:::

ထိုင်ဝမ် စီမံခန့်ခွဲရေးဥက္ကဌ ယွမ်သည် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ပရိုဂရမ်မှ NT $3,000 တန်ဖိုးကို NT$1,000 ဖြင့်သာ သုံးကြောင်းကြေငြာခဲ့သည်။

Label
Location臺灣
Data sourceExecutive Yuan
ထိုင်ဝမ် စီမံခန့်ခွဲရေးဥက္ကဌ ယွမ်သည် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ပရိုဂရမ်မှ NT $3,000 တန်ဖိုးကို NT$1,000 ဖြင့်သာ သုံးကြောင်းကြေငြာခဲ့သည်။
ထိုင်ဝမ် စီမံခန့်ခွဲရေးဥက္ကဌ ယွမ်သည် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ပရိုဂရမ်မှ NT $3,000 တန်ဖိုးကို NT$1,000 ဖြင့်သာ သုံးကြောင်းကြေငြာခဲ့သည်။
Hit : 8
Date : 2020/6/12
Updated : 2020/6/12 上午 09:23:00

ဝန်ကြီးချုပ် ဆုကျန်ချန်နှင့် ၎င်း၏ အတွင်းဝန်အရာရှိများမှ အများပြည်သူများအနေနှင့် NT$3000 တန်ဖိုးရှိသော ဘောက်ချာများကို NT$1,000 ဖြင့်ဝယ်ယူနိုင်သော “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ပရိုဂရမ်ကို ဇွန်လ 02 ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့သည်။ စီးပွားရေးလောကကို ပိုက်ဆံသုံးရန်၊ နှိုးဆော်ခြင်းဖြင့် ဤပရိုဂရမ်သည် ထိုင်ဝမ်၏ ကပ်ဆိုက်သောကာလကို အခွင့်အလမ်းတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကို ဘေးကင်းစွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။ အစိုးရမှ ဇွန်လ 7 ရက်နေ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို စီးပွားရေးလောက ပြန်လည်ရှင်သန်အောင်နှိုးဆော်ပေးမည့် အစိုးရ၏ စီမံကိန်းများထဲမှ တစ်ခုအဖြစ် ဖွင့်လှစ်ပေးမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ဆုမှပြောကြားခဲ့သည်။ ဝယ်ယူသူများအနေနှင့် NT$3,000 တန်သော ဘောက်ချာများကို NT$1,000 သာသုံး၍ဝယ်ယူနိုင်သည်။ ထို့သို့ ဝယ်ယူသူများ၏ ငွေကြေးသုံးစွဲမှု တစ်ခုတည်းမှ နှိုးဆော်မှုနှုန်း သုံးဆတက်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မှပြောခဲ့သည်။

လိုအပ်နေသော ပြည်သူများကို ကူညီရန် အလို့ငှာ အစိုးရမှ “ငွေပေးဝေခြင်း”၊ “ချေးငွေအထောက်အကူ” နှင့် “ဘဏ္ဍာရေးဝန်ကယ်ဆယ်ရေး” ပါဝင်သော သုံးဖက်သွား အစီအစဉ်ကို ဖန်တီးပေးခဲ့သည်။ ဤလက်ဦးမှုများရှိနေသော်လည်း ကျန်ရစ်ခဲ့သည့်သူများစွာရှိသေးကြောင်း ဝန်ကြီးချုပ်မှ မိန့်ဆိုခဲ့သည်။ လွန်ခဲ့သော တစ်လအတွင်း အစိုးရမှ တစ်ခါပေးအမတော်ငွေအဖြစ် NT$10,000ဖြင့် ပြည်သူပေါင်း 230,000 ကိုထောက်ပံ့ခဲ့သည်။ “ငွေပေးဝေခြင်း” အရ လိုအပ်သူပြည်သူပေါင်း 3.8 မီလီယံကို NT$70 ဘီလီယံမျှဝေခဲ့သည်။ ထိုအမတော်ငွေများမှ စီးပွားရေးပေါင်း 30,000 ကျော်ကို ပျက်စီးခြင်းမှကာကွယ်နိုင်ခဲ့ပြီး လုပ်သားပေါင်း 340,000 ကို အလုပ်ပြုတ်ခြင်းမှကူညီနိုင်ခဲ့သည်။ “ချေးငွေအထောက်အကူ” ပြုခြင်းတွင် ချေးငှားသူများမှ NT$760 ဘီလီယံတန်ဖိုးရှိသော ချေးငွေဖြင့် ခက်ခဲသည့်အချိန်အခါများတွင် လူတစ်ဦးချင်းစီနှင့် စီးပွားပေါင်း 700,000 ကို ကူညီနိုင်ရန် အတည်ပြုခဲ့သည်။

