:::

ကိုယ်ပိုင် ဒေတာ ကာကွယ်ရန်နှင့် ရောဂါဖြစ်ပွားခြင်းမျာ စစ်ဆေးချက်များကို လွယ်ကူချောမောစေရန် ကိုဗစ်-19 အတွက် “ဆက်သွယ်မှုအချက်အလက်အခြေခံစီမံကိန်းများ” လမ်းညွှန်ချက်များကို CECC မှ ကြေငြာခဲ့သည်။

Label
Location臺灣
Hit : 8
Date : 2020/6/4
Updated : 2020/6/4 下午 03:18:00

ပြည်သူလူထု၏ နေ့စဉ်ဘဝများတွင် စောင့်ကြည့်လေ့လာသော ကယ်ရောဂါကာကွယ်ရေး စီမံကိန်းများကို တဖြည်းဖြည်းလျှော့ချသွားမည်ဟု CECC မှအတည်ပြုခဲ့သည်။ ဆိုသည်မှာ CECC မှ အချို့လုံခြုံရေး အခြေအနေများကိုသုံးသပ်ပြီး ပြည်သူလူထု ဘဝများနဂိုအတိုင်းပြန်လည်ဖြစ်လာနိုင်အောင်နှင့် စက်မှုစီးပွားရေးလုပ်ဆောင်ချက်များကို ယခင်အတိုင်းပြန်လည် လုပ်ဆောင်နိုင်အောင် အဆင်ဆင့် ကူညီသွားပါမည်။ လက်တွေ့လုပ်ဆောင်ခြင်းများ၊ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ၊ သင့်လျော်သောဝန်ကြီးရုံးနှင့် ဌာနခွဲများနှင့်ဆွေးနွေးခြင်းများပြုလုပ်ပြီးချိန်တွင် “(တစ်ချိန်တည်းတွင်ဆက်သွယ်မှုပြုလုပ်နိုင်သည့်) ဆက်သွယ်မှုအချက်အလက်အခြေခံစီမံကိန်းများ (နောက်ဆက်တွဲတွင်တွေ့ရသည့်အတိုင်း) လမ်းညွှန်ချက်များ” စသည့် ကိုဗစ်-19 လမ်းညွှန်ချက်များကို လူတန်းစားအမျိုးမျိုး၏ ရည်ညွှန်းချက်အတွက် ထုတ်ပြန်ပေးမည်ဖြစ်သည်။

ဆက်သွယ်မှုအချက်အလက်အခြေခံသည့်စနစ်၏မူမှာ ကပ်ရောဂါ စစ်ဆေးမှုလိုအပ်လာခဲ့သည်ရှိသော် အများအားဖြင့် တစ်နေရာတည်းကို ဝင်ထွက်သွားလာနေသောသူများကို ချက်ခြင်းအဆက်အသွယ်ပြုလုပ်ရန်ဖြစ်ကြောင်း CECC မှထောက်ပြခဲ့သည်။ လက်တွေ့တွင် နယ်ပယ်အများအပြား၌ မတူညီသော အချက်အထွေအထွေကို သုံးသပ်ပြီးချိန်တွင် နေရာလွတ်များ၌ လူစုလူဝေးပြုလုပ်ချိန်များအတွက် ခြံုငုံပြီးချဉ်းကပ်နိုင်သောနည်းလမ်းရှာဖွေရန် ခက်ခဲပါ်သည်။ ထို့ကြောင့် ပြည်သူလူထုများအနေနှင့် နေရာနှင့်လူစုလူဝေး ကန့်သတ်ချက်များနှင့်အညီ လျော်ညီစွာ ကြံုလာသည့်အခြေအနေပေါ်ဖန်တီးနိုင်စွမ်းရှိရန် လမ်းညွှန်ချက်များကို ထောက်ပံ့ထားခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့အနေနှင့် အမှန်တကယ်ဖြစ်နေသော ပတ်ဝန်းကျင် အခြေအနေများနှင့် ကိုက်ညီနိုင်ပြီး အချိန်နှင့်တပြည်းညီ အကျိုးရှိစွာအသုံးချနိုင်ရန် အဓိက အချက်များကို ကိုင်ဆုပ်နိုင်ပါသည်။

