:::

ကျွန်ုပ်တို့၏ နိုင်ငံသားများကျန်းမာရေးကို စောင့်ရှောက်နိုင်ရန် ဆေးဘက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ကိုတိုးမြှင့်ပြီး စစ်ဆေးမှုပမာဏကို တိုးချဲ့ရန်

Label
Location臺灣
Hit : 8
Date : 2020/6/11
Updated : 2020/6/11 上午 10:51:00

ကမ္ဘာတစ်ဝှမ်း ကိုဗစ်-19 ကပ်ရောဂါ ပျံ့နှံ့မှုနှိမ်နင်းရေးလုပ်ဆောင်ရာတွင် ဆေးဘက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ခိုင်မာစေရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ရည်ရွယ်ချက် 3 ခုပင်ရရှိပြီးဖြစ်ကြောင်း CECC မှ 2 ရက်နေ့တွင် ပြောကြားခဲ့သည်။
ပျံ့ပွားမှုအားအရှိန်လျော့စေခြင်း - အချိန်တိုအတွင်း ရုတ်ချည်းကူးစက်လူနာတိုးပွားမှုကို ရှောင်ကျဉ်နိုင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာစနစ်နှင့် လူမှုနေ့စဉ်ဘဝ အပေါ်တွင် သက်ရောက်မှုကို ရှောင်ကျဉ်နိုင်ခဲ့သည်။ လူနာတွေ့သည်နှင့် တပြိုင်နက် ရောဂါကူးစက်မှုနှုန်းကို လျှော့ချရန် အနီးကပ်ထိတွေ့ခြင်းများကို ရပ်တန့်သည်။
ဆေးလက်နှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် လုပ်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းရန် ပင်တိုင် လူအင်အားကိုထိန်းထားခြင်း - အသင်းအဖွဲ့အတွင်းမှု ဝန်ထမ်းများ ရောဂါကူးစက်ခြင်းမှရှောင်ရှားသည်။ လူအများကူးဆက်ခြင်းဖြစ်ပွားပါက ၎င်း၏အတိုင်းအတာနှင့် ကူးစက်သူလူနာဦးရေ ကိုထိန်းချုပ်ရန် ကြားဖြတ်စီမံကိန်း ချမှတ်သည်။
ရောဂါအပြင်းအထန်ဖြစ်ခြင်း နှင့် သေဆုံးခြင်း အရေအတွက်ကို လျှော့ချခြင်း - ပြင်းထန်သောဖျားနာခြင်းများကို တားဆီးပြီး ဆေးဘက်ဆိုင်ရာ ဦးစားပေးခြင်းကို ချိန်ညှိ၍ ပြင်းထန်ရောဂါရ လူနာအား အရင်းအမြစ်များ မြှုပ်နှံ၍ စောင့်ရှောက်သည်။

ပြည့်စုံသော ဆေးဘက်ဆိုင်ရာ ရောဂါအမည်ဖော်ခြင်းနှင့် ကုသခြင်း၊ နို်င်ငံတွင်း စစ်ဆေးနိုင်စွမ်း ချဲ့ထွင်ရန် အဆောင်ပေါင်း 45 ဆောင်သတ်မှတ်ထားပြီဖြစ်ကြောင်း CECC မှ ပြောကြားခဲ့ပြီး ထိုဌာနများမှ တစ်နေ့လျှင် စစ်ဆေးမှုလူနာပေါင်း 5,900 ကျော်အများဆုံး စစ်ဆေးနိုင်၍ ထိုစစ်ဆေးမှုအရေအတွက်မှာ လုပ်နိုင်စွမ်း ပမာဏ၏ 4% ရှိသည်။ ထို့အပြင် စစ်ဆေးမှုမှတ်တမ်းကို 24 နာရီအတွင် းရယူနိုင်ရန် စစ်ဆေးရန်ယူရသော အချိန်ကိုလည်း နည်းပါးအောင်လုပ်ခဲ့သည်။