ထပ်မံ၍ဝန်ကြီးချုပ် ဆုမှ ရေးအားလျှပ်စစ်၊ ဓာတ်ငွေ့၊ အငှားခ၊ အခွန်များ၊ အတိုး စသည်တို့အတွက် “ဝန်လျှော့ခြင်း” အနေနှင့် သက်ညှာခွင့်များ၊ ခြွင်းချက်များထားရှိပေးခဲ့ကြောင်းနှင့် ဤသည်မှတစ်ဆင့် လူတစ်ဦးချင်းစီနှင့် မိသားစုများ စီးပွားရေးပေါင်း 5 မီလီယံကျော် အမြတ်အစွန်းထွက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။ လွန်ခဲ့သည့် တစ်လအတွင်း ဤစီမံကိန်းများမှတစ်ဆင့် 10 မီလီယံမျှရှိသော ပြည်သူများ အကျိုးရလဒ်များစွာရရှိခဲ့သည်။ ဤအကြောင်းအရာနှင့်ပတ်သတ်၍ ဝန်ကြီးချုပ်မှ နိုင်ငံသားများအားလုံး၊ အစိုးရဌာနများအဆင့်ဆင့်မှ အမှုထမ်းများ၊ ပြည်သူလူထုကို အကြောင်းကြားရန် ကယ်ဆယ်ရေး အစီအစဉ်များ သတင်းပို့ပေးသော မီဒီယာကိုလည်း ကျေးဇူးတင်ရှိခဲ့ပါသည်။ “တင်းကျပ်သော နယ်စပ်ဒေသ အန္တရာယ်ထိန်းချုပ်ခြင်းနှင့် လျော့ရဲသော ပြည်တွင်း စီမံကိန်းများ” မူဝါဒကို ဇွန်လ 7 ရက်နေ့မှစ၍ တဖြည်းဖြည်း လျှော့ချသွားမည်ဟု မျှော်လင့်သည်။

ဝန်ကြီးချုပ် ဆုမှ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” အစီအစဉ်ကို သတင်းစာရှင်းလင်းပွဲ၌ကြေငြာသည့်အချိန်တွင် နမူနာဘောက်ချာကိုထုတ်ပြပြီး ဤအချိန်အခါသမယတွင် စီးပွားရေး ကိုနှိုးဆော်နိုင်ရန်နှင့် ပြန်လည်အသက်သွင်းရန် အစိုးရမှ စီမံကိန်းများချမှတ်ပေးဖို့အစီအစဉ်ဆွဲနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း အလေးထားပြောဆိုခဲ့သည်။ ယခုတွင် အစိုးရမှ NT$1,000 ကို NT$3,000 အဖြစ်ပြောင်းလဲသုံးစွဲနိုင်အောင်လုပ်ပေးမည့် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကိုစတင်လိုက်ပြီး တန်ဖိုးကို သုံးဆတိုးတက်သွားစေခဲ့သည်။ ဤစီမံချက်အပေါ်မူတည်၍ လူထုမှ ချက်ခြင်းငွေကြေးရနိုင်ရုံသာမက၊ ထိုပိုက်ဆံကို ချက်ခြင်း အသုံးပြုရမည်ဖြစ်သည်။ သို့မဟုတ််လျှင် ဤဘောက်ချာများမှာ နှစ်ကုန်တွင် အကြုံးဝင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် ဤဘောက်ချာများမှာ ရိုးရိုးဘောက်ချာများမဟုတ်ပဲ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ”များဖြစ်သည်။

