:::

ကပ်ရောဂါအခြေအနေမှာ တဖြည်းဖြည်း ကောင်းမွန်လာပြီဖြစ်ပြီး ထိုင်ဝမ်မျက်နှာဖုံးထုတ်လုပ်ရေး အသင်းမှ ကျွန်ုပ်တို့၏ နိုင်ငံသားများကိုသာမက နိုင်ငံရပ်ခြားမှလူထုကိုလဲ ကူညီပေးခဲ့ပါသည်။

Label
Location臺灣
Hit : 9
Date : 2020/6/11
Updated : 2020/6/11 上午 10:46:00

မျက်နှာဖုံး လိုအပ်ချက်များအတွက် မျှမျှတတပြုလုပ်ပေးနိုင်ရန် ကိုဗစ်-19 ရောဂါကို နှိမ်နင်းရေးလုပ်ဆောင်ချိန်အတွင်း မျက်နှာဖုံးများ ချောဆွဲခြင်း မူဝါဒကို 2020 ခုနှစ် ဇန်နဝါရီ 31 ရက်နေ့မှ မေလကုန်အထိ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ဗဟို ကပ်ရောဂါ ထိန်းချုပ်ရေး စင်တာ (CECC) မှ ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင်လည်း CECC မှမျက်နှာဖုံးထုတ်လုပ်စွမ်းကို တိုးမြှင့်နိုင်ရန် ပြုလုပ်ခဲ့ခြင်းကြောင်း တစ်နေ့လျှင် 2.71 မီလီယံမှ 20 မီလီယံနီးပါးတိုးမြှင့် ထုတ်လုပ်နိုင်ခဲ့သည်။

နိုင်ငံသားများအနေနှင့် 6,000 ကျော်ရှိသော ဆေးဆိုင်များ၊ ကျန်းမာရေးစင်တာများတွင် နို်ငံသားကျန်းမာရေးအာမခံကဒ်များဖြင့် မျက်နှာဖုံးဝယ်ယူနိုင်ပြီး မျှမျှတတဖြစ်စေရန် ဖေဖော်ဝါရီလ 6 ရက်နေ့၌ နာမည်အစစ် မျက်နှာဖုံး စနစ်ကို အကောင်အထည်ဖော်ရန် ကျွန်ုပ်တို့နိုင်ငံမှာ ကမ္ဘာပေါ်ရှိအခြားသောနို်င်ငံများထက် ရှေ့ပြေးနေသည်ဖြစ်ကြောင်း CECC မှ ထောက်ပြခဲ့သည်။ ထို့အပြင် နိုင်ငံသားများအနေနှင့် အွန်လိုင်းတွင်ကြိုတင်မှာယူပြီး ကုန်စုံဆိုင်များ၊ စူပါမားကတ်များတွင် မျက်နှာဖုံးများရယူနိုင်ရန် မတ်လ 21 နှင့် ဧပြီ 22 တို့တွင် နာမည်အစစ် စနစ် 2.0 နှင့် 3.0 ဗားရှင်းအသီးသီး ထုတ်ဖော်ခဲ့သည်။ ကျွန်ုပ်တို့နိုင်ငံသားများအနေနှင့် ကုန်စုံဆိုင်များတွင် ကြိုတင်မှာယူခြင်း၊ သွားရောက်ယူခြင်းများလုပ်နိုင်သောကြောင့် မျက်နှာဖုံး ရယူနိုင်စွမ်း ဆထက်တံပိုး တိုးမြင့်ခဲ့သည်။ အခြားတစ်ဖက်တွင် နေ့စဉ်မျက်နှာဖုံးထုတ်လုပ်နိုင်စွမ်းနည်းတူ ဝယ်ယူနိုင်သော မျက်နှာဖုံးအရေအတွက်မှာလည်း တစ်ပတ် 2 ခုမှ 9 ခုအထိမြင့်တက်လာခဲ့ပြီး မျက်နှာဖုံး စုစုပေါင်း 700 မီလီယံကျော်ကို ပြည်သူထံသို့ ထောက်ပံ့ပေးပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံရပ်ခြားမှ ကျွန်ုပ်တို့၏ ပြည်သူများအား စောင့်ရှောက်ရန်အတွက် နိုင်ငံသားများမှ နိုင်ငံခြားတွင်ရှိသော ဇနီး၊ခင်ပွန်းများ အမျိုးများကို နှစ်လတစ်ကြိမ် မျက်နှာဖုံးအခု 30 ပို့နိုင်ရန် CECC မှ ပြည်ပသို့တင့်ပို့ခြင်းပိတ်ဆို့မှု ကန့်သတ်ခြင်းကို ဧပြီလ 9 ရက်နေ့တွင် ဖွင့်ပေးခဲ့သည်။

