:::

နေထိုင်သူသစ်ဒုတိယမျိုးဆက် ပင်လယ်ရပ်ခြားပျိုးထောင်ခြင်း၏အကျိုးရလဒ်

Label
Location
Hit : 107
Date : 2016/8/3
Updated : 2017/12/7 下午 03:01:00

ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံးက “နေထိုင်သူသစ် ဒုတိယမျိုးဆက်ပျိုးထောင်ခြင်း စမ်းသပ်လုပ်ဆောင်စီမံကိန်း၏ရလဒ်တင်ပြခြင်းအခမ်းအနား” ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းတွင် ကျင်းပခဲ့သည်။ ရွေးချယ်ခံရသောအဖွဲ့ ၄၄ ဖွဲ့မှ စုစုပေါင်း ၉၉ ဦးက အောင်မြင်မှုရလဒ်များကိုအတူစုဝေးပြီးမျှဝေခဲ့ကြရာ အတော်စည်ကားပါသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး မောင်ကျိကော် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချိန်ချွင်ကျင့် အခမ်းအနားသို့လာရောက်ပြီး ဆုရသူမိသားစုနှင့်အတူ အောင်မြင်မှုရလဒ်ကိုမျှဝေခံစားခဲ့ပါသည်။ ကမ္ဘာတဝှမ်းလုံးက “ထိုင်ဝမ့်ဂုဏ်” နှင့် “နေထိုင်သူသစ်၏ဂုဏ်” ကိုမြင်တွေ့စေရန် အများပြည်သူအားလုံး ထိုင်ဝမ်လက်ရှိလူဦးရေနှင့် ပါရှိသောယဉ်ကျေးမှုပေါင်းစုံအင်အားကို အမြတ်တနိုးတန်ဖိုးထားဖို့မျှော်လင့်သည်။

ယခုထိုင်ဝမ်မှာ နေထိုင်သူသစ်ပထမမျိုးဆက် ဆိုလိုသည်မှာနိုင်ငံခြားအိမ်ထောင်ဖက်သည် လူဦးရေ ၅ သိန်းကျော်ရှိပြီဖြစ်ရာ ဒုတိယမျိုးဆက်သားသမီးလည်း ၃ သိန်း ၅ ထောင်ကျော်ပါပြီ။ ၎င်းတို့အားပြီးပြည့်စုံသော လူ့အခွင့်အရေးအာမခံချက်နှင့် လူနေမှုအခြေအနေတိုးတက်ဖို့ထောက်ပံ့ပေးရန် အစိုးရက ၂၀၁၅ ခုနှစ် ဇွန်လ တွင် အထွေထွေအုပ်ချုပ်ရေးအဆင့်ရှိသော “နေထိုင်သူသစ်ကိစ္စရေးရာညှိနှိုင်းမှုမှတ်တမ်း” ကို ထူထောင်ထားသည့်အပြင် ယဉ်ကျေးမှုပေါင်းစုံနောက်ခံနှင့် မိခင်ဘာသာစကားကျွမ်းကျင်မှုရှိသော နေထိုင်သူသစ်ဒုတိယမျိုးဆက်လူငယ်များကိုပျိုးထောင်ရန် လူဝင်မှုကြီးကြပ်ရေးရုံးမှ “နေထိုင်သူသစ်ဒုတိယမျိုးဆက်ပျိုးထောင်ခြင်းစမ်းသပ်စီမံကိန်း” ကို ပထမဦးဆုံးအကြိမ်ကျင်းပပြီး တစ်ဦးလျှင်အမြင့်ဆုံးငွေ ၃ သောင်းထောက်ပံ့ပေးထားသည်။ နေထိုင်သူသစ်သားသမီးများ ဘိုးဘွားနေအိမ်သို့ပြန်လည်သွားရောက်ပြီး ဘာသာစကားသင်ယူကာ ယဉ်ကျေးမှုဖလှယ်ဖို့အားပေးထားသည်။ နေထိုင်သူသစ်နှင့် ၎င်း၏သားသမီးအား ထိုင်ဝမ်မှ ပင်လယ်ရပ်ခြားနိုင်ငံသို့ ကုန်သွယ်မှုဆိုင်ရာ တိုးချဲ့ဖလှယ်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာလူထူးလူချွန်အဖြစ်ပျိုးထောင်ရန် ၎င်းတို့အား အရှေ့တောင်အာရှနိုင်ငံနှင့်အဆက်အသွယ်ရှိပြီး အပြန်အလှန်တုန့်ပြန်မှုရှိဖို့တိုက်တွန်းပါသည်။

Was this information helpful? Yes    No