:::

ကျွန်ုပ်တို့နိုင်ငံသားများ၏ ကျန်းမာရေးကို ကာကွယ်ရန် တင်းကျပ်သောနယ်စပ်ဒေသထိန်းချုပ်မှု

Label
Location臺灣
Hit : 17
Date : 2020/6/15
Updated : 2020/6/15 上午 11:25:00

ကိုဗဒ်-19 ကပ်ရောဂါနှိမ်နင်းရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် ရောဂါပြန့်ပွားမှုကို ကြိုတင်ကာကွယ်သော အနေနှင့် ကျွနု်ပ်တို့ နိုင်ငံမှ နယ်စပ်ဒေသထိန်းချုပ်ခြင်းနှင့် နိုင်ငံထဲဝင်ရောက်ချိန် ရောဂါခြေချုပ်ထားခြင်း စီမံကိန်းများကို ထည့်သွင်း အကောင်အထည်ဖော်ခဲ့့ကြောင်း ဗဟို ကပ်ရောဂါ ထိန်းသိမ်းရေးစင်တာ (CECC) မှ ကြေငြာခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သောကြောင့် နယ်စပ်ဒေသမှ နိုင်ငံအတွင်း ဝင်ရောက်လာသော လူနာ 138 ယောက်ကျော်ကို ကြားဖြတ်အမည်ဖော်နိုင်ခဲ့ပြီး လူထုထဲဝင်ရောက်နိုင်သည့် လူနာအရေအတွက်နှင့် ကူးစက်ရောဂါပျံ့ပွားခြင်းကို လျှော့ချနိုင်ခဲ့သည်။ ဤစီမံကိန်းများနှင့်တကွ ကျွန်ုပ်တို့သည် ကြိုတင်ပြင်ဆင်ချိန်ရပြီး ပြည်သူ့ဆေးဘက်ဆိုင်ရာစနစ် နှင့် ကပ်ရောဂါတားဆီးခြင်း အချက်အလက်များနှင့် ပတ်သက်၍ တုံ့ပြန်နိုင်ခဲ့သည်။

ကျွန်ုပ်တို့အနေနှင့် တရုတ်နိုင်ငံအတွင်း အမည်မဖော်နိုင်သည့် ပုံမှန်မဟုတ်သောအဆုတ်ရောင် ကပ်ရောဂါကို 2019 ဒီဇင်ဘာလ 31 ရက် တည်းက စောင့်ကြည့်စစ်ဆေးနေခဲ့ကြောင်း CECC မှထောက်ပြခဲ့သည်။ ထိုအချိန်မှစ၍ ခရီးသည်များမှ ကပ်ရောဂါအပြောင်းအလဲများကို ဂရုပြုရန် သတိပေးလိုခြင်းကြောင့် ယာဉ်ပေါ်တက်ရောက်ချိန် ရောဂါခြေချုပ်၊ ယာဉ်ပေါ်၌ထုတ်လွှင့်ခြင်းနှင့် ဆိပ်ကမ်းများတွင် ကြိုတင်သတိပေးမှုများစသည့် မတူညီသော၊ များစွာသော စီမံကိန်းအမျိုးမျိုးကို အစပျိုးခဲ့သည်။ 2020 ဇန်နဝါရီ 22 ရက်နေ့တွင် လူပေါင်း 4,625 ယောက်ကို လေယာဉ်ပေါင်း 38 စီးပေါ်တွင် ရောဂါခြေချုပ်ထားရှိခဲ့သည်။ အထူးသဖြင့် ဇန်နဝါရီ 20 ရက် ယာဉ်ပေါ်တက်ရောက်ချိန် ရောဂါခြေချုပ်ထားရှိခြင်း စီမံကိန်းကို စတင်ခဲ့ချိန်တွင် အစဉ်စောင့်ကြည့် စစ်ဆေးမှုကြောင့် ပထမလူနာကို တွေ့ရှိခဲ့ပြီး ကုသမှုပေးရန်အတွက် ထိုလူနာကို ဘေးကင်းရာသို့ပြောင်းရွှေ့ခဲ့သည်။

ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါ အပြောင်းအလဲများ နှိမ်နင်းရန် တရုတ်၊ ဟောင်ကောင်နှင့် မကာအို တို့မှ ခရီးသွားများ၏ ကျန်းမာရေးအခြေအနေကို မှန်ကန်စွာ ကြေငြာချက်ပြုလုပ်ခြင်းမှာ ဖေဖော်ဝါရီ 11 ရက်နေ့မှစ၍ လမ်းပေါ်ရောက်ခရီးသွားများအားလုံးထံ တိုးချဲ့ပျံ့နှံ့ခဲ့သည်ဟု CECC မှ ပြောကြားခဲ့သည်။ ဝင်ရောက်ပြီးချိန် အပူချိန်စစ်ဆေးမှုနှင့် ရောဂါခြေချုပ်အတွက် ကျန်းမာရေးအကဲဖြတ်ခြင်းပြုလုပ်ပြီး ရောဂါဖြစ်နိုင်ခြေ အန္တရာယ်များသောခရီးသွားများကို လူနာဖြစ်နိုင်သည်ဟုသတ်မှတ်ခံရပါက ဆေးကုသမှုခံယူရန် ဘေးကင်းသောနေရာသို့ပြောင်းရွှေ့ပေးမည်ဖြစ်ပြီး ရောဂါလက္ခဏာအနည်းငယ်ပြသော ခရီးသွားများအတွက်မူ လေဆိပ်တွင် ၎င်းတို့ထံမှ နမူနာယူပြီး စစ်ဆေးမှုအဖြေကို စောင့်ရန် ဗဟို ရောဂါခြေချုပ်ထားရှိသည့်နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ အကယ်၍ ရောဂါမရှိပါက ၎င်းတို့နှင့်အတူ ရောဂါလက္ခဏာမပြသော ခရီးသွားများအနေနှင့် ကပ်ရောဂါ-မရှိ ယာဉ်ကိုစီး၍ အိမ်သို့ဖြစ်နိုင်သမျှအမြန်ဆုံးပြန်ရောက်နိုင်သည် သို့မဟုတ် လူထုကပ်ရောဂါတားဆီးရေးစီမံကိန်းနှင့် ဆက်စပ်ထားသော နယ်စပ်ရောဂါခြေချုပ်စီမံကိန်းများကိုစောင့်ကြည့်လေ့လာရန် အိမ်တွင်းရောဂါခြေချုပ်နေထိုင်ရန်အတွက် ကပ်ရောဂါ-မရှိ ဟိုတယ်တွင် တည်းခိုနေနိုင်သည်။

ခရီးသွားများ၏ကျန်းမာရေး၊ ဆိပ်ကမ်းတာဝန်ကျ အရာရှိများ၊ လေယာဉ်၊ သင်္ဘောအမှုထမ်းများကို လုံခြုံမှုပေးန်ိုင်ရန် အလုပ်အမှုဆောင်များ၏ ကာကွယ်ရေးပစ္စည်းများကို တိုးမြှင့်ပေးပြီး ကပ်ရောဂါတားဆီးမှုပြုလုပ်နိုင်ရန် ခရီးသည်ကာကွယ်ရေးကုဒ်များ ချမှတ်ပေးရန် အရေးကြီးကြောင်း CECC မှ ထောက်ပြခဲ့သည်။ ထို့အပြင် ကျောက်ချရောဂါခြေချုပ် လေယာဉ် 8 စီးနှင့်တကွ ထိုင်ဝမ်နှင့် အခြားနိုင်ငံများသို့ ပြန်ရောက်မည့် ပရိုဂျက်အုပ်စုများဖြင့် ဝင်ရောက်ရန်လုပ်ဆောင်ပေးခြင်းနှင့်အတူ ကပ်ရောဂါဖြစ်သည့်နေရာများတွင်နေထိုင်သော နိုင်ငံသားများမှ ထိုင်ဝမ်သို့ စင်းလုံးငှားလေယာဉ်များဖြင့်ပြန်ရောက်နိုင်ရန် CECC မှ အထောက်အပံ့ပေးခဲ့သည်။ ဤအလုပ်အမှုအားလုံးမှာ ကူးစက်နိုင်ခြေရှိသောသူများကို စီမံခန့်ခွဲအားကောင်းပြီး လူထုထဲ့သို့ ရောဂါပျံ့နှံ့မှု ထိရောက်စွာ တားဆီးရန်ဖြစ်သည်။ ဇွန်လ 1 ရက်နေ့မှစ၍ အိမ်တွင်းရောဂါခြေချုပ်ထားရှိရန် ကြေငြာချက် 150,000 ကျော်ကို နယ်စပ်တွင် ချမှတ်ခဲ့ပြီး ရောဂါလက္ခဏာပြသည့် လမ်းပေါ်ရောက်ခရီးသွား စုစုပေါင်း လူဦးရေ 6,000 ကျော်ကို ဒေသတွင်းစစ်ဆေးခဲ့၍ လူနာပေါင်း 351 ဦးရှိသည့်အနက် နိုင်ငံခြားမှ ဝင်ရောက်ရန်ရှိသည့် လူနာ 138 ဦးကိုတွေ့ရှိခဲ့သောကြောင့် နယ်စပ်တွင် ရောဂါရှိလူနာ 40% ကိုတားဆီးနိုင်ခဲ့သည်။