ဝန်ကြီးချုပ် ဆုမှထပ်မံပြောကြားသည်မှာ အစိုးရအနေနှင့် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” အား လွယ်ကူစွာ ရယူ၊ အသုံးပြု၊ ပီတိဖြစ်စရာကောင်းပြီး နွေးထွေးမှုအပေးနိုင်ဆုံးဖြစ်အောင် ပြုလုပ်ပေးသည့် “ကောင်းမွန်ခြင်းသုံးခု” နှင့် “နွေးထွေးမှုတစ်ခု” နိယာမကို ကျွမ်းကျင်စွာ အသုံးချနိုင်နေပြီဖြစ်သည်။ မွေးကင်းစကလေးမှ သက်ကြီးပြည်သူများ အထိပါဝင်သော နိုင်ငံတစ်ဝှမ်းတွင်ရှိသော 23 မီလီယံရှိသော နိုင်ငံသားများအပါအဝင် နေထိုင်ခွင့်ရရှိထားသော အိမ်ထောင်သူ 150,000 မှ ဘောက်ချာရယူနိုင်ခွင့်ရှိသည်။ ဘောက်ချာများအတွက်၊ စာတိုက်များ၊ စူပါမားကတ်များ၊ ခရတ်ဒစ်ကဒ်များ၊ အီလက်ထရောနစ် ပိုက်ဆံ၊ အီလက်ထရောနစ် ပေးချေမှုစသည့် ဘောက်ချာရယူနိုင်သော နည်းလမ်းများနှင့် နေရာများရှိပြီး နိုင်ငံသားများအနေနှင့် စားသောက်ခြင်း၊ သောက်သုံးခြင်း၊ ကစားခြင်း၊ အပျော်အပါးအတွက်အသုံးပြုခြင်း၊ ဝယ်ယူခြင်းတို့ပြုလုပ်ရန် အသုံးပြုနိုင်သော်လည်း စတော့များနှင့် လက်ဆောင်လတ်မှတ်များဝယ်ယူခြင်း၊ ကန့်သတ်ထားသောအချိန်အတွင်းအသုံးပြုခြင်းကို ချိုးဖောက်သည့်အခြား ရည်ရွယ်ချက်များအတွက် အသုံးပြု၍မရပါ။ “ပီတိဖြစ်စရာကောင်းသော” အပိုင်းအတွက် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” မစတင်မီ ဝန်ကြီးချုပ်မှ ပြောကြားသည်မှာ သုံးစွဲသူများကို မြှူစွယ်ရန် ဘောက်ချာခွဲတမ်းမြှင့်တင်ပေးခြင်းဖြင့် ဆွဲဆောင်သော အော်ပရေတာများရှိနေပြီဖြစ်သည်။ ထိုကြောင့် $3,000 သည် ဆထက်တံပိုးတိုးလာပြီး အစိုးရ၏ နှိုးဆော်လိုသည့် ရည်ရွယ်ချက်ကို အောင်မြင််စေသည်။

“သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” မှ အနွေးထွေးဆုံးနိယာမအနေနှင့် အစိုးရသည် ချို့တဲ့သော၊ ဝင်ငွေနိမ့်သောအိမ်ထောင်စုများ၊ ဝင်ငွေအလယ်အလတ်ရှိသော အိမ်ထောင်စုစုပေါင်း 1.2 မီလီယံ၏ အကောင့်များသို့ NT$1,000 တိုက်ရိုက်လွှဲပေးခြင်းဖြင့် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို သုံးစွဲဖို့ရယူနိုင်အောင်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဆုမှရှင်းပြခဲ့သည်။

“သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို နောက်လ (ဇူလိုင်လ 15ရက်) တွင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ဆိုင်ရှင်များနှင့် စီးပွားငယ်များမှ ငွေရှင်းလတ်မှတ်ရပြီးချိန် တစ်ပတ်အကြာတွင် ဘဏ်များ၌တောင်းဆိုရယူနိုင်ကြောင်း ဝန်ကြီးချုပ် ဆုမှထောက်ပြခဲ့သည်။ ထို့အပြင် ဤအလဲအလှယ်လုပ်နိုင်သော ကာလမှာ နောက်နှစ်မတ်လ (2021) အထိသာအကျံုးဝင်မည်ဖြစ်ပြီး စီးပွားရေးအတွက် ကုန်ကြမ်းများအပါအဝင် ဝယ်ယူနိုင်သော ပစ္စည်းကန့်သတ်ထားခြင်းမရှိပါ။

