:::

နှာခေါင်းစည်း ပြောင်းလဲမှု နှင့် ဖြစ်လာသည့် လိမ်ညာမှု တို့တွင် မည်သည့်ဆက်နွယ်မှုများမရှိပါ။

Hit : 4
Date : 2020/5/18
Updated : 2020/5/18 上午 10:29:00

ပြင်းထန်သော ကူးစက်ရောဂါ ဖြစ်သည့် အဆုတ်ရောင်ရောဂါ (ကိုဗစ်-၁၉) ကူးစက်မှု အဆုံးမသတ်ခင်တွင်ပင်၊ ၃.၀ နှာခေါင်းစည်း အစစ်အမှန်-အမည် စနစ်သည် အင်တာနက်/ကုန်စုံဆိုင် စတိုးများမှ ကြိုတင်မှာယူဝယ်ယူခြင်းသည် မေလ ၄ ရက်နေ့တွင် ရ ကြိမ်မြောက်သို့ ရောက်နေပြီဖြစ်သည်။ ကျေးဇူးပြု၍ ကြိုတင်မှာယူပြီး ကျသင့်ငွေအား မေလ ၆ ရက်နေ့မတိုင်ခင်တွင် ပေးချေပါ။ အမျိုးသားကျန်းမာရေးဆိုင်ရာ အာမခံအုပ်ချုပ်ရေးအဖွဲ့ ( NHI ) မှ အများပြည်သူများအား NHI သို့မဟုတ် အီး-နှာခေါင်းစည်း စနစ်သည် ပို့ဆောင်ခြင်းပျက်ကွက်မှုအပေါ် ဖုန်းမတ်စေ့ စာတို ပို့၍ အကြောင်းကြားခြင်းအား ဆောင်ရွက်မည်မဟုတ်ကြောင်း ထပ်မံ သတိပေးပြီး၊ ကြိုတင်မှာယူထားသည့် နှာခေါင်းစည်းများနှင့်ပတ်သက်၍ မေးပို့သည့် ဖုန်းမတ်စေ့စာတိုများသည် ဆက်သွယ်ရမည့် လင့်များနှင့် တွဲဖက်မထားကြောင်း ထပ်မံအသိပေးခဲ့သည်။ အများပြည်သူများမှ သိရှိရန်လိုအပ်သည်မှာ အကယ်၍ ၄င်းတို့မှ ၄င်းစာတိုမတ်စေ့များတွင် လင့်များ သို့မဟုတ် အီး-မေးလ် များ ပါလာပါက ၄င်းတို့အား နှိပ်ခြင်း သို့မဟုတ် ဒေါင်းလုပ်ပြုလုပ်ခြင်း မပြုလုပ်ရန်ဖြစ်သည်။ ၄င်းအပြင်၊ အများပြည်သူများမှ ကျန်းမာရေးအာမခံ ပရီမီယံကြေး ပေးသွင်းရန် နောက်ကျပါက NHI သည် တရားဝင်စာရွက်စာတမ်းများမှ တဆင့် ငွေပေးချေမှုကို မြန်ဆန်အောင်ဆောင်ရွက်မည်ဖြစ်ပြီးိ ဖုန်းမှတဆင့် အကြောင်းကြားခြင်းကို ဆောင်ရွက်မည်မဟုတ်ပါ။ အများပြည်သူများမှ ရိုက်စားပြုလုပ်သည့်အဖွဲ့များမှ ကြားဖြတ်ဝင်ရောက်ခြင်းကို သတိပြုရန်ဖြစ်သည်။

လူအများသည် အစစ်အမှန်-နာမည်စနစ်မှတဆင့် ကူးစက်ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအား ကြိုတင်မှာယူ၍ ဝယ်ယူခြင်းကို အများဆုံးပြုလုပ်ကြသည်။ NHI မှ တွေ့ရှိရသည်မှာ ရိုက်စားလုပ်သည့်အဖွဲ့များသည် “အတုယောင်မစ်စေ့” များကို ကျယ်ကျယ်ပြန့်ပြန့်ပေးပို့ကြပြီး၊ “၄င်းမတ်စေ့အစတွင်၊ ဖော်ပြထားသည်မှာ “မှာယူထားသည့် အထုပ်အား ပေးပို့ပြီးဖြစ်၍ အချိန်မီစစ်ဆေးပါ”၊ “ခန့်မှန်းပေးပို့သည့်နေ့ရက်သည့် xx လ xx နေ့ဖြစ်ပြီး၊ ကျေးဇူးပြု၍ လိပ်စာအား အတည်ပြုပါ” နှင့် ပေးပို့သည့် ၄င်းကဲ့သို့သော မတ်စေ့စာတို နောက်ဆုံးတွင် ပါဝင်သည့် အကြောင်းအရာသည် “အီးမေးလ်ဖြင့်မှာယူသည့် အထုပ်သည် ပြန်လည်ရောက်ရှိလာသည် (တရားမဝင်ဆောင်ရွက်သည်ဟုသံသယရှိသဖြင့်)၊ ကျေးဇူးပြု၍ ပြန်လည်ပေးပို့ရမည့် လိပ်စာကို အတည်ပြုပါ” ဟူ၍ လင့်နှင့်အတူ အလိမ်ညာ ဝက်ဆိုက်လိပ်စာ ပါရှိမည်ဖြစ်သည်။ ၄င်းကို နှိပ်လိုက်ပါက၊ ရိုက်စားလုပ်သည့်အဖွဲ့များမှ သင်၏ အကောင့်နံပါတ်နှင့် လျို့ဝှက်စာ များကို လက်ခံရယူပြီး၊ လက်ကိုင်ဖုန်းဖြင့် အနည်းငယ်သော ငွေပေးချေမှုအား ဆောင်ရွက်မည်ဖြစ်ပြီး၊ ၄င်းသည် သင်၏ ငွေဆုံးရှုံးသွားကြောင်းကို ပြသခြင်းဖြစ်သည်။ သို့မဟုတ် ရိုက်စားလုပ်သည့်အဖွဲ့သည် အစိုးရအဖွဲ့ အေဂျင်စီကဲ့သို့ ဟန်ဆောင်၍ အများပြည်သူ၏ နိုးကြားမှုကို လျော့ရဲလာစေရန်အတွက် ဆောင်ရွက်တတ်ပြီး၊ ဖုန်းခေါ်ဆို၍ ကျန်းမာရေးအာမခံ ပရီမီယံကြေးပေးသွင်းမှု နောက်ကျခြင်းအား အသိပေးအကြောင်းမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဖုန်းမှ တဆင့် ၄င်းပရီမီယံကြေးပေးဆောင်ရန်အတွက် တောင်းဆိုမည်ဖြစ်သည်။ ၄င်းကဲ့သို့သော လုပ်ဆောင်မှုအားလုံးသည် အများပြည်သူများထံမှ ၄င်းတို့၏ အချက်လက်နှင့် ငွေများကို လိမ်လှည်ရန် အတွက် ကြိုးပမ်းရန် ကြံစည်အားထုတ်ခြင်းဖြစ်ပြီး၊ နှာခေါင်းစည်းဝယ်ယူခြင်းမှ ၄င်းကဲ့သော လိမ်ညာမှုများအား အတောမသတ် ဖော်ထုတ်တွေ့ရှိခြင်း ဖြစ်သည်။

