:::

ဗဟိုကပ်ရောဂါထိန်းသိမ်းရေးစင်တာမှရှင်းလင်းခဲ့သည်မှာ - နာတာရှည်ရောဂါကုသပေးသော နေရာများမှ လူနာများကို အပြင်ထွက်ခြင်းမှ ကန့်သတ်ထားခြင်းမရှိကြောင်း ကြေငြာခဲ့သည်။

Label
Location臺灣
Hit : 5
Date : 2020/6/15
Updated : 2020/6/15 上午 11:34:00

မီဒီယာများအချို့မှ ဂေါင်ရွှန်းမြို့ ကောင်စီဝင်များအနေနှင့် နာတာရှည်ရောဂါကုသပေးသော နေရာများမှ လူနာများကို အပြင်ထွက်ခြင်းမှ ကန့်သတ်ထားခြင်းရှိမရှိ သိလိုကြောင်း သတင်းပေးပို့ခဲ့သည်။ ထို့ကြောင့် ဗဟို ကပ်ရောဂါ ထိန်းသိမ်းရေးစင်တာ (CECC) မှ လူနာများအား အပြင်ထွက်ရောက်ရန် ကန့်သတ်ထားခြင်းမရှိကြောင်း ဇွန်လ 4 ရက်နေ့တွင် ကြေငြာခဲ့သည်။ အကယ်၍ လူနာများအနေနှင့် ဆေးကုသမှု၊ ပြန်လည်ထူထောင်ပေးခြင်းနှင့် အခြားသော လိုအပ်သည့် လူထုပါဝင်ဆောင်ရွက်မှုများ၊ အလုပ်လုပ်နိုင်ရန်ပြန်လည်ထူထောင်ပေးခြင်းများ သို့မဟုတ် အိမ်သို့ပြန်ခြင်းများ ပြုလုပ်ရန်လိုအပ်ပါက အဖွဲ့အစည်း၏ သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများအရ ခွင့်ယူနိုင်သည်။ သို့သော် လူနာများအနေနှင့် အပြင်ထွက်လျှင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ပြင်းထန်စွာပြုလုပ်၍ ဖြစ်စဉ်လုပ်ဆောင်ချိန်တစ်လျှောက် မျက်နှာဖုံးများတပ်ထားသင့်သည်။ လူနာအနေနှင့်ဆေးရုံများ သို့မဟုတ် အသင်းအဝိုင်းမှ အဖွဲ့အစည်းသို့ပြန်လာချိန်တွင် အဖွဲ့အစည်းအဝင်ဝတွင် တစ်ကိုယ်ရေသန့်ရှင်းမှု အပြင်းအထန်ပြုလုပ်ခြင်းခံရမည်။

အသက်ရှုခြင်းနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများပြနေသော၊ ဝူဟန်ရောဂါကူးစက်မှု သို့မဟုတ် ဖျားနာမှုအန္တရာယ်ရှိသူလူနာများကို ထိန်းသိမ်းခြင်း၊ အဖွဲ့အစည်းအဆောက်အအုံအတွင်းသို့ အနံ့၊ အရသာဆိုးများဝင်ရောက်ခြင်း၊ လာရောက်လည်ပတ်သူများနှင့် လည်ပတ်ချိန်တို့အား ကန့်သတ်ခြင်း စသည်တို့ အပါအဝင် အဖွဲ့အစည်းအတွင်းလူနာများ၏ ရောဂါကူးစက်နိုင်ခြေကို လျှော့ချရန်အတွက် သင့်တင့်သော ထိန်းချုပ်မှု စီမံကိန်းများအသုံးပြုရန် ထို အဖွဲ့အစည်းများအား CECC မှပြောကြားခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့ရာတွင် ထိုအဖွဲ့အစည်းအတွင်း နေထိုင်သူလူနာများကို အပြင်ထွက်နိုင်ခြင်းမှ ကန့်သတ်ထားခြင်းမရှိပါ။

ထို့အပြင်် CECC မှ “ကိုဗစ်-19 နှိမ်နင်းရေးနှင့်ပတ်သက်၍ နာတာရှာရောဂါကုသပေးသော အဖွဲ့အစည်းများအတွက် ကူးစက်ရောဂါထိန်းချုပ်ရေး စီမံကိန်း လမ်းညွှန်ချက်များ” တွင်ပါရှိသည့်အတိုင်း ထိုလူနာများမှ ထွက်ခွင့်ယူပြီး အဖွဲ့အစည်းအတွင်းသို့ပြန်လာချိန်တွင် ကူးစက်နိုင်သော အန္တရာယ်ရှိမရှိ ဝန်ဆောင်မှုပေးသူများမှ အကဲဖြတ်စစ်ဆေးသင့်ကြောင်း အကြံပြုခဲ့သည်။ ဥပမာ၊ လူနာများအနေနှင့် တရုတ်ပြည်ပကြီး သို့မဟုတ် နိုင်ငံခြားသို့သွားရောက်ခဲ့ခြင်းရှိမရှိ သို့မဟုတ် ရောဂါလက္ခဏာရှိသူ နိုင်ငံခြားနေ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လက်ပွန်းတတီး နေခဲ့မှုရှိမရှိ၊ သို့မဟုတ် အသက်ရှုလက်ကြောင်းတွင် ရောဂါပိုးစွဲကပ်ခြင်း စသည်တို့ရှိမရှိကို အသေးစိတ်မှတ်တမ်းဖြင့် မေးမြန်းပြီး လိုအပ်သည့်အလျောက်ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။

ကပ်ရောဂါတားဆီးခြင်းလုပ်ဆိုင်ရာ၌ ကပ်ရောဂါဆန့်ကျင်မှု၊ ကယ်ဆယ်ရေးများပို့ဆောင်ပေးမှု၊ စီးပွားရေးပြန်လည်ထုူထောင်နိုင်ရန်လုပ်ဆောင်မှုအတွက် အစိုးရနှင့် နိုင်ငံသားများ အားတူအားမျှ ကြိုးပမ်းလုပ်ဆောင်ပြီး အခက်အခဲများကို အတူတကွကျော်လွှားရန် CECC မှ နှိုးဆော်ခဲ့သည်။

Was this information helpful? Yes    No