:::

ထိုင်ဝမ်မှာ သက်တန်းလွန် ရပ်ဆိုင်း သို့မဟုတ် နေထိုင်လျှင် ဘယ်လိုလုပ်ရမလဲ ?

Hit : 150
Date : 2016/8/3
Updated : 2017/12/5 下午 04:12:00

ထိုင်ဝမ်မှာ သက်တန်းလွန် ရပ်ဆိုင်း သို့မဟုတ် နေထိုင်လျှင် ဘယ်လိုလုပ်ရမလဲ ?
၁. ကိုင်တွယ်ဆောင်ရွက်သည့်ဌာန
(၁) ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်မြို့အသီးသီးမှဝန်ဆောင်မှုကောင်တာ။
(၂) ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်မြို့အသီးသီးမှအထူးစစ်ဆင်ရေးအဖွဲ့။
(၃) ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နယ်ပယ်ရေးရာအဖွဲ့။
၂. လိုအပ်သည့်စာရွက်စာတမ်းများ
(၁) လျှောက်လွှာ။
(၂) နိုင်ငံကူးလက်မှတ် သို့မဟုတ် ခရီးသွားစာရွက်စာတမ်းများ။
(၃) ကြိုတင်ဘွတ်ကင်ပြီးသော ရ ရက်အတွင်းလေယာဉ် (သင်္ဘော) လက်မှတ်။
(၄) သက်တန်းလွန်ခြင်းအကြောင်းရင်း၏ အခြားအထောက်အထားစာရွက်စာတမ်းများ။
(၅) ဒဏ်ငွေ။
၃. ဆောင်ရွက်ချိန်:လာရောက်လျှောက်တင်ချိန်။
၄. သတိပြုရန်အချက်အလက်များ
(၁) လျှောက်တင်သူသည် အရွယ်မရောက်သေးသောသားသမီးနှင့် ရောဂါပြင်းထန်သူမှအပ ကိုယ်တိုင်လျှောက်တင်ရန်လိုအပ်သည်။
(၂) ၉၀ ရက်အောက် သက်တန်းလွန် နေထိုင်(ရပ်ဆိုင်း) ခဲ့သော် နေရပ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ၀န်ဆောင်မှုကောင်တာသို့သွားရောက်လုပ်ဆောင်နိုင်သည့်အပြင် ပြည်ပထွက်ခွာရန် သက်ဆိုင်ရာစာရွက်စာတမ်းများကိုအသင့်ပြင်ပြီး လေယာဉ်ကွင်း(ဆိပ်ကမ်း)ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန နယ်ပယ်ရေးရာအဖွဲ့သို့လည်း သွားရောက်လုပ်ဆောင်နိုင်သည်။
(၃) သက်တန်းလွန်နေထိုင်(ရပ်ဆိုင်း)သော နိုင်ငံခြားသားများအား တရားဥပဒေအရ ပြည်တွင်းပြန်ဝင်ခြင်းတားမြစ်မည်။
သက်တန်းလွန်ရပ်ဆိုင်း သို့မဟုတ် နေထိုင်ခြင်းကို ဒဏ်ပေးရန်နှင့် ပြည်ပထွက်ခွာရန်လုပ်ဆောင်ခြင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၏ တာဝန်ဖြစ်သည်။
စုံစမ်းမေးမြန်းရန်ဌာန : ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန
စုံစမ်းမေးမြန်းရန်ဖုန်း : 02-2388-9393 လိုင်းခွဲ 3122

Was this information helpful? Yes    No