်းလိုင်း

   ၀၈၀၀-၇၇၇-၈၈၈နဲ့လဲ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။


  ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူတွေအတွက် အလုပ်သမားဝန်ကြီးဌာနမှ

   ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ခြင်းဖုန့်ဟွမ်ချေးငွေစီမံကိန်းနဲ့ကိုယ်

   ပိုင်လုပ်ငန်းထူထောင်ခြင်း အကြံဉာဏ်ဝန်ဆောင်မှုပေးတဲ့ အခမဲ့ဖုန်းလိုင်း

   ၀၈၀၀-၀၉၂-၉၅၇ ရှိပါသည်။


  အလုပ်လက်မဲ့နိုင်ငံသားသစ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ

   တက်ပါက သင်တန်းခအားလုံးကိုအစိုးရမှ ထောက်ပံ့ပေးသည်။အတတ်

   ပညာပိုင်းဆိုင်ရာစမ်းသပ်မှုစာမေးပွဲများ ဖြေဆိုပါက မေးခွန်းကိုတရုတ်လို

   ရွတ်ဆိုပေးတဲ့ ဝန်ဆောင်မှုကိုပေးခြင်းဖြင့် နိုင်ငံသားသစ်များအတတ်ပ

   ညာဆိုင်ရာ လိုင်စင်များရရှိအောင် ကူညီပေးပါသည်။


   အလုပ်သမားအခြေခံဥပဒေဆိုင်ရာပြုပြင်ချက်ကို ထိုင်ဝမ်သက္ကရာဇ်

၁၀၅/၁၂/၆ရက်နေ့တွင် တတိယအကြိမ်ပြဌာန်းနိုင်ခဲ့သည်။အလုပ်သမားများ

တစ်ပတ်လျှင်နှစ်ရက်နားတဲ့စနစ်နဲ့ နိုင်ငံတော်ရုံးပိတ်ရက်များကို တစ်နိုင်ငံလုံး

တညီတည်းဖြစ်အောင်သတ်မှတ်ခဲ့့ပါသည်။အလုပ်သမားများ ပိုမိုများပြားတဲ့

နားရက်နဲ့အထူးနားရက်တွေကို ခံစားနိုင်ပါသည်။


      နိုင်ငံသားသစ်များ နေထိုင်ခွင့်ကတ်ရှိတာနဲ့ ထိုင်ဝမ်မှာအလုပ်လုပ်ခွင့်ရှိ ပြီး အလုပ်ခွင်ကိုချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် အစိုးရမှ1111နိုင်ငံ သားသစ်များ အလုပ်ရရှိရေးအကြံပြုအထူးဝက်ဘ်ဆိုက်ထိုင်ဝမ်ဒေသ  အလုပ်ရရှိိရေးဝက်ဘ်ဆိုက်တွေမှာ အလုပ်ရှာဖွေခြင်းနဲ့ အကြံပြုဝန်ဆောင်မှု ပေးနိုင်တဲ့ဖုန်းလိုင်းတွေအပြင် မြို့၊မြို့နယ်အစိုးရအသီးသီးမှ အလုပ်ရရှိရေး ဝန်ဆောင်မှုမှတ်တိုင်(ကောင်တာ)များ ထားရှိပြီး ရှေ့တန်းကနေဒေသအ လိုက်၊လုပ်ငန်းအလိုက်အလုပ်ရှာဖွေသူတွေရဲ့ လိုအပ်ချက်အလိုက် အကြံ ပေးခြင်း၊အလုပ်များအောင်သွယ်ပေးခြင်း၊အင်တာဗျူးညွှန်ကြားမှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ခြင်းနဲ့ ထပ်ဆင့်မိတ်ဆက် ပေးခြင်းအစရှိတဲ့ ဝန်ဆောင်မှုတွေကိုပေးဆောင်နေပါသည်။ဒေသအသီး သီးရဲ့ဝန်ဆောင်မှုနေရာကို ထိုင်ဝမ်ဒေသ အလုပ်ရရှိိရေးဝက်ဘ်ဆိုက်မှာ ရှာဖွေကြည့်ရှုနိုင်ပါသည်

Was this information helpful? Yes    No