:::

ထိုင်ဝမ်နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် အရေအတွက် တည်ငြိမ်လာသဖြင့် ရောဂါထိန်းချုပ်ရေး ဗဟိုစင်တာက မိမိစရိတ်ဖြင့် ကိုဗစ်-၁၉ စစ်ဆေးပေးရန် တောင်းဆိုမှုအပေါ် ကန့်သတ်ချက်များအား ဖြေလျော့ပေးလိုက်ခြင်း

Label
Location臺灣
Hit : 7
Date : 2020/6/1
Updated : 2020/6/1 上午 09:30:00

ပြည်တွင် ကိုရိုနာ ဗိုင်းရပ်စ်အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပြီဟု စဉ်းစားပြီး ကိုဗစ်-၁၉ စစ်ဆေးပေးရန် တောင်းဆိုမှုအပေါ် ကန့်သတ်ချက်များအား တဖြည်းဖြည်း ဖြေလျော့ပေးမည်ဟု ရောဂါထိန်းချုပ်ရေး ဗဟိုစင်တာ (စီအီးစီစီ)က မေလ ၂၃ ရက်တွင် ကြေညာလိုက်သည်။ စီအီးစီစီ က အများပြည်သူများ၏ အခွင့်အရေး၊ အကျိုးခံစားခွင့် နှင့် စစ်ဆေးပေးနိုင်သည့် စွမ်းရည်များကိုထည့်သွင်းစဉ်းစားပြီး ကန့်သတ်ချက်များကို ဖြေလျော့ပေးရန် စီအီးစီစီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသို့ ဆုံးဖြတ်ခဲ့သဖြင့် အရေးပေါ်အခြေအနေကြောင့်သော်လည်းကောင်း၊ နိုင်ငံခြားတွင် အလုပ်နှင့် ကျောင်းသွားတက်ရန် လိုအပ်ချက်အရသော်လည်းကောင်း၊ ရောဂါစစ်ဆေးပြီးကြောင်း စာရွက်စာတမ်းလိုအပ်ချက်ကြောင့်သော်လည်းကောင်း ပြည်သူများအနေဖြင့် သတ်မှတ်ဆေးရုံများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိကို မိမိစရိတ်ဖြင့် စစ်ဆေးနိုင်တော့မည် ဖြစ်ပါသည်။ မိမိစရိတ်ဖြင့် ကိုဗစ်-၁၉ စစ်ဆေးခံရန် တောင်းဆိုခွင့်ရှိသည့် ပြည်သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပထမသို့မဟုတ် ဒုတိယ အနွယ်ဝင်ဆွေမျိုးများထဲမှ သေဆုံးသူတစ်ယောက်ယောက်၏ ဇာပန သို့တက်ရောက်ရန်ရှိသည့် သို့မဟုတ် ပြင်းထန်စွာ နေမကောင်းဖြစ်နေသူအား သွားကြည့်ရန်ရှိသည့် အိမ်တွင်း သီးခြားနေရန် သို့မဟုတ် အသွားအလာကန့်သတ်ခံရသူများ

နိုင်ငံခြားရှိဆွေမျိုးများ မတော်တဆဖြစ်မှု သို့မဟုတ် ပြင်းထန်စွာ နေမကောင်းဖြစ်မှုတို့အပါအဝင် အရေးပေါ်အခြေအနေဖြစ်သဖြင့် အခြားနိုင်ငံများ/ဒေသများသို့ သွားရောက်ရန် လိုအပ်သူများ
အလုပ်အတွက် ကိုဗစ်-၁၉ စစ်ဆေးခံရန် တောင်းဆိုသူများ
နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် ကိုဗစ်-၁၉ စစ်ဆေးခံရန် တောင်းဆိုသူများ
ပြည်ပသို့ထွက်ခွာရန် ကိုဗစ်-၁၉ စစ်ဆေးခံရန် တောင်းဆိုထားသည့် နိုင်ငံခြားသား၊ တရုတ်ပြည်မကြီးသား၊ ဟောင်ကောင် နှင့် မကာအိုတွင် နေထိုင်သူများ
အထက်တွင် ဖော်ပြထားသည့်သူများ၏ မိသားစုဝင်များ