၄င်းကဲ့သို့ “အတုယောင်မတ်စေ့စာတို”များ ပေးပို့ခြင်းသည် ရာဇဝတ်မှုကျူးလွန်ခြင်းအဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ အများပြည်သူများမှ ၄င်းမတ်စေ့တွင် ပါဝင်သည့် အတုယောင်ဝက်ဆိုက်အား နှိပ်မိပါက၊ မိမိဖုန်းအား ရိုက်စားလုပ်သည့်အဖွဲ့၏ အဆိပ်သင့်သည်ဖြစ်၍၊ နိုင်ငံသားများသည် အကြွေးဝယ်ကဒ်ကုမ္ပဏီသို့ ဆက်သွယ်၍ ၄င်းတို့ကဒ်အား ဖျက်သိမ်းရန်အတွက် တောင်းဆိုအကြောင်းကြားနိုင်သည်။ ဆုံးရှုံးမှုအမြောက်အမြားဖြစ်ပေါ်ခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီသို့ အသေးစားငွေပေးချေခြင်းတို့အား ဖုန်းမှတဆင့် ပြုလုပ်ခြင်းကို ရပ်တန့်ရန်အတွက် အကြောင်းကြားရန်လိုအပ်သည်။ NHI မှ အများပြည်သူထံသို ့အကြောင်းကြားရာတွင် ၄င်းကဲ့သို့ လုပ်ဆောင်ခြင်းအား NHI မှ အသံဖြင့်ပေးပို့သည့်အီးမေး၊ မတ်စေ့စာတိုနှင့် ဖုန်းလိုင်းများဖြင့် ပရီမီယံကြေးပေးသွင်းမှု နောက်ကျခြင်းနှင့်ပတ်သက်၍ အကြောင်းကြားခြင်းအား ပြုလုပ်မည်မဟုတ်ကြောင်း၊ ကဒ်အား ပိတ်ခြင်းသို့မဟုတ် ကဒ်အား တရားမဝင်အသုံးပြုခြင်း၊ ငွေပေးပို့ရန်အတွက် အသိပေးခြင်း၊ ဖုန်းဖြင့် ပြန်လည်ခေါ်ဆိုခြင်း သို့မဟုတ် လင့်အား ကလစ်နှိပ်ခိုင်းခြင်းတို့ကို ဆောင်ရွက်စေခြင်း မပြုလုပ်ပါ။
အကယ်၍ ကျန်းမာရေးအာမခံ ပရီမီယံကြေးပေးသွင်းခြင်းမှု နောက်ကျသည့်သူများအား ၄င်းတို့၏ ကဒ်ကို ပိတ်ခြင်း သို့မဟုတ် ကျန်းမာရေးကုသမှု ခံယူခွင့်တို့အပေါ် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။ ၄င်းတို့သည့် လိမ်ညာသည့်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်ဟု ယူဆပါက၊ ဖုန်းအား ကိုင်ထားပြီး ၊ အလိမ်ညာတိုက်ဖျက်သည့် အမျိုးသားရဲဌာန အေဂျင်စီ ၁၆၅ သို့ ခေါ်ဆိုပါ သို့မဟုတ် NHI ၏ အချိန်ပြည့်ဝန်ဆောင်မှုပေးသည့် ဖုန်းလိုင်း : ၀၈၀၀-၀၃၀-၅၉၈ (ဧရိယာကုဒ်မလိုအပ်ပါ) သို့ ခေါ်ဆိုပါ ၊ မိုဘိုင်းလက်ကိုင်ဖုန်းများအတွက် ကျေးဇူးပြု၍ ၀၂-၄၁၂၈-၆၇၈ အား ခေါ်ဆိုပါ။

Was this information helpful? Yes    No