နယ်စစ်ရောဂါခြေချုပ်မူဝါဒများနှင့် စီမံကိန်းများ၏ အောင်မြင်မှုမှာ ဆေးဘက်ဆိုင်ရာကုသနိုင်စွမ်းအား ထိန်းသိမ်း၍ လူထုအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်အချိန်ပို များရရှိနိုင်စေခဲ့ပြီး ထိုုအောင်မြင်မှုများသည် ဝန်ကြီးဌာနအမျိုးမျိုး၊ ပုဂ္ဂလိကနှင့် အစိုးရ နှင့် နိုင်ငံသားများအားလုံး၏ တပြည်းညီပူးပေါင်းဆောင်ရွက်မှု များကြောင့်ဖြစ်သည်။ အချို့့နိုင်ငံများ၏ လက်ရှိ ကပ်ရောဂါဆန့်ကျင်သည့် စီမံကိန်း လျှော့ချမှုများကြောင့် ကပ်ရောဂါပျံ့ပွားမှုပြန်လည်ဖြစ်ပေါ်လာနိုင်သောကြောင့် ကျွန်ုပ်တို့နိုင်ငံမှ ဤအခြေအနေတွင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာနိုင်သည့် အန္တရာယ်များကို လျှော့ချရန် နယ်စပ်ဘေးအန္တရာယ်ကွပ်ကဲသည့်မူဝါဒကို ဆက်လက်ထားရှိနေပါသည်။ ဥက္ကဌယွမ်မှ နိုင်ငံတွင်း ဆေးကုသမှုပေးနိုင်စွမ်းနှင့် လူထု၏လုံခြံုရေးရှိနေနိုင်စေရန် ပြန်လည်ဖွင့်လှစ်ပေးနိုင်နှုန်းနှင့် အချိန်ကို သတ်မှတ်ရန်အတွက် ကမ္ဘာတစ်ဝှှန်းကပ်ရောဂါအန္တရာယ် သေချာပြန်လည်ဆန်းစစ်ရန် ဌာနအားလုံးဆိုင်ရာ အစည်းအဝေး၊ အရေးပါသည့် စီးပွားရေးကိစ္စများ၊ နိုင်ငံတကာ အလဲအလှယ်များ၊ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများ၊ ရွှေ့ပြောင်းနေထိုင်မှု စီမံခန့်ခွဲခြင်း၊ ရောဂါခြေချုပ်ထားနိုင်မှုပမာဏ နှင့် အခြားအချက်များအတွက် စုဝေးဆုံးဖြတ်ရန် ရက်သတ်မှတ်မည်ဖြစ်သည်။ အရေးအကြီးဆုံးတာဝန်မှာ ကျွန်ုပ်တို့ပြည်သူများ၏ ကျန်းမာသော၊ အေးချမ်းသော ပတ်ဝန်းကျင်ကို ကာကွယ်ပေးရန်ဖြစ်သည်။

Was this information helpful? Yes    No