:::

ရောဂါဖြစ်ပွားမှုကို တားဆီးရန်အတွက် ဂူဂဲလ် အစစ်စတန့် ၏ နှစ်ဘာသာသုံး ချက်ဘော့ က “ရောဂါဖြစ်ပွားမှု ကာကွယ်ရေး ကျွမ်းကျင်သူ”အဖြစ် ပါ၀င်လုပ်ဆောင်ပြီး အခြား ကမ္ဘာ့တစ်ဝှမ်း ရောဂါဖြစ်ပွားမှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်မည့်နည်းလမ်းများကို ကျွမ်းကျင်လာမည်

Label
Location臺灣
Hit : 8
Date : 2020/6/1
Updated : 2020/6/1 上午 09:40:00

ကိုဗစ်-၁၉ သည် ကမ္ဘာအနှ့ံတွင် ဆက်လက်ပြန့်နှံ့နေသဖြင့် ရောဂါ ထိန်းချုပ်ရေး ဗဟိုစင်တာ (စီအီးစီစီ)သည် ရောဂါကာကွယ်ရေးကို အကောင်အထည်ဖော်ရာတွင် နည်းပညာ၏ အကူအညီကို တောက်လျှောက်ရယူလျက်ရှိပါသည်။ ထိုင်ဝမ် ရောဂါထိန်းချုပ်ရေး စင်တာ (စီဒီစီ)သည် လတ်တလောတွင် ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး နောက်ဆုံးပေါ်အချက်အလက်များကို ရယူနိုင်မည့် အခြားနည်းလမ်းအနေဖြင့် ၀န်ဆောင်မှုပေးရန်အတွက် ဂူဂဲလ် အစစ်စတန့် ပေါ်တွင် နှစ်ဘာသာသုံး ချက်ဘော့ကို တည်ထောင်ထားပါသည်။

စီအီးစီစီက ပြည်သူများအနေဖြင့် ၀ူဟန် အဆုတ်ရောင်ရောဂါအကြောင်း သိရှိလိုသည်များရှိပါက ဂူဂဲလ် အစစ်စတန့်အား ဆဲလ်ဖုန်း သို့မဟုတ် စမတ် စကားပြောခွက်ထဲမှ “အိုကေ ဂူဂဲလ်” ဟုပြောပြီး “ငါ ရောဂါဖြစ်ပွားမှု ကာကွယ်ရေး ကျွမ်းကျင်သူနဲ့ ပြောချင်တယ်” ဒါမှမဟုတ် “ငါ ထိုင်ဝမ် စီဒီစီ နဲ့ ပြောချင်တယ်”လို့ပြောပြီး စမတ် ချက်ဘော့ နဲ့ အပြန်အလှန်ပြောနိုင်ပြီး နောက်ဆုံးပေါ် ရောဂါဖြစ်ပွားမှု ကာကွယ်ရေးအချက်အလက်အကြောင်းတွေကို ရယူနိုင်မည် ဖြစ်ပါသည်။)

စီအီးစီစီက ဂူဂဲလ် အစစ်စတန့် ပေါ်မှ ချက်ဘော့သည် ကိုဗစ်-၁၉ နှင့်ဆိုင်သော မိတ်ဆက်အချက်အလက်များ၊ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားနိုင်ငံ/ဒေသများတွင် ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဆိုင်များတွင် နှာခေါင်းစည်းပစ္စည်းလက်ကျန်အခြေအနေစသည့် အချက်အလက်မျိုးစုံကို ပြောပြပေးနိုင်ပါသည်။ ပြည်သူများအနေဖြင့် စမတ်စပီကာ၊ ဆဲလ်ဖုန်း နှင့် တက်ဘလက်ကဲ့သို့သော ဂူဂဲလ် အစစ်စတန့်ပါ၀င်ပြီး အန်းဒရွိုက် သို့မဟုတ် အိုင်အိုအက်စ် (အိုင်အိုအက်စ် ၁၂ သို့မဟုတ် ယင်းထက်နောက်ကျသော ဗားရှင်းသုံး)သုံး ပစ္စည်းရှိရုံဖြင့် ယင်းဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။ အသုံးပြုနည်း အသေးစိတ်ကို သိရှိလိုပါက တွဲဆက်ဖိုင်ကို ကြည့်ပါ။

စီအီးစီစီ က စီဒီစီသည် ကမ္ဘာ့ အချက်အလက်ကွန်ယက်၊ လိုင်း (LINE@CDC(疾管家)) နှင့် မက်ဆက်ဂျာ ချက်ဘော့ ၏ ၁၉၂၂ ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး မာစတာ နှင့် ဂူဂဲလ် အစစ်စတန့် နှင့် အခြား ချက်ဘော့ ၀န်ဆောင်မှုများ၏ စမတ် အသုံးပြုသူဝန်ဆောင်မှုနှင့် ပေါင်းစပ်ထားပြီး ကျွန်ုပ်တို့၏ နိုင်ငံသားများ နှင့် ထိုင်ဝမ်နိုင်ငံရှိ နိုင်ငံခြားသားများအား ၀ူဟန် အဆုတ်ရောင်ရောဂါအကြောင်း အချိန်နေရာမရွေး နည်းလမ်းမျိုးစုံဖြင့် ရရှိစေရန် စီစဉ်လုပ်ဆောင်ထားသည်ဟု ထောက်ပြခဲ့ပါသည်။

Was this information helpful? Yes    No