:::

နယူးထိုင်ပေမြို့အစိုးရနေထိုင်သူသစ်အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးသင်တန်း

Label
Location
Hit : 165
Date : 2016/8/2
Updated : 2017/12/6 上午 11:39:00

နယူးထိုင်ပေမြို့အစိုးရမှ နေထိုင်သူသစ်နှင့်၎င်း၏မျိုးဆက်သစ်အလုပ်သမားဝန်ထမ်းများအတွက် အလုပ်ခွင်မဝင်ခင်လေ့ကျင့်ရေးသင်တန်းဖွင့်လှစ်ထားသည်။ အလုပ်ရှိပြီးဒုတိယအလုပ်စွမ်းရည်ပျိုးထောင်လိုသောနေထိုင်သူသစ်နှင့်၎င်း၏မျိုးဆက်အတွက် လိုင်စင်ဖြေဆိုလမ်းညွှန်သင်တန်းဖွင့်လှစ်ထားသည်။ ပါ၀င်သောသင်တန်းကဏ္ဍများမှာ အလှအပကဏ္ဍ(မျက်နှာပိုင်း၊ ကိုယ်ခန္ဓာပိုင်း၊ ဆံပင်၊ လက်သည်းခြေသည်းအလှအပ)၊ မုန့်ဖုတ်ဆိုင်ရာလုပ်ငန်း၊ ကွန်ပျူတာလုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ စက်မှုလုပ်ငန်း စသဖြင့်နေထိုင်သူသစ်လုပ်သားများ ရွေးချယ်ခွင့်အများအပြားရှိပြီး လိုင်စင်ဖြေဆိုရယူရန်လမ်းညွှန်ပေးထားသည်။
ဤစင်တာမှဖွင့်လှစ်ထားသောအသက်မွေးဝမ်းကျောင်းသင်တန်းကို ယခုတိုင်ဆက်လက်ကျောင်းအပ်လက်ခံနေသည်။ တက်ရောက်လိုသောနေထိုင်သူသစ်အလုပ်သမားများ ဒီစင်တာဝဘ်ဆိုက် (http://www.vtc.ntpc.gov.tw) သို့သွားရောက်ရှာဖွေနိုင်သည်။ သို့မဟုတ် 02-8969-2150 ဖုန်းဆက်မေးမြန်းနိုင်သည်။

Was this information helpful? Yes    No