ထို့အပြင် CECC မှ ဆေးရုံများ၏ လက်ခံရယူနိုင်သောပမာဏနှင့် ကုသနိုင်စွမ်းပမာဏတို့ကို စစ်ဆေးသင့်သည်။ နက်ဂဒစ်ဖ်ဖိအားပေး သီးခြားအဆောင် 963 ဆောင်၊ အထွေထွေသီးခြားအဆောင် 1,031 ဆောင်၊ အထူးအဆောင်များတွင် လူနာကုတင်ပေါင်း 2,175ခု၊ စုစုပေါင်း ကုတင် 4,169ခုနှင့် လစ်ဟင်းမှုနှုန်း စုစုပေါင်း 68% ရှိသည်။ လက်ရှိအခြေအနေကို ကြည့်ပါက လုံလောက်သော ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များရှိသောကြောင့် လူနာများကို ဦးစားပေးဆေးရုံတင်ပေးနေသည်။ ကပ်ရောဂါဆိုးရွားလာပြီး ဆေးရုံအဆောင်များမှာ အခြေအနေထိန်းသိမ်းရာ မလုံလောက်တော့ပါက ရောဂါလက္ခဏာအနည်းအကျဉ်းသာပြပြီး ပြင်းထန်သောကုသမှုမလိုအပ်သည့် လူနာများကို လက်ရှိတည်ထောင်ထားသည့် ဗဟို ရောဂါခြေချုပ်နေရာ 27 နေရာသို့ပို့ဆောင်မည်ဖြစ်သည်။ ဆေးရုံဆောင်များနှင့် ဗဟို ရောဂါခြေချုပ်နေရာများ၏ လူနာထားရှိနိုင်မှု ပမာဏ ကျော်လွန်ခဲ့ပါက ချက်ခြင်း လက်ခံနိုင်မှုနှင့် ကုသနိုင်စွမ်းပမာဏတိုးချဲ့နိုင်သော လျင်မြန်စွာတပ်ဆင်နိုင်သည့် နက်ဂဒစ်ဖ်ဖိအားပေး သီးခြားဆောင်များကို အသုံးပြုမည်ဖြစ်သည်။

ရည်ရှည်စောင့်ရှောက်ရေး စနစ်လုပ်ဆောင်နိုင်စေရန် နှင့် လူအများကူးစက်ခြင်းမှရှောင်ရှားရန် ရည်ရှည်စောင့်ရှောက်မှုပေးသော အဆောက်အဦးများ၏ လက်ခံနိုင်စွမ်းနှင့် ကုသနိုင်စွမ်းပမာဏကို စစ်ဆေးပြီးကြောင်း CECC မှ ထောက်ပြခဲ့သည်။ စစ်ဆေးမှုမှတွေ့ရှိသည်မှ လွတ်ဟင်းနေသော ကုတင်ပေါင်း 12,000 ရှိသည်။ ထို့အပြင် ဒေသတွင်း အစိုးရမှ လက်ခံရယူသော နေရာများကို ရည်ရှည် နေထိုင်ပြီးစောင့်ရှောက်မှုရယူသော အဆောက်အဦးများအဖြစ် စီမံပေးခဲ့ပြီး၊ ကုတင်ပောင်း 1,200 ထောက်ပံ့ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းအတွင်း ရောဂါရှိလူနာများတွေ့ရှိပါက ဆက်သွယ်ရန်စာရင်းတွင်ပါရှိသော နေထိုင်သူများကို ဗဟိုလက်ခံရယူသောနေရာသို့ ဦးစားပေး ပို့ဆောင်ရန်ဖြစ်သည်။ ထိုနေရာများတွင် တစ်ဦး တစ်ခန်းသီးခြားပေးထားပြီး အဖွဲ့အစည်းအတွင်း ကပ်ရောဂါ ပျံ့ပွားမှုကို ရှောင်ရှားရန် စောင့်ရှောက်မှုပေးရန်အတွက် လူအင်အားကို အချိန်နှင့်အမျှ ထောက်ပံ့ပေးမည်ဖြစ်သည်။

ရောဂါပျံ့ပွားမှုဖြစ်ပေါ်သောအခါ လူထုကျန်းမာရေးကိုကာကွယ်ပေးရန် လုံလောက်သော ဆေးဘက်ဆိုင်ရာကူညီနိုင်စွမ်းပမာဏရှိနိုင်စေဖို့ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို တိုးမြှင့်ရန် ဆေးဘက်ဆိုင်ရာ အရေးပေါ်နှင့် ကြိုတင်ပြင်ဆင်မှုနည်းဗျူဟာများကို ဆက်လက်မြှင့်တင်မည်ဖြစ်ကြောင်း CECC မှပြောကြားခဲ့သည်။

Was this information helpful? Yes    No