:::

ထိုင်ဝမ်နိုင်ငံ၏ ကူးစက်ရောဂါ အခြေအနေသည် ကောင်းမွန်သည့်အနေအထားတွင်ရှိနေပြီး ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်သည့်အတွက် အထွေထွေစစ်ဆေးခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် မလိုအပ်တော့ပါ။

Label
Location臺灣
Hit : 6
Date : 2020/6/8
Updated : 2020/6/8 上午 11:30:00

မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သည့် အယ်ဒီတာအာဘော်ကဏ္ဍနှင့်ပတ်သက်၍ တုံ့ပြန်ရာတွင်၊ အစိုးရသည် လူမူရပ်ဝန်းအတွင်း အထွေထွေစစ်ဆေးခြင်းအား ဆောင်ရွက်သင့်သည်ဟု ပါရှိပြီး၊ ကူးစက်ရောဂါ ဆိုင်ရာ ထိန်းချုပ်ရေးဗဟိုမှ ယနေ့တွင်ပြောကြားသည်မှာ၊ နိုဗယ်ကိုရိုရာ အဆုတ်ရောင်ရောဂါနှင့် သက်ဆိုင်၍ နိုင်ငံအတွင်း အထွေထွေစစ်ဆေးခြင်းအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စုဆောင်းထားပြီးသည့် နိုင်ငံတကာမှ ဆောင်ရွက်ပြီးသည့် ရလဒ်များနှင့် ဆက်နွယ်၍ နိုင်ငံအများစုဆောင်ရွက်သည့်အတိုင်း အထွေထွေစစ်ဆေးခြင်းသည် ကာကွယ်ဆေးအတွက် စမ်းသပ်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု စစ်ဆေးခြင်းမှထွက်လာသည့် ရောဂါတွေ့ရှိရမှုသည် ကြီးမားကျယ်ပြန့်စွာဖြစ်နေသည့် အနေအထားနှင့် နှိုင်းယှဉ်လျှင် ၁၀% ထက်လျော့နည်းနေပြီး၊ အဖွဲ့လိုက်နေထိုင်သည့် လူမူအသိုင်းအဝန်းမှ ကာကွယ်မှုလုပ်ထားသည့် နှုန်းထားနှင့် ယှဉ်လျှင် အလွန်နည်းပါးသည်။ ( အနည်းဆုံးအားဖြင့် လူဦးရေစုစုပေါင်း၏ ၅၀% သည် ကိုယ်ခံစားကောင်းမွန်သည်ကို တွေ့ရှိရသည် ) ထပ်ပေါင်းဆိုရလျှင်၊ ပျံ့နှံ့နေသည့်အချိန်အတွင်း၌ အချိန်ကာလတစ်ခုတွင် ပြုလုပ်သည့် ကိုယ်ခံအားစစ်ဆေးခြင်းသည် မှားယွင်းသည့်ရလဒ်ဖြစ်သည့် မစစ်မှန်သည့် ပိုးတွေ့ရှိရမှုကို ဖြစ်လာနိုင်စေပြီး ၄င်းသည် လူထုအား ၄င်းတို့တွင် ကာကွယ်နိုင်သည့် စွမ်းအားရှိသည်ဟု ထင်မြင်လာစေနိုင်ပြီး မိမိကိုယ်မိမိကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ရသည့် လုပ်ငန်းများအား လျစ်လျူရှု့လာစေနိုင်သည်။ ၄င်းအပြင်၊ အကယ်၍ ခုခံအားစစ်ဆေးခြင်းရလဒ်သည် အပေါင်းလက္ခာဖြစ်ပါက၊ ၄င်းကာကွယ်နိုင်သည့်စွမ်းအား၏ ကြာချိန်အား သုတေသနရလဒ်ဖြင့် တိကျစွာ ဖော်ထုတ်နိုင်မှုမရှိသေးသည့်အတွက် သံသယဖြစ်ဖွယ် ရှိနေသည်။ ထို့ကြောင့် ထိရောက်သည့်ကာကွယ်ဆေးအား အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်း မရှိခင်နှင့် ကာကွယ်ဆေးမထိုးနှံနိုင်ခင်အတွင်း၊ တကျော့ပြန်ဖြစ်လာမည့် ကူးစက်ရောဂါလှိုင်းတွင် သက်ရောက်မှု လျော့ချနိုင်ရန်အတွက် လူအများသည် ကျန်းမာရေးဆိုင်ရာ ပြဌာန်းချက်များအား တက်တက်ကြွကြွလုပ်ဆောင်ရန်လိုအပ်နေသေးသည်။ နူလစ်စက် အက်ဆက်ဖြင့် တိုင်းတာစစ်ဆေးခြင်းရလဒ်အပေါ် စုံစမ်းစစ်ဆေးရာတွင် ကူးစက်ရောဂါဖြစ်ပွားနေသည့် နိုင်ငံအချို့မှ လူများအား စမ်းသပ်ရာတွင် လူဦးရေ၏ ၅% တွင်သာ ကူးစက်ရောဂါကူးစက်ခံရသည်ကို တွေ့ရှိရပြီး၊ ထို့ကြောင့် ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည့် လက်ရှိကျွန်ုပ်တို့၏ နိုင်ငံတွင် အထွေထွေစစ်ဆေးခြင်းအား အကောင်ထည်ဖော်ဆောင်ရွက်ရန် မလိုသေးပါ။ CECC မှ အများပြည်သူအား လက်သန့်စင်ရေးနှင့် ချောင်းဆိုးခြင်းတို့အတွက် သေချာစွာဆောင်ရွက်ကြရန် အမြဲသတိပေးနေပြီး၊ အကယ်၍ တစ်စုံတစ်ယောက်မှ လူမူအကွာအဝေးအား အပြင်ထွက်စဉ် မထိန်းသိမ်းနိုင်ပါက အခြားသူများအား နှာခေါင်းစည်းတပ်ဆင်ကြရန်အတွက် တောင်းဆိုးထားသည်။ နိုင်ငံရပ်ခြားမှ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင်လည်း အကယ်၍ တစ်စုံတစ်ယောက်သည် ကိုယ်ပူချိန်ရှိနေပြီး ချောင်းဆိုး၍ မသက်သာသည့်လက္ခဏာများပြသနေပါက၊ တစ်စုံတစ်ယောက်မှ လေဆိပ် နှင့် လေဆိပ်စောင့်ကြည့်ရေး နှင့် ကူးစက်ရောဂါ ကာကွယ်ရေးသို့ အသိပေးအကြောင်းကြားသည့် လုပ်ဆောင်မှုမျိုးအား ပြုလုပ်သင့်သည်။ နိုင်ငံရပ်ခြားမှ အိမ်သို့ပြန်ရောက်ပါက ၁၄ ရက် စောင့်ကြည့်ကာလာအား သတ်မှတ်၍ အကောင်ထည်ဖော်လုပ်ဆောင်သင့်သည်။ အကယ်၍ တစုံတစ်ယောက်မှ မသင်္ကာဖွယ်လက္ခဏာများအား တွေ့ရှိခဲ့ပါက ကျေးဇူးပြု၍ ကျန်းမာရေးဆိုင်ရာ ဗျူရို သို့မဟုတ် ဒေသနှင့်မြို့တော် ပြုစုရေးစင်တာ သို့အကြောင်းကြားသင့်ပြီး၊ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကုသမှုများနှင့် ဆွေးနွေးအကြံပေးမှုမျာအား လိုက်နာဆောင်ရွက်သင့်သည်။ ၄င်းတို့အပြင်၊ ၄င်းရောဂါလက္ခဏာများ ခံစားရပါက အများပြည်သူအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးအား အသုံးမပြုသင့်ပါ။ ဆေးကုသမှုခံယူရန်လုပ်ဆောင်ပါက ဆရာဝန်အား မိမိ၏ ခရီးသွားရာဇဝင်၊ လုပ်ကိုင်သည့် လုပ်ငန်း၊ ထိတွေ့ဆက်ဆံခဲ့သူများနှင့် ပတ်သက်ပြီး အသိပေးဖို့ရန် သေချာစေပါ၊ အချိန်အလို်က် ကုသမှုများနှင့် အသိပေးဆောင်ရွက်မှုများအား သေချာစေရန်အတွက်လည်း သေချာစေရန် လုပ်ဆောင်သင့်သည်။

Was this information helpful? Yes    No