:::

၁၅ရက်နေ့ ဧပြီလမှစ၍ အသက် ၄နှစ်မှ ၈နှစ်အရွယ်ရှိ ကလေးများအတွက် 3D နှာခေါင်းစည်း မျက်နှာဖုံးများ များကို အွန်လိုင်း မှသာဝယ်ယူရန်

Label
Location臺灣
Hit : 4
Date : 2020/4/27
Updated : 2020/4/27 上午 09:59:00

ယနေ့ ဧပြီလ ၁၄ရက်နေ့တွင် ဗဟိုကပ်ရောဂါ ထိန်းချုပ်ရေးစင်တာ (CECC) မှထုတ်ပြန်ချက်အရ အဆင့်၅ဖြစ်သည့် အွန်လိုင်း မှ တဆင့် အမည်မှန်စနစ် ၂.o ဖြင့် ဧပြီ၁၅ရက်မှစ၍ ကြိုတင်မှာယူခြင်း များစတင်လက်ခံပါမည်။ ပြည်သူလူထုမှ e-မျက်နှာဖုံး ၏ ကြိုတင်မှာယူခြင်း စနစ်ကိုအသုံးပြု၍ ကြိုတင်မှာယူနိုင်ရန် ရည်ရွယ်၍ ယခင်က လူကြီးများအတွက် နှာခေါင်းစည်း မျက်နှာဖုံး များကို အွန်လိုင်း တွင် ဝယ်ယူရရှိနိုင်ခဲ့သည့်အတိုင်း အသက် ၄နှစ်မှ ၈နှစ်အရွယ်ရှိ ကလေးများအတွက် 3D နှာခေါင်းစည်း မျက်နှာဖုံး များကို လည်း အွန်လိုင်း ပေါ်မှစမ်းသပ် ရောင်းချသွားမည်ဖြစ်ပါသည်။ ကလေးများအတွက် မျက်နှာဖုံး များကိုဝယ်ယူနေသော လူကြီးအရေအတွက် သိသာစွာ များပြားနေသောကြောင့် တစ်ဖက်မှလည်း ဝယ်ယူနိုင်သော အသက်အပိုင်းအခြား ကိုလည်းကန့်သတ်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျန်းမာရေးအာမခံကတ်ပြားရှိ၍ အသက်၁၆နှစ် မကျော်လွန်သေးသူများ (သာ) မျက်နှာဖုံး များကိုဝယ်ယူနိုင်မည်ဖြစ်ပါသည်။

လူကြီးများကို ကလေးများအတွက် နှာခေါင်းစည်း မျက်နှာဖုံး များဝယ်ယူခွင့်ပေးပြီးသည့်နောက်ပိုင်း ကလေးများအတွက်မျက်နှာဖုံး များ၏ လေးပုံတစ်ပုံကို လူကြီးများကသာဝယ်ယူရရှိသွားကြောင်း CECC မှမှတ်ချပြုခဲ့ပါသည်။ ကလေးများအတွက်မျက်နှာဖုံး များကို ကလေးများသာ ဦးစားပေးအခွင့်အရေးဖြင့် ရရှိနိုင်ရန် မျက်နှာဖုံးများကို ဝယ်ယူနိုင်သော အသက်အပိုင်းအခြားကန့်သတ်မှုကို လာမည့် ဧပြီလ ၂၃ရက် (ကြာသပတေးနေ့) တွင်ပြန်လည်ထည့်သွင်းသွားမည် ဖြစ်၍ ကျန်းမာရေးအာမခံကတ်ပြားရှိ၍ အသက်၁၆နှစ်နှင့် ၁၆နှစ်မကျော်လွန်သေးသူများသာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ အဆင့်၅ ကြိုတင်မှာယူခြင်းကို ဧပြီ ၁၅ရက်မှ ၁၇ရက်အတွင်း စတင်အသုံးချမည် ဖြစ်ပြီး eမျက်နှာဖုံး ၏ ကြိုတင်မှာယူခြင်း စနစ်ကိုအသုံးပြု၍ မှာယူလျှင် ဧပြီ၂၃ရက်မှ စ၍ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ (ပစ္စည်းထုတ်ယူနိုင်သောနေ့ရက်= ဧပြီ၂၃ရက် မှ မေ၆ရက်နေ့အထိ)

