:::

CECC မှ “ထိုင်ဝမ်နှင့်တရုတ်ပြည်မကြားတိုက်ရိုက်လေယာဉ်များ” နှင့် “ခရီးသည်ကူးပြောင်းခြင်းပိတ်ပင်မှု” ကန့်သတ်ချက်များကို တိုးချဲ့လိုက်သည်။

Label
Location臺灣
Hit : 9
Date : 2020/4/27
Updated : 2020/4/27 下午 04:00:00

ဧပြီလ 23 ရက်နေ့တွင် ဗဟို ကပ်ရောဂါထိန်းချုပ်ရေး စင်တာ (CECC) မှ ဆက်လက်ပြန့်ပွားနေသော ကိုဗစ်-19 ကမ္ဘာအနှံ့ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်အတွင်း “ထိုင်ဝမ်နှင့်တရုတ်ပြည်မကြားတိုက်ရိုက်လေယာဉ်များ” နှင့် “ခရီးသည်ကူးပြောင်းခြင်းပိတ်ပင်မှု” ကန့်သတ်ချက်များကို တိုးချဲ့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပထမစီမံကိန်းကို ကနဦးတွင် ဧပြီလ 29 ရက်နေ့အထိသာ သက်ရောက်မည်ဟုသတ်မှတ်ထားသော်လည်း ကူးပြောင်းခြင်းပိတ်ပင်မှုကို ဧပြီလ 30 ရက်နေ့တွင် ဖွင့်လှစ်ပေးမည်ဟုသတ်မှတ်ထားခဲ့သည်။ ကိုဗစ်-19 ကမ္ဘာအနှံ့ကပ်ရောဂါ ပြန့်နှံ့နှုန်းပေါ်မူတည်၍ ကန့်သတ်ချက်များကို မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ဟု ဆုံးဖြတ်မည်ဖြစ်ကြောင်း CECC မှ ထုတ်ပြန်ပြောဆိုခဲ့သည်။

CECC မှ လူစုလူဝေးကြားသွားလာနေသော သူများအနေနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ချောင်းဆိုးရာတွင် ပြုမူသင့်သော ကျင့်ဝတ်နှင့် လူစုလူဝေးရှောင်ကျဉ်မှု အစဉ်ပြုလုပ်သင့်ကြောင်း အသိပေးခဲ့သည်။ လူအများရှိသည့်နေရာများ သို့မဟုတ် ကျဉ်းကျပ်သောနေရာများသို့ ဝင်ခြင်း သို့မဟုတ် ထွက်ခြင်းများပြုလုပ်သည့်အချိန်တွင် မျက်နှာဖုံးများ တပ်ဆင်ထားပါ။ ပြည်ပမှ ပြည်တွင်းသို့ဝင်ရောက်လာသည့်အချိန်တွင် သင်၌ အဖျားရှိခြင်း၊ ချောင်းဆိုးခြင် နှင့် အခြား ရောဂါလက္ခဏာများရှိနေပါက လေဆိပ်နှင့် ဆိပ်ကမ်း ရောဂါခြေချုပ် အမှုထမ်းများကို အကြောင်းကြားပြီး ကပ်ရောဂါကာကွယ်ခြင်း စီမံကိန်းများအတိုင်း လိုက်နာရမည်ဖြစ်သည်။ အိမ်ရောက်သည်နှင့် တပြိုင်နက် အိမ်တွင်း 14 ရက်တိုင်တိုင် ရောဂါခြေချုပ်အဖြစ်နေထိုင်ရမည်ဖြစ်သည်။ သံသယဖြစ်စရာ ရောဂါလက္ခဏာများရှိခဲ့သော်၊ ဆေးကုသမှုမခံယူမီ ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့သူ သို့မဟုတ် ဒေသတွင်း ပြည်သူ့ကျန်းမာရေး သို့ဦးစွာဆက်သွယ်ပါ။ အများသုံးသယ်ယူပို့ဆောင်မှုများကို မသုံးရန် အသိပေးလိုပါသည်။ ဆေးကုသမှုခံယူချိန်တွင် သင်၏ ခရီးသွားလာခဲ့သောမှတ်တမ်း၊ အလုပ်အကိုင်၊ ထိတွေ့မှုများ နှင့် အစုအဝေး (TOCC) များကို ဆရာဝန်အား အသိပေးသင့်ပါသည်။

Was this information helpful? Yes    No