:::

အရှေ့တောင်အာရှအတွင်း လှည့်လည်ခရီးသွားနေသော ခရီးသွားများသည် ထိုင်ဝမ်နိုင်ငံသို့ပြန်မလာခင် ကျန်းမာရေးဝန်ထမ်းများကို အသိပေးရန်နှင့် အကယ်၍ ၎င်းတို့သည် ရောဂါကြီးကြီးမားမားရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများနှင့်နေထိုင်သူများဖြစ်ပါက ရောဂါခြေချုပ် ဟိုတယ်များတွင် နေထိုင်ရန်

Label
Location臺灣
Hit : 9
Date : 2020/4/27
Updated : 2020/4/27 上午 10:56:00

အရှေ့တောင်အာရှအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ (COVID-19) casesများ အလျင်အမြန်တိုးတက်ပြန့်ပွါးလာကြောင်း ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ (CECC)မှ ဧပြီ ၁၈ရက်တွင် တင်ပြခဲ့ပါသည်။ ဒေသတစ်ဝိုက်တွင် တောက်လျှောက်ပြန့်နှံ့လာသော COVID-19 ကိုတုံ့ပြန်သောအနေဖြင့် (ဧပြီရရက် တိုင်ပေ စံချိန် 00:00 မှစ၍) လွန်ခဲ့သော ၁၄ရက်အတွင်း အရှေ့တောင်အာရှအတွင်း လှည့်လည်ခရီးသွားနေသော ခရီးသွားများသည် COVID-19နှင့် ပတ်သက်သော ကျန်းမာရေးကြေညာချက်၊ အိမ်ရောဂါခြေချုပ် သတိပေးစာ၊ လေယာဉ်ပေါ်မတက်မီ အိမ်ရောဂါခြေချုပ် ကြေငြာချက်နှင့် မိမိတို့၏နေထိုင်ရာနေရာများတွင် လိုအပ်ချက်များအတိုင်း နေထိုင်ခဲ့ပြီး ဖြစ်ကြောင်း အတည်ပြုချက်များကို ဧပြီ၂၁ရက် တိုင်ပေ စံချိန် 00:00 မှစ၍ အပြီးသတ်ရယူသင့်ပါသည်။ အထက်ပါလုပ်ဆောင်မှုအသစ်မှာ တစ်နိုင်ငံလုံး၏ ကျန်းမာရေးကိုကူညီကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။

ထိုလှည့်လည်ခရီးသွားများအနေနှင့် ၎င်းတို့နေအိမ်၌ အသက်65 နှစ်အထက်ရှိသူ သက်ကြီးရွယ်အိုများ၊ အသက် 6 နှစ်အောက်ငယ်သောကလေးငယ်များ၊ (နှလုံးသွေးကြောရောဂါများ၊ ဆီးချို ရောဂါ၊ သို့မဟုတ် အဆုတ်ရောဂါများ အစရှိသည့်) နာတာရှည်ရောဂါရှိသူများ သို့မဟုတ် (ရေချိုးခန်း အိမ်သာ သီးသန့် အပါအဝင်) သီးသန့်အခန်းမရှိသူများ ထိုင်ဝမ်သို့ဝင်ရောက်ပြီးချိန်တွင်ရောဂါခြေချုပ် ဟိုတယ်များတွင်သာနေသင့်ကြောင်း CECC မှထုတ်ပြန်ထားသည်။ ကျန်းမာရေးကြေညာချက် လွဲမှားဖော်ပြသူများကို NT$150,000 ဒဏ်ငွေချမှတ်မည်ဖြစ်သည်။

အရှေ့တောင်အာရှနှင့် ကျွနု်ပ်တို့၏အိမ်နီးချင်း တောင်အာရှ နိုင်ငံများဖြစ်သော စင်္ကာပူ၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား နိုင်ငံများတွင် ကပ်ရောဂါပြန့်နှံ့မှုများ ပိုမိုတိုးမြင့်လာကြောင်း နှင့် လတ်တလောအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက်များ အများဆုံးအထိရောက်လာပြီး ထိုကပ်ရောဂါဖြစ်စဉ်မှာ ဆက်လက် ဆိုးရွားလာနေမြဲဖြစ်ကြောင်း CECC မှထောက်ပြခဲ့သည်။ ထိုတွင်၊ စင်္ကာပူမှ ကူးစက်ခံရသူလူနာအများစုမှာ လုပ်သားဆောင်များ၌ ပူးကပ်စွာနေထိုင်ကြသော လုပ်သားများဖြစ်ပြီး စုစုပေါင်း အရေအတွက် 2,700 ရှိ၍ ဒေသတွင်း ကူးစက်ခံရသူများအားလုံး၏ 70% ရှိနေသည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံများမှ ကပ်ရောဂါအခြေအနေများတွင်မူ ကူးစက်ခံရသူများ တဖြေးဖြေးလျော့နည်းလာပြီဖြစ်သည်။

အိမ်တွင်း ရောဂါခြေချုပ် နေထိုင်ရသောသူများသည်လည်း လက်ကိုသေချာစွာဆေးကြောသင့်ကြောင်း၊ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့ကိုလက်ဖြင့်ပွတ်သပ်ခြင်းမှရှောင်ရှားသင့်ကြောင်းနှင့် ချောင်းဆိုးလျှင် လုပ်ဆောင်ရမည့် အပြုအမူများကို သတိထားသင့်ကြောင်း ဗဟိုကပ်ရောဂါထိန်းချုပ်ရေးစင်တာမှ နှိုးဆော်ခဲ့သည်။ အကယ်၍ သင့်တွင် အဖျားတက်လာခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုကြပ်ခြင်းတို့ဖြစ်လာပါက ဆေးကုသရန် တစ်ဦးတည်းမသွားပါနှင့်၊ ကောင်တီ သို့မဟုတ် မြီု့တော် ကျန်းမာရေးဗျူရို သို့မဟုတ် ဒေသတွင်း စောင့်ရှောက်ရေးစင်တာတို့ကို ဦးစွာဆက်သွယ်သင့်ပြီး ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များကို အသုံးမပြုပါနှင့်။ အိမ်တွင်း ရောဂါခြေချုပ် နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူများကို ဒဏ်ငွေအများဆုံး NT$1 မီလီယမ် အထိချမှတ်မည်ဖြစ်သည်။

Was this information helpful? Yes    No