CECC မှရှင်းလင်းထုတ်ပြန်ချက်အရ ကလေးများအတွက် 3D နှာခေါင်းစည်း မျက်နှာဖုံးများ များကို အွန်လိုင်း မှ ဝယ်ယူနိုင်ရန် eမျက်နှာဖုံး ကြိုတင်မှာယူခြင်း စနစ် ကို ဧပြီ၁၅ရက်နေ့ မှစ၍ စမ်းသပ်ကာလသတ်မှတ်ပြီး စတင်အသုံးပြုမည် ဖြစ်ပါသည်။ ကလေး မျက်နှာဖုံး များမှာ တစ်ဝက်ခေါက်ထားလျှင် အလျား ၈ စင်တီမီတာ အနံ ၁၂ စင်တီမီတာ အောက်အရွယ် ရှိပါသည်။ လူထုက e-မျက်နှာဖုံး စနစ် ထဲသို့ လော့ဂ်အင် ဝင်လိုက်ရုံနှင့် ၎င်းတို့၏ အသက်ကို စနစ် မှ အလိုလို ခွဲခြားသတ်မှတ်လိုက်မည် ဖြစ်ပါသည်။ ထို့ကြောင့် ရွေးချယ်ရန် လူကြီး မျက်နှာဖုံး သို့မဟုတ် ကလေး မျက်နှာဖုံး ရွေးချယ်မှု များမှာ အသက်၁၆နှစ်နှင့် ၁၆နှစ်အောက် လူငယ်များသာ မြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကလေးများ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် မျက်နှာဖုံး အရွယ်အစားဖြစ်ကြောင်းသေချာမှ မှာယူရန်လည်း လူထုကိုသတိပေးထားပါသည်။ ကျန်ရှိသောဝယ်ယူရန်အဆင့်များမှာ လူကြီး မျက်နှာဖုံး ဝယ်ယူပုံအဆင့်ဆင့်နှင့် တူညီပါသည်။ ထိုအတွက် ကလေးများကိုယ်တိုင် ၎င်းတို့၏ မျက်နှာဖုံး များကိုဝယ်ယူနိုင်ရန် မိဘများမှ ကလေးများအတွက် ကျန်းမာရေးအာမခံကတ်ပြားများပြုလုပ်ပေးခြင်း၊ ဆဲလ်ဖုန်းများတွင် ကျန်းမာရေးအာမခံ APP များသွင်းပေးခြင်းတို့ကို အလျှင်မြန်ဆုံးပြုလုပ်ပေးရန်လည်း အကြံပေးထားပါသည်။

တစ်ကြိမ်အတွင်း ဝယ်ယူသော lကလေးမျက်နှာဖုံး နှင့်လူကြီးမျက်နှာဖုံး တို့၏ အရေအတွက်ပေါ်မူတည်၍ ကြိုတင်မှာယူခြင်း အတွက် ငွေချေရန်ပမာဏမှာ ကွဲပြားသွားမည်ဖြစ်ကြောင်းလည်း CECCမှ သတိပေးထားပါသေးသည်။ ငွေပေးချေရန်အဆင့်ရောက်လျှင် အခြားသူများနှင့် အတူပေါင်း၍ ပေးချေနိုင်သော်လည်း ကုန်သယ်ယူပို့ဆောင်ခကိုမူ တစ်ယောက်ခြင်းစီ သီးသန့်ပေးချေရမည်ဖြစ်ပါသည်။ ငွေပေးချေပြီးသည်နှင့် ရွေးချယ်ထားသည့်ပစ္စည်းကို လဲလှယ်ခွင့်မရှိတော့ပါ။ ထို့အပြင် ထုတ်လုပ်သူအမြောက်အများပါဝင်မှုကြောင့် ကလေး မျက်နှာဖုံး များ၏ စတိုင်လ်နှင့် အရွယ်အစားအမှန်မှာ အနည်းငယ်ကွဲလွဲမှု ရှိနိုင်ပါသည်။ ယင်းသို့ ကွဲလွဲမှုများကို ပစ္စည်းထုတ်ယူရာနေရာတွင် တွေ့ရှိခဲ့လျှင်လည်း ပစ္စည်းပျက်စီးခြင်း သို့မဟုတ် ထိခိုက်နစ်နာမှုရှိနေခြင်းမှလွဲ၍ လဲလှယ်ပေးနိုင်မည်မဟုတ်ပါ။ ပစ္စည်းထုတ်ယူရာနေရာမှထွက်ခွါသွားပြီးသည့်မည်သူ့ကိုမဆို ပစ္စည်းပြန်သွင်းခြင်း သို့မဟုတ် လဲလှယ်ပေးခြင်းစသော ဝန်ဆောင်မှုများမပေးနိုင်ကြောင်း တောင်းပန်အပ်ပါသည်။

Was this information helpful? Yes    No