:::

ဗဟိုရောဂါခြေချုပ်ချသည့်နေရာမှာ လူထုနှင့် ထိတွေ့မှုရှိမည်မဟုတ်သောကြောင့် ပြည်သူလုထုအနေနှင့် စိုးရိမ်ပူပန်မှု လွန်စွာထားရှိရန်မလိုပါ

Label
Location臺灣
Hit : 5
Date : 2020/6/16
Updated : 2020/6/16 下午 01:45:00

ဇွန်လ 5 ရက်နေ့၌ ပြည်နယ်ကောင်စီဝင်များနှင့် လွှတ်တော်မှ နိုင်ငံခြားမှ ရွှေ့ပြောင်းလုပ်သားများအတွက် သတ်မှတ်ပေးထားသော ဗဟိုုရောဂါခြေချုပ်ချသည့်နေရာများအကြောင်း ဒေသတွင်း အစိုးရမှ သိရှိခဲ့ရခြင်းမရှိသောကြောင့် ဤသည်မှာ နိုင်ငံတွင်း ကပ်ရောဂါကာကွယ်ရေးအတွက် လွတ်ပေါက်ဖြစ်နိုင်ခြင်းရှိမရှိ စိုးရိမ်ပူပန်သောမှတ်ချက်များရှိခဲ့သည်။ ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေး စင်တာမှ ရောဂါခြေချုပ်ချရန်လိုအပ်သူများကို ဝင်ရောက်လာသည်နှင့်တပြိုင်နက် ကပ်ရောဂါဆန့်ကျင်သော ယာဉ်များဖြင့် ဗဟိုရောဂါခြေချုပ်ချသည့်နေရာများသို့ပို့ဆောင်မည်ဖြစ်ပြီး ၎င်းတို့နှင့်လူထု ထိတွေ့ခြင်းလုံးဝရှိမည်မဟုတ်ပါ။ ထို့အပြင် လူထုအတွင်း ကပ်ရောဂါကာကွယ်ရေးတွင် လွတ်ပေါက်များမရှိစေရန် ဆေးဘက်ဆိုင်ရာအမှုထမ်းများမှ ကြီးကြပ်စစ်ဆေးနေချိန်အတွင်း တင်းကျပ်သော ကူးစက်မှုထိန်းချုပ်ရေးစီမံကိန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်မည်ဖြစ်သည်။

2020 ဇန်နဝါရီ လကုန်မှစ၍ နို်င်ငံအတွင်း ဗဟိုရောဂါခြေချုပ််ချသည့်နေရာ 27 ခုသတ်မှတ်ခဲ့ပြီး လူပေါင်း 4,940 ဦးကိုလက်ခံထားရှိခဲ့သည်။ ထိုတွင် ရွှေ့ပြောင်းလုပ်သားပေါင်း 1,160 ဦးပါဝင်သည်။ ထိုရွှေ့ပြောင်းလုပ်သားများမှာ ယခုအချိန်အထိ ကူးစက်လူနာဟုသတ်မှတ်ခံရခြင်းမရှိသလို ဗဟိုရောဂါခြေချုပ်ချနေရာများမှ ဝန်ထမ်းများမှာလည်း ကပ်ရောဂါကူးစက်ခံရခြင်းမရှိသေးပါ။ ဗဟိုရောဂါခြေချုပ်ချနေရာများတွင် ကပ်ရောဂါကာကွယ်ရေး လွတ်ပေါက်များဖြစ်ပေါ်ခြင်း လုံးဝမရှိသေးပါ။

ဗဟိုကပ်ရောဂါထိန်းသိမ်းရေးစင်တာမှ လူထုလုံခြုံရေးအတွက် ကပ်ရောဂါထိန်းသိမ်းရေးတလျှောက် ဒေသတွင်း ကပ်ရောဂါကာကွယ်ရေးလုပ်ဆောင်သူများနှင့်တကွ ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။

Was this information helpful? Yes    No