အစိုးရမှ စီးပွားရေး ပြန်လည်အသက်သွင်းရန် အတွက် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” စီမံကိန်းကို မိတ်ဆက်ပေးပြီး ၎င်းအား တစ်ကမ္ဘာလုံးမှ ကပ်ရောဂါတားဆီးခြင်းအတွက်သာမက လူသားအားလုံး ပြဿနာမှ လွတ်မြောက်စေရန် စီမံကိန်းအဖြစ်လည်းလုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ဝန်ကြီးချုပ် ဆုမှပြောကြားခဲ့သည်။ ဤသည်မှတစ်ဆင့် ကပ်ရောဂါကာလအတွင်း ထိုင်ဝမ်အနေနှင့် အကျပ်အတည်းမှ ရုံးထွက်နိုင်ပြီး ဤခက်ခဲသောကာလများအတွင်း သုခဘုံဖြစ်လာနိုင်စေရန် အကူအညီပေးနိုင်ပါသည်။

စီမံခန့်ခွဲရေးဥက္ကဌ ယွမ်၏ ဌာနလက်ကိုင် မပါရှိသော ဝန်ကြီး အော်ဒရေ တန်မှ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို ဒစ်ဂျစ်တယ်နှင့် စာရွက်ဖောင်အဖြစ်် နှစ်မျိုးခွဲထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဒစ်ဂျစ်တယ် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို ခရက်ဒစ်ကတ်၊ အီလက်ထရောနစ်ပိုက်ဆံနှင့် အီလက်ထရောနစ် ပေးချေမှုအဖြင့် ဆက်ခွဲထားသည်။ အီးဇီးကတ်၊ အိုင်ပတ်စ်နှင့် အခြားတို့မှာ အီလက်ထရောနစ်ပိုက်ဆံဖြစ်ပြီး မိုဘိုင်းငွေပေးချေမှုမှာ အီလက်ထရောနစ် ပေးချေမှုဖြစ်သည်။ ပေးချေမှုစနစ်နှင့်ချိတ်ဆက်ပြီးချိန်တွင် ပြည်သူများအနေနှင့် ဇူလိုင်လ 15 ရက်မှစ၍ စတင်သုံးစွဲနိုင်ပြီဖြစ်ပြီး သုံးစွဲမှုပမာဏ NT$3,000 ရောက်ချိန်တွင် အော်ပရေတာမှ အသုံးပြုသူထံ SMS, APP အသိပေးကြားချက်များနှင့် အခြားထုတ်လွှင့်ခြင်းတို့ဖြင့် အသိပေးမည်ဖြစ်သည်။ သို့မဟုတ် အသုံးပြုသူများမှ သုံးစွဲသည့် အီလက်ထရောနစ် ပိုက်ဆံ ပြည့်မပြည့် ကုန်ဆုံဆိုင်များတွင်လည်းသွားရောက် စစ်ဆေးနိုင်သည်။ တုံ့ပြန်ချက်အနေနှင့် ခရက်ဒစ်ကဒ်ကို ဥပမာအနေနှင့် ကြည့်လျှင်၊ သုံးစွဲသည့်ပမဏ NT$3,000 ကျော်ပါက NT$2,000 ဖြတ်တောက်မည်ဖြစ်သည်။ အီလက်ထရောနစ် ပေးချေမှုကို ဘဏ်၌ပြုလုပ်လျှက် NT$2,000 ကို တိုက်ရိုက်လွှဲပေးမည်ဖြစ်သည်။ ထို့အပြင် အစိုးရမှ NT$2,000 ကို ငွေသားအနေနှင့် ATM မှတိုက်ရိုက်ထုတ်ယူနိုင်သည့်နည်းလမ်းကို ထည့်သွင်းစဉ်းစားနေသည်။ သုံးစွဲသူအနေနှင့် သုံးစွဲမှုကို ချန်နယ်တစ်ခုခု ဖြင့်ချိန်ဆက်ပြီးဖြစ်သော်လည်း အခြားနည်းလမ်းကောင်းတစ်ခုထပ်တွေ့ခဲ့လျှင် ချိတ်ဆက်မှုကိုရပ်တန့်နိုင်ပြီး ယခင်သုံးစွဲထားခြင်းအတွက်သာ ဖြတ်တောက်ခံရမည်ဖြစ်သည်။ ပြည်သူများအနေနှင့် အထက်ဖော်ပြပါ နည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်သည်။ ချုံငုံပြောရလျှင် “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ကို အားလုံး အသက်သာဆုံးနည်းလမ်းဖြင့် ရယူနိုင်ရန် မျှော်လင့်ပါသည်။

