:::

ဧပြီ ၁၉ ရက်မှစ၍ နိုင်ငံ့ ကျန်းမာရေးအာမခံဌာနမှ ဆေးဆိုင်များနှင့် ပြည်တွင်း ကျန်းမာရေးစင်တာများကို ဆက်သွယ်၍ တနင်္ဂနွေနေ့များတွင် မျက်နှာဖုံး များရောင်းချခြင်းကို ရပ်ဆိုင်းရန် ပြောကြား

Label
Location臺灣
Hit : 12
Date : 2020/4/27
Updated : 2020/4/27 上午 10:27:00

ဧပြီ ၁၇ ရက်နေ့တွင် e-မျက်နှာဖုံး စနစ် မှ မျက်နှာဖုံး ဝယ်ယူသူဦးရေ တိုးတက်များပြားလာကြောင်း ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ (CECC) မှ တင်ပြခဲ့ပါသည်။ မျက်နှာဖုံး များကိုနေရာချထားရေးနှင့် ရောင်းချနိုင်ရေး အတွက် မပင်မပန်းနိုင် မရပ်မနား ကြိုးပမ်းခဲ့ကြသော

သယ်ယူပို့ဆောင်ရေးများ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်မှာနှင့် ဆက်စပ်ပတ်သက်နေသော ဆေးဆိုင်များ နှင့် ပြည်တွင်း ကျန်းမာရေးစင်တာများကို စာနာသောအားဖြင့် ထိုသူများကိုအနားရစေရန် ရည်ရွယ်၍ CECCမှ ဧပြီ ၁၉ ရက်မှစ၍ နိုင်ငံ့ ကျန်းမာရေးအာမခံဌာနမှ ဆေးဆိုင်များနှင့် ပြည်တွင်း ကျန်းမာရေးစင်တာများကို တနင်္ဂနွေနေ့များတွင် မျက်နှာဖုံး များပို့ဆောင်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
ထပ်မံ၍ CECCမှ အကယ်၍ ဆေးဆိုင်များတွင် တနင်္လာနေ့မှ စနေနေ့အတွင်း မရောင်းရပဲကျန်နေသော၊ သိုလှောင်ထားသော မျက်နှာဖုံး များကို တနင်္ဂနွေနေ့များတွင် ရောင်းချခွင့်ရှိသည့်အတိုင်း လူထုကို ရောင်းချပေးမည်ဆိုလျှင် ဝမ်းသာစရာဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။ ထိုသို့အားတက်သရောပါဝင်ပေးသည့် အတွက်လည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။ အမည်မှန်စနစ် ၂.o အသုံးပြု၍လုပ်ဆောင်မှုများမှာလည်း ပိုမို၍လွယ်ကူအဆင်ပြေလာသောကြောင့် လူထုကိုလည်း အွန်လိုင်း မှ တဆင့် ကြိုတင်မှာယူခြင်း စနစ်ဖြင့် မျက်နှာဖုံး များကိုဝယ်ယူရန် အကြံ ပြု အားပေးလျက် ရှိပါသည်။

Was this information helpful? Yes    No