ဒေတာကာကွယ်ခြင်း တာဝန်ဝတ္တရားကို ကျေပွန်အောင် နယ်ပယ်တစ်ခုခြင်းစီမှ စုဆောင်းရရှိထားသော အချက်အလက်များကို ကိုင်တွယ်နိုင်ရန် ကိုယ်ပိုင်ဒေတာကာကွယ်သည့် ကျွမ်းကျင်သူအမှုထမ်းတစ်ဦး ခန့်အပ်ပေးရမည်ဟု CECC မှ ထပ်မံထုတ်ပြန်ခဲ့သည်။ ဤအချက်အလက်များကို အများဆုံး 28 ရက်သိမ်းဆည်းထားရမည်ဖြစ်ပြီး ထိုနောက်တွင်မှ ဖျက်ဆီးခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ဤသည်တို့ကို အခြားရည်ရွယ််ချက်များအတွက် မဟုတ်ပဲ ကယ်ရောဂါ စစ်ဆေးချက်များနှင့် ပတ်သက်၍သာ အသုံးပြုနိုင်မည်ဖြစ်သည်။ စုဆောင်းရာတွင် စာရွက်ဖြင့်ဖြစ်စေ အီလက်ထရောနစ်ဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ အကယ်၍ အီလက်ထရောနစ်ဖြင့်စုဆောင်းလျှင် လုံခြံုရေးစီမံကိန်းများချမှတ်ရမည်။ ထို့အပြင်၊ ကိုယ်ပိုင်အချက်အလက်များကို စုဆောင်းရာတွင် ပါဝင်သူများမှ စုဆောင်းရေး အေဂျင်စီ နှင့်ပတ်သက်သည့် အမျိုးအစား 7 ခုကို ရှင်းလင်းစွာသိထားရမည်။ ယင်းတို့မှာ၊ စုဆောင်းသည့်ရည်ရွယ်ချက်၊ စုဆောင်းခဲ့သည့် ကိုယ်ပိုင်ဒေတာ ပစ္စည်းများ၊ အသုံးပြုသည့် အချိန်အတိုင်းအတာ၊ အရာများနှင့် အသုံးပြုသည့်အတိုင်းအတာ၊ ကိုယ်ပိုင် အချက်အလက်ဥပဒေအရ ပါဝင်သူများမှ တောင်းဆိုနိုင်သော ရပိုင်ခွင့်များနှင့် အကျိုးများနှင့် အကယ်၍ အချက်အလက်ကို ထောက်ပံ့ရန် ငြင်းဆန်ခဲ့သော် ဖြစ်ပေါ်နိုင်သည့် အကျိုးသက်ရောက်မှုတို့ဖြစ်သည်။

ဇွန်လ 7 ရက်နေ့အလွန်တွင် လူစုကူးစက်ခြင်း သို့မဟုတ် ဒေသတွင်း လူနာသစ်များဆက်လက်တွေ့ရှိခြင်းမရှိတော့လျှင် ပြည်သူလူထုဘဝများမှ ကပ်ရောဂါတားဆီးမှုစီမံကိန်းများ လျှော့ချနှုန်းမြှင့်တင်ပေးမည်ဖြစ်ကြောင်း CECC မှအတည်ပြုခဲ့သည်။ နေ့စဉ်လှုပ်ရှားမှုများပြုလုပ်ချိန်တွင် ပြည်သူလူထုမှ စနစ်အမှန်နှင့်အညီ လုပ်ဆောင်နိုင်ပြီး (လက်ကိုမကြာခဏဆေးကြောခြင်း၊ ခွဲခြားနေထိုင်ခြင်းမပြုနိုင်လျှင် မျက်နှာဖုံးတပ်ဆင်ခြင်းများစသည့်) ကိုယ်ပိုင်ကာကွယ်ရေး စီမံကိန်းများ ထည့်သွင်းအသုံးချနိုင်လျှင် လူဦးရေအရေအတွက် ထပ်မံကန့်သပ်ခြင်းရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် ဘဝအရေအသွေးမြင့်မားစေရန်နှင့် စီးပွားရေး တိုးတက်မှုမြှင့်တင်နိုင်ရန် ကျွန်ုပ်တို့နိုင်ငံသားများမှ “ကပ်ရောဂါ ကာကွယ်ရေး ဆန့်ကျင်၍ အသက်မွေးမှုအသစ် တိုက်ပွဲစဉ်” အောင်မြင်အောင်ပါဝင်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါသည်။

Was this information helpful? Yes    No