စီးပွားရေးရာဝန်ကြီး ရှန်ဂျံုချင်မှ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” ဒစ်ဂျစ်တယ်ချိတ်ဆက်မှုနှင့် စာရွက် ကြိုတင်ဝယ်ယူမှုကို ဇူလိုင်လ 1 ရက်နေ့တွင် စတင်ပြုလုပ်နိုင်မည်ဖြစ်ပြီး စတင်သုံးစွဲမှုကို ဇူလိုင်လ 15 ရက် စတင်၍ ဤနှစ်ကုန် 31 ရက်နေ့အထိပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ” စာရွက် နှင့်ပတ်သက်၍ အစိုးရမှ ပြည်သူများကို ဇူလိုင်လမှစ၍ နာမည်-အစစ်စနစ် မျက်နှာဖုံးများအား ကျန်းမာရေး အာမခံကဒ်များနှင့်တကွ ကုန်ဆုံဆိုင်များ၊ ဝဘ်ဆိုဒ်များတွင် မှာယူနိုင်ကြောင်း သို့မဟုတ် ဇူလိုင်လ 15 ရက်မှစ၍ စာတိုက်သို့သွားရောက်ဝယ်ယူနိုင်ရန် ခွင့်ပြုမည်ဖြစ်သည်။ ဘောက်ချာပြန်လည်ရွေးနှုတ်ခြင်း အလဲအလှယ်လုပ်ပေးသည့် စတိုးဆိုင်များအတွက် စီးပွားရေးနံပါတ်ပေါင်းစည်းထားသည့် စတိုးများအနေနှင့် လဲလှယ်ရန်အတွက် စာတိုက်နှင့် ဘဏ်သို့သွားရောက်နိုင်ပြီး စီးပွားရေးနံပါတ်ပေါင်းစည်းထားခြင်းမရှိသည့် စတိုးဆိုင်များအနေနှင့် စာတိုက်နှင့် ဘဏ်တို့တွင် အလဲအလှယ်ပြုလုပ်နိုင်ရန် စီးပွားရေးမြို့နယ်၊ ညဈေးစီမံရေးကော်မတီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အဖွဲ့အစည်းနှင့် အခြားဌာနများအားအပ်နှံနိုင်သည်။ ထို့နောက် အကောင့်အတွင်း သို့ပိုက်ဆံလွှဲပြီးချိန်တွင် စတိုးဆိုင်သို့လွှဲပြောင်းပေးမည်ဖြစ်သည်။ ဤသည်မှ “သုံးထပ်ကွမ်းနှိုးဆော်သည့် ဘောက်ချာ”အနေနှင့် “တစ်ထောင်မှသုံးထောင်သို့” ပြောင်းလဲပေးရန်အထောက်အကူ ပြုပေးရုံသာမက စီးပွားရေးနှိုးဆော်ရန် ပလတ်ဖောင်းနှင့် စတိုးဆိုင်ပိုင်ရှင်များမှလဲ အစိုးရမူဝါဒများကို အလိုက်သင့်လုပ်ဆောင်ပြီး တုံ့ပြန်မှုတိုးပွားလာစေမည်ဖြစ်သည်။ အမြတ်အစွန်း NT$100 ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားပါသည်။

Was this information helpful? Yes    No