:::

ထိုင်ဝမ်နိုင်ငံတွင်းသို့ မတ်လ ၂၁ ရက် နှင့် ယင်းမတိုင်မီ ဗီဇာမလိုသော၊ ဧည့်ဗီဇာ ဖြင့် သို့မဟုတ် ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခဲ့သော နိုင်ငံခြားသားများအတွက် တတိယ အကြိမ်မြောက် လျှောက်ထားရန်မလိုဘဲ အလိုအလျောက် ရက် ၃၀ ဗီဇာ သက်တမ်းတိုးပေးခြင်း

Label
Location臺灣
Hit : 7
Date : 2020/5/19
Updated : 2020/5/21 下午 04:39:00

ကိုဗစ်-၁၉ ကြောင့် နိုင်ငံတွင်း ၀င်ထွက်ခြင်း ထိန်းချုပ်သည့် နည်းလမ်းများ နှင့် လေယာဉ်ခရီးစဉ်များ တားမြစ်ခြင်းတို့ သည် ထိုင်ဝမ်နိုင်ငံရှိ နိုင်ငံခြားသား ဧည့်သည်များအပေါ် သက်ရောက်မှုများရှိနေသဖြင့် အလိုအလျောက် ရက် ၃၀ ဗီဇာ သက်တမ်းတိုးပေးကြောင်းကို အမ်အိုအက်ဖ်အေ က မတ်လ ၂၁ ရက်နေ့တွင် ပထမအကြိမ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဒုတိယအကြိမ် ကြေငြာခွင့်ပြုခဲ့ပါသည်။

ကမ္ဘာတစ်ဝှမ်းရောဂါဖြစ်ပွားမှု လျော့ကျလာသော်လည်း ကမ္ဘာအဝှမ်းတွင် ခရီးသွားလာမှု ကန့်သတ်မှုများကို ယခုအချိန်ထိ ဖြေလျော့ခြင်း မရှိသေးပါ။ ယင်းအခြေအနေများကြောင့် (နိုင်ငံခြားရေး ၀န်ကြီးဌာန) အမ်အိုအက်ဖ်အေ က ထိုင်ဝမ်နိုင်ငံတွင်းသို့ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁ ရက် နှင့် ယင်းမတိုင်မီ ဧည့်ဗီဇာ၊ သို့မဟုတ် ဆိုက်ရောက်ဗီဇာ သို့မဟုတ် ဗီဇာမလိုသော အစီအစဉ်ဖြင့် ၀င်ရောက်ခဲ့ပြီး ခွင့်ပြုရက်ထက် ပိုနေထိုင်ခဲ့ခြင်းမရှိသည့် နိုင်ငံခြားသားများအား တတိယအကြိမ်မြောက် ရက် ၃၀ သက်တမ်းတိုးခြင်းကို ခွင့်ပြုလိုက်သည်။ (စုစုပေါင်းသက်တမ်းမှာ ရက် ၉၀ အထိ တိုးမြှင့်သွားပြီ ဖြစ်ပါသည်။) လျှောက်ထားရန် မလိုအပ်ပါ။ စုစုပေါင်း နေထိုင်သည့် ရက်အရေအတွက် ၁၈၀ ထက် မကျော်လွန်ရပါ။ (၀င်ရောက်သည့်ရက်စွဲပြီး နောက်တစ်ရက်အား ပထမဆုံးနေထိုင်သည့်ရက်ဟု ရေတွက်မည် ဖြစ်ပါသည်။) ယင်းအခြေအနေများသည် အခြေအနေ အနေအထားအရ ပြောင်းလဲချိန်ညှိမှုများ ရှိနိုင်ပါသည်။

ထို့အပြင် အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ (အန်အို်င်အေ)သည် ရက်ကျော်နေသူများအတွက် မိမိသဘောဖြင့် ထွက်ခွာခြင်း အစီအစဉ်ကိုလည်း သက်တမ်းတိုးထားပါသည်။ ဗီဇာသက်တမ်းကျော်လွန်ပြီး နေထိုင်ခဲ့သော နိုင်ငံခြားသားများသည် မတ်လ ၂၀ အတွင်းမှ ဇွန်လ ၃၀ အတွင်းလာရောက် ခံဝန်သူများသည် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရမည် ဖြစ်ပါသည်။ ယင်းနိုင်ငံခြားသားများအား ထိန်းသိမ်းခြင်း သို့မဟုတ် နောင်အဝင်မခံတော့ခြင်းများ ပြုလုပ်မည်မဟုတ်ဘဲ အနည်းဆုံးသော ငွေဒဏ်သာ ကျခံရမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ၏ ၀က်ဘ်ဆိုက်ဒ် https://www.immigration.gov.tw/5382/5385/7229/7238/217253/ တွင် ၀င်ကြည့်နိုင်ပါသည်။

Was this information helpful? Yes    No