:::

နေထိုင်သူသစ်သားသမီး အမျိုးသားချမ်ပီယံနပန်းသမား ကြောင့် ပညာသင်ဆုရခဲ့

Label
Location
Hit : 118
Date : 2016/8/3
Updated : 2017/12/7 下午 02:59:00

အမျိုးသားချမ်ပီယံနပန်းသမား ကျန်းရီရွှမ်းသည် ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂၀၁၅ ခုနှစ်ပညာသင်ဆုရရှိခဲ့ရာ မိခင်ဇာတိမြေအိမ်ပြန်လိုသော စိတ်ကူးအိပ်မက်လေးကို ပြီးပြည့်စုံစွာဖြည့်စွက်ပေးလိုက်သည်။ ၂၀၁၂ ခုနှစ်မှစ၍လုပ်ဆောင်ခဲ့ရာ ယခု တတိယနှစ်ထဲသို့ဝင်ရောက်ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်တွင် လျှောက်တင်သူ ရ၆၄၃ ဦးရှိရာ ကွန်ပျူတာဖြင့် ဆုရရှိသူကျောင်းသား ၂၆၇၆ ဦးကို မဲနှိုက်ခဲ့ပြီး ထိုင်ဝမ်ငွေပေါင်း ၉၉ သိန်း ၈ သောင်း ၈ ထောင် ယွမ်ချီးမြှင့်ထားသည်။

“ကျွန်မကို ပင်ပင်ပန်းပန်းပျိုးထောင်ပေးသည့် အဖေအမေကိုအရမ်းကျေးဇူးတင်ပါတယ်။ ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးပြီး ရရှိသောဆုငွေဖြင့် ဇာတိမြေအိမ်ကိုလွမ်းသောမေမေအတွက် ဗီယက်နမ်သို့ပြန်သွားလည်ပတ်ဖို့ လေယာဉ်လက်မှတ်ဝယ်ပေးလိုက်ပါတယ်။” အသက် ၁၅ နှစ်အရွယ်ပဲရှိသေးသော ကျန်းရီရွှမ်းသည် မိမိအိမ်တွင်းစားဝတ်နေရေးအခြေအနေကို ပိုမိုကောင်းမွန်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ တစ်စိတ်တည်းစဉ်းစားနေသည်။ ရီရွှမ်းသည် ကျောင်းသင်ခန်းစာမှာထူးချွန်သည့်အပြင် ဂျူဒိုနှင့် နပန်းမှာလည်းထူးချွန်သည်။ ပြည်တွင်းပြည်ပမှ ကြီးကြီးသေးသေးပြိုင်ပွဲများမှာပါ၀င်ယှဉ်ပြိုင်ပြီး ဆုတွေအများကြီးရရှိခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးရုံးမှ နေထိုင်သူသစ်နှင့်၎င်း၏သားသမီးပျိုးထောင်ခြင်းနှင့်ပညာသင်ဆုကိုလည်းရရှိခဲ့ပါသည်။ သူမဟာ ရရှိခဲ့သောဆုငွေအားလုံးကို မိမိကိုပင်ပန်းစွာကျွေးမွေးပြုစုပေးသောမေမေအား အိမ်သုံးစရိတ်အဖြစ်ပေးအပ်လိုက်ပြီး ဗီယက်နမ်သို့ ၁၄ နှစ် ကြာမပြန်နိုင်သောအမေကို ဇာတိမြေအိမ်ပြန်ဖို့ လေယာဉ်လက်မှတ်တစ်ဆောင်ဝယ်ပေးလိုက်သည်။

Was this information helpful? Yes    No