:::

နိုင်ငံပိုင်စီးပွားရေး၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း အရှေ့တောင်အာရှနိုင်ငံဘာသာစကားကျွမ်းကျင်သူပျိုးထောင်ရန်သင်တန်း အကျဉ်းချုပ်

Label
Location
Hit : 234
Date : 2016/3/11
Updated : 2017/12/6 上午 11:46:00

စီးပွားရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးဗျူရိုမှ လုပ်ငန်းရှင်၏လိုအပ်ချက်နှင့်ကိုက်ညီနိုင်ရန် လုပ်ငန်းရှင်ကအရှေ့တောင်အာရှနိုင်ငံဘာသာစကားကျွမ်းကျင်သူလိုအပ်ချက်ကို ရှာဖွေစုစည်း(ဆောင်း)အကဲဖြတ်ပြီး ၂၀၁၅ ခုနှစ်မှစ၍ တရုတ်(တိုင်ပေ)အခြေစိုက် နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကောင်စီ(TAITRA) အား “နိုင်ငံပိုင်စီးပွားရေး၊ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်း အရှေ့တောင်အာရှနိုင်ငံဘာသာစကားကျွမ်းကျင်သူပျိုးထောင်ရန်သင်တန်း” ဆောင်ရွက်ရန်အပ်နှံထားသည်။ လေ့ကျင့်သင်ကြားမည့်အကြောင်းအရာ ရှင်းလင်းချက်များမှာ အောက်ပါအတိုင်း :
၁. နိုင်ငံပိုင်စီးပွားရေး ၂နှစ်တာသင်တန်းတွင် ဗီယက်နမ်၊ အင်ဒိုနီးရှားစကား တိုးချဲ့ဖွင့်လှစ်ထားသည်။ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ၊ စီးပွားရေးနှင့်ကုန်သွယ်ရေး ပရော်ဖက်ရှင်နယ်လေ့ကျင့်သင်တန်းပေးပြီး ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံသို့ ဘာသာစကားသွားရောက်လေ့ကျင့်ရန် ၁၀လခရီးစေလွှတ်မည်။ သင်တန်းပြီးဆုံးလျှင် လုပ်ငန်းရှင်နှင့်အရည်အချင်းရှိသူကိုချိတ်ဆက်စီစဉ်ပေးမည်။
၂. နိုင်ငံပိုင်စီးပွားရေး ၁နှစ်တာသင်တန်းတွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားစကား အလယ်အလတ်အထက်အရည်အချင်းရှိသော နိုင်ငံသားအား သင်တန်းတက်ရန်လက်ခံသည်။ ပြည်တွင်း၌ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ၊ စီးပွားရေးနှင့်ကုန်သွယရေး ပရော်ဖက်ရှင်နယ်လေ့ကျင့်သင်တန်းပေးပြီး သင်တန်းပြီးဆုံးလျှင် လုပ်ငန်းရှင်နှင့် အရည်အချင်းရှိသူကိုချိတ်ဆက်စီစဉ်ပေးမည်။
၃. အထက်ပါသန်တန်းသားများ သန်တန်းပြီးဆုံးလျှင် အလုပ်ခွင်ဝင်ရန်စီစဉ်ပေးမည်။ သင်တန်းသားများ ကိုယ်ရေးအကျဉ်းလော့ဂ်အင်ပြီး ကုမ္မဏီများနှင့်အွန်လိုင်းချိတ်ဆက်လို့ရသည်။
ဤစီမံကိန်းမှတဆင့် ကုမ္မဏီများ အရှေ့တောင်အာရှစျေးကွက်တွင် ရောင်းအားချဲ့ထွင်နိုင်ဖို့ အကူအညီပေးရန် လုပ်ငန်းရှင်များလိုအပ်သော စွမ်းရည်ရှိပုဂ္ဂိုလ်ပျိုးထောင်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင်အသုံးချနိုင်ရန်မျှော်လင့်သည်။

Was this information helpful? Yes    No