:::

နိုင်ငံတွင်းလူနာအခြေအနေ ရောဂါဆေးစစ်ချက်လုံးဝမတွေ့ရသဖြင့် ကပ်ရောဂါတားဆီးရေးစီမံကိန်း ကိုလျှော့ပေးမည်ဖြစ်သည်။

Label
Location臺灣
Hit : 8
Date : 2020/6/1
Updated : 2020/6/1 下午 01:43:00

နိုင်ငံတွင်း COVID-19 ကပ်ရောဂါ အန္တရာယ်နည်းပါးလာမှုအပေါ်မူတည်၍ ဇွန်လ 7 ရက်နောက်ပိုင်းမှစပြီး ပြည်သူများအနေနှင့် ၎င်းတို့အမှုကိစ္စအသီးသီးကို ယခင်အတိုင်း ချောမွေ့စွာပြန်လည်လုပ်ဆောင်နိုင်စေရန် ကပ်ရောဂါ တားဆီးရေးစီမံကိန်းကို လျှော့ပေးရန် စီစဉ်ထားကြောင်း မေလ 26 ရက်တွင် ဗဟိုကပ်ရောဂါ ထိန်းသိမ်းရေး စင်တာ (CECC) မှ ကြေငြာခဲ့သည်။

နိုင်ငံတွင်း လူနာသစ်မတွေ့တော့သည်မှာ 44 ရက် (ရောဂါပျိုးချိန် အချိန်ပိုင်း 3 ပိုင်းထက်ပို) ဆက်တိုက်ရှိပြီဖြစ်ကြောင်း CECC မှ ထောက်ပြခဲ့သည်။ ဤသည်မှာ နိုင်ငံတွင်း လူထု၏ ပုံမှန် အလုပ်နှင့် ဘဝလမ်းကြောင်းများဆက်လက်လုပ်ဆောင်ရန် လုံခြုံနေပြီဖြစ်ကြောင်းပြသနေခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသတွင်း လူနာအခြေအနေ ရောဂါဆေးစစ်ချက်လုံးဝမတွေ့ရပဲ ဇွန်လ 7 ရက် (ရောဂါပျိုးချိန် အချိန်ပိုင်း 4 ပိုင်းကုန်ဆုံးချိန်) ၌ ကူးဆက်မှုဆက်လက်မဖြစ်တော့ပါက CECC မှ ပြည်သူများ၏ အမှုကိစ္စအသီးသီးကို ယခင်အတိုင်း ချောမွေ့စွာပြန်လည်လုပ်ဆောင်နိုင်စေရန် ကပ်ရောဂါ တားဆီးရေးစီမံကိန်းကို ထပ်မံလျှော့ပေးမည်ဖြစ်သည်။ အမှန်တကယ်ပြောရမည်ဆိုလျှင် အများပြည်သူအနေနှင့် နေ့စဉ်နှင့် အားလပ်ချိန် အမှုကိစ္စများ အများအပြားလုပ်ဆောင်ချိန်များတွင် နာမည်အစစ်(ပူးတွဲ)စနစ်ကို လိုက်နာနိုင်ပြီး တစ်ကိုယ်ရေ ကာကွယ်ရေး စီမံကိန်းများ (မကြာခဏလက်ဆေးခြင်း၊ သီးခြားမနေနိုင်သည့်အခါ မျက်နှာဖုံးတတ်ထားခြင်း) တို့ကို ဆောင်ရွက်နိုင်သည့်အလျောက် ပါဝင်ဆောင်ရွက်နိုင်သူလူဦးရေး ကန့်သတ်ထားခြင်း ဆက်လက်ထားရှိတော့မည်မဟုတ်ပါ။

ယခင်ကာလများတွင် ကပ်ရောဂါတားဆီးရေးစီမံကိန်း အသီးသီး ဖော်ဆောင်ရာ၌ ပြည်သူများအနေနှင့် အစိုးရနှင့် အတူတကွ လက်တွဲလုက်ဆောင်ခဲ့ခြင်းကို CECC မှ အထူးကျေးဇူးတင်ရှိပြီး အနာဂတ် တွင်လည်း ခက်ခက်ခဲခဲရရှိထားသည့် ကပ်ရောဂါတားဆီးနိုင်ခြင်း အောင်မြင်မှုကြီးကို ကာကွယ်ရန် ယခုလိုပင်ဆက်လက်လုပ်ဆောင်ကြမည်ဟု မျှော်လင့်ပါသည်။

Was this information helpful? Yes    No