:::

နိုင်ငံတွင်း ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မှာနည်းပြီး အများသူငှာအနေဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာခြင်းဖြင့် တတ်နိုင်သမျှ သာမန်ဘဝမျိုးကို ပြန်လည်ရောက်နိုင်မည် ဖြစ်ပါသည်။

Label
Location臺灣
Hit : 8
Date : 2020/5/18
Updated : 2020/5/18 下午 04:09:00

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသည်မှာ ရက် ၃၀ ကျော်လာပြီ ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် “ရောဂါမဖြစ်ပွားစေရေး ဘဝနေထိုင်မှုပုံစံ အသစ်”ကို လိုက်နာနိုင်စေရန်အတွက် ရောဂါထိန်းချုပ်ရေး ဗဟို စင်တာ (စီအီးစီစီ)က ဤ ရောဂါကာကွယ်ရေး အတွေးအခေါ်အကြောင်း ရှင်းလင်းချက်ကို နောက်စတ်ကြိမ် ထပ်မံထုတ်ပြန်လိုက်ပါသည်။

စီအီးစီစီက “ရောဂါမဖြစ်ပွားစေရန် လူနေထိုင်မှုပုံစံအသစ် လှုပ်ရှားမှု”တွင် အလုပ်အကိုင်ပေါ်မူတည်ပြီး ခွဲခြားမထားကြောင်း ဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ အဓိက အာရုံစိုက်ရမည်များမှာ ခပ်ခြားခြား နေထိုင်ခြင်း၊ အပြင်တွင် ၁.၅ မီတာ နှင့် အိမ်တွင်းတွင် ၁ မီတာ အကွာနေခြင်းတို့ ဖြစ်ပါသည်။ ခပ်ခြားခြား နေထိုင်ခြင်းကို မပြုလုပ်နိုင်ချိန်များတွင် နှာခေါင်းစည်းများကို ၀တ်ဆင်သင့်ပြီး ဘေးကင်းသော အကွာအဝေးတွင် ရှိစေရန်အတွက် လုပ်ငန်းများသည် ထိုင်ခုံများကြား ကြားအကာကာခြင်း သို့မဟုတ် “တစ်ခုံကျော်ထိုင်ခြင်း”များကို ပြုလုပ်သင့်ပါသည်။ ထို့အပြင် အများနှင့်ဆိုင်သော ဟင်းလင်းပြင်ဖြစ်စေ အိမ်အတွင်းဖြစ်စေ သွားလာသူများအား ကိုယ်အပူချိန်တိုင်းခြင်းနှင့် လက်များကို သန့်ရှင်းအောင် ဆေးကြောခြင်းများကို ပြုလုပ်ရပါမည်။ လုပ်ငန်းများတွင် လက်ဆေးနိုင်မည့် ပစ္စည်းကိရိယာများကို ၀င်ပေါက်များ အဆောက်အအုံထဲတွင် ထားပေးခြင်းများ၊ လူဝင်လူထွက် နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ထိန်းချုပ်နိုင်ရန်အတွက် နာမည်ရင်းကိုသာ အသုံးပြုစေခြင်းများကို ကျင့်သုံးရပါမည်။ တစ်ဦးချင်းစီ နှင့် လုပ်ငန်းများတွင် ရောဂါမဖြစ်ပွားစေရန် လူနေထိုင်မှုပုံစံအသစ် လှုပ်ရှားမှု၏ လမ်းညွှန်ချက်များအတိုင်း အတိအကျလိုက်နာမည်ဆိုလျှင် အဆောက်အအုံတွင်း လူ ၁၀၀ နှင့် ဟင်းလင်းပြင်တွင် လူ ၅၀၀ စုဝေးသည့် စုဝေးမှုကြီးများကို ကန့်သတ်ထားခြင်းများကို ဖြေလျော့ပေးနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်သူများအနေဖြင့် ဖော်ပြပါလိုအပ်ချက်များကို လိုက်နာနိုင်ပြီး ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းကြီးကို ဘေးကင်းအောင် ၀ိုင်းဝန်းကူညီကြမည်ဟု မျှော်လင့်မိပါသည်။

