:::

အထူးနှိုင်းယှဉ်ချက်များ ဖြစ်သည့် ၁.၀၊ ၂.၀ နှင့် ၃.ဝ ပုံစံတို့သည်၊ အစစ်အမှန်-အမည် နှာခေါင်းစည်း စနစ် ဖြင့် အများပြည်သူအား ပိုမိုရှင်းလင်းစေရန်နှင့် အားကောင်းလာစေရန်အတွက် အကူညီပေးသည်။

Hit : 3
Date : 2020/5/18
Updated : 2020/5/18 上午 11:27:00

နှာခေါင်းစည်းများအား ပိုမိုကောင်းမွန်စွာဝယ်ယူနိုင်သည့် နည်းလမ်းများနှင့်အတူ အများပြည်သူဆိုင်ရာထုတ်ပြန်ချက်များသည်၊ နှာခေါင်းစည်းများအတွက် ခွဲတမ်းမူဝါဒများအား ပိုမိုတိုးတက်ကောင်းမွန်စေခဲ့သည်။ ပုံမှန်အားဖြင့် ၃.၀ နှာခေါင်းစည်း အစစ်အမှန်-အမည် စနစ်သည် ကုန်စုံဆိုင်များတွင် လူအများအား ကုန်ပစ္စည်းများအား ရွေးချယ်ရာတွင်၄င်း၊ ကြိုတင်မှာယူ၍ ဝယ်ယူရသည့်အခါတွင်လည်းကောင်း ပိုမိုလွယ်ကူစေပါသည်။ အမျိုးသားကျန်းမာရေးဆိုင်ရာ အာမခံအုပ်ချုပ်ရေးအဖွဲ့ (NHI) မှ အမျိုးသားအဆင့် အသိပေးရာတွင်၊ အဓိက နေရာစုံဖွင့်လှစ်သည့် ကုန်စုံဆိုင် ၄ မျိုးမှ ဧပြီလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) မှ စတင်၍၊ နောက်တစ်ကြိမ်ဝယ်ယူရာတွင် နှာခေါင်းစည်းအတွက် “သက်တမ်းတိုးပစ္စည်း ဝယ်ယူခွင့်” လုပ်ဆောင်မှုကို စတင်မည်ဖြစ်သည်။ ၄င်းတွင် ပဥ္စမအကြိမ် (ဧပြီလ ၁၅-၁၇) နှင့် ဆဌမအကြိမ် (ဧပြီလ ၂၂-၂၄) တွင် နှာခေါင်းစည်းကြိုတင်မှာယူ၍ ဝယ်သူသည့်သူများလည်း ပါဝင်နိုင်ပြီး၊ မေလ ၃ ရက်နေ့ (တနင်္ဂနွေနေ့) မှစတင်၍ ၄င်းကုန်စုံဆိုင်များတွင် နှာခေါင်းစည်းများအား စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ တချိန်ထဲတွင်၊ အများပြည်သူဆိုင်ရာထုတ်ပြန်ချက်များအား အသုံးပြု၍ ၄င်းတို့၏ ကျန်းမာရေးအာမခံကဒ်များဖြင့် ရကြိမ်မြောက်တွင် သက်တမ်းတိုး ဝယ်ယူခွင့်ဖြင့် နှာခေါင်းစည်းများအား ကုန်စုံဆိုင်ရှိ စက်များတွင်ဝယ်ယူနိုင်ပြီး ငွေပေးချေမှုအား ပြီးမြောက်အောင် လုပ်ဆောင်ရမည်။