စီအီးစီစီ က မူအားဖြင့် မိမိစရိတ်ဖြင့် စစ်ဆေးသူများသည် နိုင်ငံတွင်းမှထွက်ရန်ရှိသူများဖြစ်ပြီး လျှောက်ထားမှုကို သုံးလလျှင် တစ်ကြိမ် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ လက်ရှိတွင် နိုင်ငံတစ်ဝှမ်းတွင် မိမိစရိတ်ဖြင့် စစ်ဆေးပေးနိုင်သည့် သတ်မှတ်ထားသည့် ဆေးရုံ ၁၈ ရုံရှိပြီး အထက်ဖော်ပြပါ လိုအပ်ချက်များနှင့်ကိုက်ညီသော သူများကို မိမိစရိတ်ဖြင့် စစ်ဆေးပေးသည့် ၀န်ဆောင်မှုကို ပေးနိုင်မည် ဖြစ်ပါသည်။ “လူအုပ်စုတစ်ချို့မှ လူများအား မိမိစရိတ်ဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်းအား စစ်ဆေးပေးရန် လျှောက်ထားလိုအပ်ချက်”ကို စီဒီစီ ၏ ကမ္ဘာတစ်ဝှမ်း အချက်အလက် ကွန်ယက်/ပြင်းထန်သော အထူး ကူးစက်တတ်သော အဆုတ်ရောင်ရောဂါ/ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများအတွက် ကူးစက်ရောဂါထိန်းချုပ်မှု လမ်းညွှန်ချက် တွင် ပြည်သူများ ကိုးကားမှီငြမ်းနိုင်ရန်အတွက် ထုတ်ပြန်ထားပါသည်။

စီအီးစီစီ က လက်ရှိတွင် နိုင်ငံတကာတွက် ရောဂါဖြစ်ပွားမှုမှာ အရေးကြီးအခြေအနေတွင် ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာသို့ ခရီးသွားလာခြင်းအတွက် ရောဂါဖြစ်ပွားမှုဆိုင်ရာ စီဒီစီ ၏ အကြံပြုချက်မှာ တတိယ-အဆင့် သတိပေးချက်တွင် ရှိနေဆဲဖြစ်သဖြင့် မသွားမနေသွားရမည့် ခရီးမဟုတ်သော ခရီးသွားလာခြင်းများကို ရှောင်ရှားရန် ထပ်မံတိုက်တွန်းထားပါသည်။ နိုင်ငံမှထွက်ခွာရမည်ဆိုပါက သွားရောက်မည့်နိုင်ငံ/နယ်ပယ်၏ အခြေအနေအမှန်ကို သုံးသပ်ရန် နှင့် နယ်နိမိတ် ပိတ်ဆို့မှုများ နှင့် ထိန်းချုပ်ရေး နည်းလမ်းများကို ကျင့်သုံးနေသည့် နိုင်ငံ/နယ်မြေများကို ရှောင်ရှားရန် လိုအပ်ပါသည်၊ ယင်းသို့မဟုတ်ပါက ထိုင်ဝမ်နိုင်ငံသို့ပြန်လာလို့မရဖြစ်နိုင်ပါသည်။ ထို့အပြင် နိုင်ငံခြားမှ ပြန်လာသူများသည် ၄င်းတို့ကိုယ်တိုင်အတွက်သော်လည်းကောင်၊ ဆွေမျိုး၊ မိတ်ဆွေ နှင့် ၄င်းတို့အနီးတစ်ဝှိုက်ရှိသူများအား ရောဂါကူးစက်နိုင်ခြေလျော့နည်းစေရန်အတွက် အိမ်တွင် အသွားအလာကန့်သတ်ထားမှုကို လိုက်နာပေးရန် နှင့် အခြား ရောဂါဖြစ်ပွားမှု ကာကွယ်ရေး နည်းလမ်းများကို လိုက်နာပေးပါရန် ထပ်မံသတိပေးအပ်ပါသည်။

Was this information helpful? Yes    No