နိုင်ငံအဝှမ်းရှိ နိုက်ကလပ်များ၊ ကပွဲရုံများ ပြန်ဖွင့်ခြင်းနှင့်ပတ်သက်ပြီး စီအီးစီစီက ရောဂါဖြစ်ပွားမှု မလျော့ချနိုင်သေးသော ဧပြီလ ၉ ရက်နေ့အထိတွင် လူမှုအသိုင်းအဝိုင်းအတွင်း ရောဂါကူးစက်မှုကို တတ်နိုင်သလောက် လျော့ချနိုင်ရန်အတွက် အမျိုးသား အမျိုးသမီးများ အဖော်ပြုကပြသည့် နိုက်ကလပ်များ နှင့် ကပွဲရုံများအား ပိတ်ထားရန် တရားဝင် တောင်းဆိုထားခဲ့ပါသည်။ ယင်းအချိန်တွင်ပင် စီအီးစီစီက နိုင်ငံသားများအား ရောဂါကူးစက်မှုနှုန်းနည်းသွားစေရန် လူများပြီး မွမ်းကြပ်သည့် အလုံပိတ်နေရာများ နှင့် ရောဂါအစုလိုက်အပြုံလိုက် ကူးစက်နိုင်သည့် လုပ်ငန်းနေရာများသို့ မသွားရောက်ရန် ဆော်သြထားပါသည်။ ရောဂါဖြစ်ပွားနေသည့် ဘာမှ မသေချာမရေရာသော ခက်ခဲသည့် ကာလများအတွင်းတွင် လုပ်ငန်းများအနေဖြင့်လည်း စိတ်လိုလက်ရ လုပ်ငန်းများကို ပူးပေါင်းပိတ်ထားပေးသင့်ပါသည်။

စီအီးစီစီက အကယ်၍ နိုက်ကလပ်များ၊ ကပွဲရုံများနှင့် အခြားလုပ်ငန်းများသည် တစ်ကိုယ်ရေ ကာကွယ်ရေး နည်းလမ်းများ အပါအဝင် ဆက်စပ် လုပ်ထုံးလုပ်နည်းများကို လိုက်နာနိုင်ပြီး လုပ်ငန်းများ သို့မဟုတ် ဆက်စပ် အာဏာပိုင်များကလည်း ၄င်းတို့၏ စီမံရေးရာ တာဝန်ခံမှုရှိမည်ဆိုပါလျှင် တစ်ချို့သော အခြေအနေများတွင် နိုင်ငံတွင်း ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်း နှင့် ရောဂါမဖြစ်ပွားစေရန် လူနေထိုင်မှုပုံစံအသစ် လှုပ်ရှားမှု နှင့်အတူ ပူးပေါင်းလုပ်ကိုင်နိုင်မည်ဆိုပါက လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်နိုင်ရန် ထောက်ခံပေး နိုင်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။ စီအီးစီစီအနေဖြင့်လည်း ၄င်းတို့ လုပ်ငန်းပြန်စတင်ပါက ကြီးကြပ်ပေးရန် နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ပေါ် မူတည်ပြီး ရောဂါကာကွယ်ရေး လုပ်ထုံးလုပ်နည်းများကို ချိန်ညှိပေးသည့် ကောင်တီများကို ချီးကျူးပေးရန်အတွက် နိုင်ငံ နှင့် မြို့တော် အစိုးရများသည် ဆက်စပ် ဆန်းစစ်မှုများကို ပြုလုပ်ရန်နှင့် ပြင်ဆင်ထားမှုများကို အတည်ပြုထောက်ခံပေးရန် တောင်းဆိုထားပါသည်။ ဒေသန္တရ အစိုးရများအနေဖြင့် အထက်ဖော်ပြပါ လမ်းညွှန်ချက်များ နှင့် နည်းလမ်းများနှင့်ပတ်သက်ပြီး မရှင်းလင်းသည်များရှိပါက သို့မဟုတ် သီးခြား အကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည်များရှိပါက ကောင်တီများ နှင့် မြို့တော် တာဝန်ရှိသူများနှင့် ဆွေးနွေးရှင်းပြပေးရန် အသင့်ရှိပါသည်။

Was this information helpful? Yes    No