:::

ထိုင်ဝမ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်ကူးစက်မှုအခြေအနေ တည်ငြိမ်လာပြီဖြစ်သဖြင့် CECC မှ ကူးစက်ရောဂါကာကွယ်ရေးအချို့အား ရုတ်သိမ်း

Label
Location臺灣
Hit : 7
Date : 2020/5/18
Updated : 2020/5/18 上午 10:45:00

ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုံခြုံမှုအား ခြံုငုံသုံးသပ်ချက်အရ၊ မေလ ၆ ရက်နေ့တွင်၊ ကူးစက်ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ဗဟို (CECC) မှ ကြောငြာချက်ထုတ်ပြန်ရာတွင် မေလ ၈ ရက်နေ့မှ စ၍၊ ဟူဘေးမှ မထွက်ခွာသည့် ထိုင်ဝမ်နိုင်ငံသားများသည် ထိုင်ဝမ်နိုင်ငံသို့ ၄င်းတို့အစီအစဉ်ဖြင့် ပြန်လာနိုင်ပြီး ၄င်းအပြန်ခရီးစဉ်အတွင်း ကောင်းမွန်သည့် ကြိုတင်ကာကွယ်ရေးအား လုပ်ဆောင်သင့်ပြီး၊ ထိုင်ဝမ်သို့ ပြန်ဝင်လာပြီးနောက် အဖွဲ့လိုက်စောင့်ကြည့်စစ်ဆေးခြင်းအဖြစ် ၁၄ ရက် သီးခြားခွဲနေသင့်သည်။

၄င်းအပြင်၊ CECC သည် အမျိုသားဥယျာဉ်များရှိ မြင့်မားသည့်တောင်တန်းများပေါ်တွင် တည်းခိုနေခြင်းအတွင် လျှောက်ထားမှုများအပေါ် တင်းကြပ်မှုများအား ဖြေလျော့ပေးသည်။ မေလ ရ ရက်နေ့မှ စတင်၍၊ ယုရှန်း အမျိုးသားဥယျာဉ်၊ တာရိုကို အမျိုးသားဥယျာဉ် နှင့် ရှီး-အ အမျိုးသားဥယျာဉ်တို့အတွက် တည်းခိုနေထိုင်ခွင့်အား ၄င်းတို့၏ နေထိုင်နိုင်သည့်နေရာပမာဏ လိုအပ်မှု အပေါ်မူတည်၍ လက်ခံမည် ဖြစ်သည်။ ၄င်းအပြင် တရုတ်ဘော့ဘော်ကျွမ်းကျင်သူများပြိုင်ပွဲ (CPBL) ၏ ပုံမှန်ကစားသည့် ရာသီတိုင်းတွင် မေလ ၈ ရက်နေ့မှ စတင်၍ ပရိသတ် အယောက် ၁၀၀၀ ကျော် တက်ရောက်နိုင်ပြီဖြစ်ကြောင်း CECC မှ ကြေငြာခဲ့သည်။

လူတို့သည် ကောင်းမွန်သည့် တကိုယ်ရည်သန့်ရှင်းရေးအတွက် လုပ်ဆောင်ချက်များဖြစ်သည့် လက်ဆေးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းခြင်း နှင့် ချောင်းဆိုးခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်များကို အပန်းဖြေအနားယူစဉ်အတွင်း လိုက်လာသင့်ကြောင်း CECC မှ သတိပေးပြောကြားခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ တရားဝင်လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်း နှင့် အလုပ်လုပ်ခြင်း စသည့် မဖြစ်မနေဆောင်ရွက်ရသည့် လှုပ်ရှားမှုများတွင် လူမူအကွာအဝေး အား အဆောက်အဦးတွင်းဖြစ်ပါက ၁.၅ မီတာ နှင့် အဆောက်အဦးပြင်ပတွင် ၁ မီတာ ကွာ၍ နေခြင်းတို့အား လိုက်နာသင့်သည်။ နှာခေါင်းစည်းများအား မဝတ်ဆင်သင့်တော့ပါ။ သင့်ကိုယ်တိုင်အတွက် ၊ သင့်ဆွေမျိုးသားချင်းများနှင့် သူငယ်ချင်းမိတ်ဆွေများအတွက် ကျန်းမာရေးအား ဂရုပြုပါ။ အကယ်၍ သင့်တွင် ကိုယ်ပူခြင်း သို့မဟုတ် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ပြသလာပါက နှာခေါင်းစည်းအား တပ်ဆင်သင့်ပြီး အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သင့်သည်။ အကယ်၍ ကုသမှုခံယူရန် လိုအပ်ပါက၊ ရောဂါပြန့်ပွားမှုကို လျော့ချနိုင်ရန်အတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်အား အသုံးမပြုသင့်ပါ။


Was this information helpful? Yes    No