NHI ထုတ်ပြန်ချက်များအရ၊ နှာခေါင်းစည်းများအား ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူခြင်းအား ရ ကြိမ်မြောက် ပထမအပတ်မှ စတင်၍ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ထိ ပြုလုပ်နိုင်ပြီး၊ ကြိုတင်မှာယူသည့် နေ့ရက်နှင့် ငွေပေးချေရမည့်နေ့ရက်သည် အတူတူဖြစ်ပြီး နောက်ကျပါက ၃ ရက်သာ နောက်ကျမည်ဖြစ်ပြီး၊ ပစ္စည်းထုတ်ယူရမည့်နေ့ရက်သည် ဒုတိယပတ်မှ ရေတွက်လျှင် ၁၄ ရက်အတွင်း ဖြစ်သည်။ ဥပမာဖော်ပြရလျှင်၊ မေလ ၄ ရက်နေ့ (တနင်္လာနေ့) မှ မေလ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိသည် ရ ကြိမ်မြောက်အတွက် ကြိုတင်မှာယူခြင်းနှင့် ငွေပေးချေခြင်းတို့အတွက် ဖွင့်လှစ်ထားမည်ဖြစ်ပြီး၊ အများပြည်သူများမှ ပဥ္စမအကြိမ် သို့မဟုတ် ဆဌမအကြိမ်မြောက် ကြိုတင်မှာယူခြင်းတွင် ပါဝင်နိုင်မည်ဖြစ်သည်။ ရ ကြိမ်မြောက်အတွက် ပစ္စည်းထုတ်ယူရမည့် ကာလသည် မေလ ၁၁ ရက်နေ့ (တနင်္လာနေ့) မှ မေလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) အထိဖြစ်ပြီး၊ ၄င်းနောက် အများပြည်သူများမှ ၄င်းတို့၏ နှာခေါင်းစည်းများအတွက် သက်တမ်းတိုး ဝယ်ယူခြင်းနှင့် ငွေပေးချေခြင်းတို့အား လုပ်ဆောင်၍ ၄င်းတို့၏ နှာခေါင်းစည်းများအား ထုတ်ယူရာတွင် နောက်တစ်ကြိမ်အတွက် လုပ်ဆောင်မှုကို ပြီးပြည့်စုံစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မတ်လ ၁၂ ရက်နေ့ အစစ်အမှန်-အမည် စနစ် စတင်အကောင်အထည်ဖော်ဆောင်သည့်အချိန်အတွင် နှာခေါင်းစည်းများအား တန်းစီ၍ ဝယ်ယူရန်အချိန်မရသည့် ရုံးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ ပြသနာအား ဖြေရှင်းရာတွင် ကူညီရန်အတွက်၊ အများပြည်သူများသည် နှာခေါင်းစည်းများအား အီးမက်စ် ဝက်ဆိုက်များ သို့မဟုတ် ကျန်းမာရေးအာမခံဖော်ပြသည့်အက်ပ် တို့တွင် ယခုမှစတင်၍ ကြိုတင်မှာယူနိုင်ပြီး၊ ၄င်းမှာယူထားသည့် နှာခေါင်းစည်းများအား ရ-၁၁၊ မိသားစုစျေးဆိုင်၊ ဟိုင်း-လိုက်၊ အိုကေစျေးဆိုင်၊ ချွန်လင်း နှင့် ဆင်းပင်လ်းစျေးဆိုင်တို့တွင် ထုတ်ယူနိုင်သည်။ ပုံမှန်အားဖြင့်၊ NHI သည်၊ ဧပြီလ ၂၂ ရက်နေ့မှစတင်၍ နေရာစုံတွင်ဖွင့်လှစ်သည့် အဓိက ကုန်စုံဆိုင် ၄ ခုနှင့်အတူ ပူးတွဲ၍ အများပြည်သူများ မတူကွဲပြားသည့်နည်းလမ်းများဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်စုံဆိုင်များရှိ စက်များတွင် ကျန်းမာရေးအာမခံကဒ်ပြားထည့်ရုံဖြင့် ကြိုတင်မှာယူ၍ဝယ်နိုင်သည့် ရိုးရှင်းသည့်ပုံစံဖြင့် ဆေးဆိုင်များနှင့် ကျန်းမာရေးစင်တာများ၏ နှာခေါင်းစည်းနှင့်ပတ်သက်၍ ရှိနေသည့် အလုပ်ဝန်ပိမှုအား လျော့ချနိုင်ရန်အတွက် လုပ်ဆောင်ရန် ရှိနေသည်။ ၄င်းအပြင်၊ ၄င်းစက်များတွင် ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ သက်တမ်းတိုးဝယ်ယူခွင့် လုပ်ဆောင်ချက်အား ထည့်သွင်းခြင်းဖြင့်၊ ပစ္စည်းထုတ်ယူခြင်း၊ သက်တမ်းတိုးခြင်း နှင့် ငွေပေးချေခြင်းတို့အား တစ်ကြိမ်တည်းဖြင့် ပြည့်စုံစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အများပြည်သူများသည် ၄င်းတို့၏ လိုအပ်ချက်များအပေါ် မူတည်၍ မတူညီသည့်နည်းလမ်းများအား ရွေးချယ်၍ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ NHI ၏ အထူးစီစဉ်ထားသည့် နည်းလမ်းများဖြင့် အချိန်၊ နှင့် နှာခေါင်းစည်းအမျိုးအစားအလိုက်ဝယ်ယူခြင်းအား လုပ်ဆောင်နိုင်ပြီး၊ အများပြည်သူများအနေဖြင့် ၄င်းတို့ဝယ်ယူခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်နိုင်သည်ကို ရှင်းရှင်းလင်းလင်းပိုမိုသိမြင်လာစေနိုင်သည်။
အစစ်အမှန်-အမည် နှာခေါင်းစည်း စနစ် စတင်အကောင်ထည်ဖော်ဆောင်ခဲ့သည့် ဧပြီလ ၂၄ ရက်မှ စတင်၍ လူပေါင်း ၂၀.၄၁ သန်းတို့သည် နှာခေါင်းစည်းများအား ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း NHI မှ ဖော်ပြခဲ့ပြီးဖြစ်သည်။ ၄င်းတို့တွင် ၂၀%သည် ( ၃.၉၉ သန်းခန့်) သည် အင်တာနက်နှင့် လူကိုယ်တိုင်ဝယ်ယူရသည့် နည်းလမ်းများဖြင့် နှာခေါင်းစည်းများအား ဝယ်ယူခဲ့ပြီး၊ ရ% (၁.၄၅ သန်းခန့်) သည် အွန်လိုင်းမှ ဝယ်ယူသည့်နည်းလမ်းဖြင့် ဝယ်ယူခဲ့ကြသည် (ကုန်စုံဆိုင်များ အပါအဝင်)၊ နှင့် အများပြည်သူ ရ၃% ( ၁၄.၉၆သန်းခန့်) သည် ဆေးဆိုင် သို့မဟုတ် ကျန်းမာရေးစင်တာများကဲ့သို့သော လူကိုယ်တိုင် ဝယ်ယူရသည့်နေရာများတွင် ဝယ်ယူခဲ့ကြသည်။ NHI မှ နှာခေါင်းစည်းများသည် ကူးစက်ရောဂါအား ကာကွယ်သည့်ကာလအတွင်း လူများအတွက် အရေးပါသည့်ပစ္စည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန်နှင့် ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြင့်ရန်အတွက် တက်ကြွစွာ လုပ်ဆောင်နေပြီး၊ မည်သည့်အချိန်တွင်မဆို အများပြည်သူ၏ သဘောထားခံယူချက်များ တိုးတက်မှုလာစေရန် လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအား နှာခေါင်းစည်းများ အသုံးပြုခြင်းကို မြတ်နိုးရန် ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။ သို့မှသာ ကျွန်ုပ်တို့သည် ကပ်ရောဂါကာကွယ်ရေးကို ပိုမိုနှံ့နှံ့စပ်စပ်နှင့် ပြည့်စုံစေရန် ပြုလုပ်နိုင်မည်ဖြစ်သည်။

Was this information helpful? Yes    No