ထို့နောက် CECC မှ နို်င်ငံတွင်း ကပ်ရောဂါ တစ်ဖြည်းဖြည်းဆုတ်ရုပ်လာပြီး ကပ်ရောဂါအတွက် လုံလောက်သော စာရင်းစစ်တမ်းရှိနေရန် ဇွန်လ 1 ရက်နေ့မှစ၍ တစ်ရက်လျှင် မျက်နှာဖုံးအခု 8 မီလီယံရှိ တိတိချောဆွဲမည်ဖြစ်ကြောင်း ရည်ညွှန်းခဲ့သည်။ အခြားပြည်တွင်းထုတ်လုပ်မှုများအတွက် ပိတ်ဆို့မှုကို ရပ်တန့်လိုက်ပြီဖြစ်သောကြောင့် မျက်နှာဖုံးများကို ထိုင်ဝမ်တွင် သို့မဟုတ် ပြည်ပတွင်လည်းရောင်းချနိုင်ပြီ ဖြစ်သည်။ သို့ရာတွင် ထိုင်ဝမ်မျက်နှာဖုံးအသင်း မှ၎င်းတို့၏ထုတ်လုပ်မှုကိုတိုးမြှင့်လိုက်ခြင်းမှာ ကျွန်ုပ်တို့၏ နို်င်ငံသားများကိုသာမကပဲ အခြားနိုုင်ငံများကိုပါကူညီနိုင်သောကြောင့် နာမည်အစစ် စနစ် ကို ဆက်လက်ကျင့်သုံးမည်ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံသားများအနေနှင့် MIT မျက်နှာဖုံးများကို တစ်ခုလျှင် NT $5 ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် တင်ပို့ခြင်း ခွင့်ပြုချက်ရယူရန် မလိုတော့ပဲ သယ်ယူခြင်း၊ ပို့ဆောင်ခြင်း သို့မဟုတ် နိုင်ငံခြားသို့ ချောပို့ဖြင့် ပေးပို့ခြင်း တို့အပေါ်ကန့်သတ်ချက်များ ထားရှိတော့မည်မဟုတ်ပါ၊ မျက်နှာဖုံးများ 100 မီလီယံအောက်ရောက်သွားသည်နှင့်တပြိုင်နက် ချောဆွဲမည့်ပမာဏကို 12 မီလီယံသို့တိုးမြှင့်မည်ဖြစ်သည်။

ကျွန်ုပ်တို့နိုင်ငံသားများလိုအပ်သော မျက်နှာဖုံး အရေအတွက်ကို ဖြည့်စည်းပေးနိုင်မည်ဖြစ်ကြောင်း CECC မှပြောကြားခဲ့ပြီး လက်နက်ကိုင်တပ်သားများမှ အရံအမှုထမ်းများ၏ ပြည့်စုံသောထောက်ပံ့မှု၊ မျက်နှာဖုံးရယူခြင်း အစဉ်အလာကို ကြပ်မတ်ပေးသော ထိုင်ဝမ် အဝတ်အထည်သုတေသနပြု အဖွဲ့အစည်း၊ ထောက်ပံ့ပို့ဆောင်ရေး တာဝန်ကို ထမ်းဆောင်ပေးခဲ့သော ချန်ဟွာသတင်းစာတို့ကို ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။ MIT ၏ အရည်အသွေးကိုထိန်းသိမ်းနိုင်ရန် နှင့် လုပ်ငန်းမှ နိုင်ငံလတ်မှတ်ရရှိနိုင်ရန် ထိန်းကြောင်းခြင်း လမ်းညွှန်ခြင်းတို့ပြုလုပ်ရန်အတွက် အနာဂတ်တွင် CECC မှ အရည်အသွေးထိန်းချုပ်သောစနစ်အသစ်ကို မြှင့်တင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နို်င်ငံပိုင် ကပ်ရောဂါကာကွယ်ရေး ပစ္စည်းလုပ်ငန်းကို နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သည်။

Was this information helpful? Yes    No