:::

ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ကြေး ရရှိရန် ၂ နှစ်ကာလအတွင်း လျှောက်ထားနိုင်ပြီး အင်တာနက်မှတစ်ဆင့် လျှောက်လွှာတင်နိုင်သည်

Label
Location臺灣
Hit : 4
Date : 2020/4/21
Updated : 2020/4/21 下午 02:52:00

ကိုဗစ်-၁၉ ကြောင့် အသွားအလာဖြတ်တောက် နေထိုင်သူများအတွက် ဗဟို ရောဂါထိန်းချုပ်မှုစင်တာ (စီအီးစီစီ) မှ တစ်ရက်လျှင် NT$ ၁,၀၀၀ ထောက်ပံ့သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးရယူရန် လျှောက်လွှာများကို မတ်လ ၂၃ ရက်နေ့မှ စတင်၍ လက်ခံစိစစ်သွားမည် ဖြစ်ပါသည်။ စောင့်ရှောက်သူအတွက် ထောက်ပံ့ငွေရရှိရန် လျှောက်လွှာများကို မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး လက်ခံစိစစ်သွားမည် ဖြစ်ပါသည်။ လက်ရှိအချိန် ပြင်းထန်သည့် ကမ္ဘာလုံးကပ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေချိန်တွင် အများပြည်သူများအနေဖြင့် မဖြစ်မနေ မလိုအပ်ပါက လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းကို ရှောင်ကျဉ်ရန်လိုအပ်ပြီး အင်တာနက်မှတစ်ဆင့် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။ ထို့ပြင် ကပ်ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ထောက်ပံ့ကြေးကို သီးခြားခွဲ နေထိုင်ခြင်း သို့မဟုတ် အသွားအလာ ဖြတ်တောက်နေထိုင်ခြင်းအပြီး နောက်ရက်မှစ၍ ၂ နှစ်အတွင်း လျှောက်ထားတောင်းခံနိုင်ပြီး အများပြည်သူတို့ အနေဖြင့် လက်တလောတွင် ၎င်းထောက်ပံ့ကြေး ရရှိရန်အတွက် စုပြုံလျှောက်ထားရန် မလိုအပ်ပါ။

ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ကြေးပေးရမည့် ပုဂ္ဂိုလ်များကို အိမ်တွင်း၌ သီးခြားခွဲနေထိုင်သူ၊ ရောဂါပြန့်ပွားမှု တားဆီးရန် အိမ်တွင်း၌ အသွားအလာဖြတ်တောက် နေထိုင်သူ၊ ဗဟိုမှ သီးခြားခွဲ နေထိုင်စေရာတွင် ပါဝင်သူ၊ ဗဟိုမှ ရောဂါပြန့်ပွားမှု တားဆီးရန် အသွားအလာဖြတ်တောက်ရာတွင် ပါဝင်သူနှင့် သီးခြားခွဲနေထိုင်သူ သို့မဟုတ် အသွားအလာဖြတ်တောက် နေထိုင်သူတို့အား ပြုစုစောင့်ရှောက်ရန်အတွက် ခွင့်ယူရသူ သို့မဟုတ် အလုပ်မလုပ်နိုင်သူများဟူ၍ အမျိုးအစားငါးမျိုး ခွဲခြားနိုင်ကြောင်း စီအီးစီစီမှ ထောက်ပြခဲ့ပါသည်။ သို့သော်လည်း ထိုကာလအတွင်း လစာရရှိသူများ သို့မဟုတ် အခြား ဥပဒေများနှင့် စည်းမျဉ်းများအရ သက်ညှာခွင့်/ကြေး ရရှိသူများသည် ထပ်ခါတလဲလဲ လျှောက်ထားနိုင်မည် မဟုတ်ပါ။ ကပ်ရောဂါ ကာကွယ်မှုဆိုင်ရာ စည်းကမ်းချက်များအပေါ် လိုက်နာမှု မရှိသူများသည် ထောက်ပံ့ကြေးရရန် လျှောက်ထားခွင့် မရှိပါ။
ထို့ပြင် မိမိကိုယ်ကို ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိသူများအနေဖြင့် ဆေးဘက်ဆိုင်ရာ ရောဂါသတ်မှတ်ချက်လက်မှတ် ကိုင်ဆောင်ထားသည့် ရူးသွပ်နေသူများ၊ မူလတန်း ကလေးငယ်များ သို့မဟုတ် အသက် ၁၂ နှစ်အောက် ကလေးငယ်များ၊ ဂျူနီယာ သို့မဟုတ် စီနီယာ အထက်တန်းဖြစ်စေ၊ ဂျူနီယာကောလိပ်၏ ယခင်သုံးနှစ်တွင်ဖြစ်စေ တက်ရောက်နေသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများ၊ ရပ်ရွာမှ စောင့်ရှောက်မှုအောက် သို့မဟုတ် တစ်ကိုယ်ရေကူညီရေး ဝန်ဆောင်မှုအောက်တွင် ရှိနေသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ကူးစက်မှုပြင်းထန်သည့် အဆုတ်ရောင်ရောဂါ ရရှိ၍ဖြစ်စေ၊ အခြားအကြောင်းရင်းများကြောင့်ဖြစ်စေ ဝန်ဆောင်မှုမပေးနိုင်သော နိုင်ငံရပ်ခြားမှ အငှား စောင့်ရှောက်သူများဟူ၍ မစွမ်းမသန်ဖြစ်မှုအဆင့် ၂ မှ ၈ အထိပုဂ္ဂိုလ်များအား စောင့်ရှောက်နေသူများအဖြစ် အုပ်စုငါးစု ခွဲခြားထားပါသည်။

အများပြည်သူတို့အနေဖြင့် တန်းစီစောင့်ဆိုင်းရမည့်အချိန် သက်သာစေရန်အတွက် အင်တာနက်မှတစ်ဆင့် လျှောက်ထားရန် စီအီးစီစီမှ အကြံပြုထားပါသည်။ လျှောက်လွှာနှင့် ပတ်သက်သည့် အသေးစိတ်အချက်များကို http://topics.mohw.gov.tw/COVID19/cp-4715-52167-205.html တွင် ရယူနိုင်ပြီး လျှောက်လွှာများကို မေးလ်မှပို့၍ဖြစ်စေ၊ ကောင်တာတွင် တင်သွင်း၍ဖြစ်စေ တင်နိုင်သလို ၎င်းတို့ သီးခြားခွဲနေထိုင်မှု သို့မဟုတ် ရောဂါပြန့်ပွားမှု တားဆီးရန် အဆက်အသွယ် ဖြတ်တောက်နေထိုင်မှု ပြီးစီးရာ စည်ပင်နယ်မြေ၊ စီရင်စု သို့မဟုတ် မြို့အစိုးရထံ လျှောက်ထားနိုင်ပါသည်။ ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ကြေးနှင့် ပတ်သက်၍ အများပြည်သူတို့မှ မေးမြန်းလိုသည်များ ရှိပါက နေ့စဉ် နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အခမဲ့ဖုန်း ဟော့ထ်လိုင်း ၁၉၅၇ နံပါတ်သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

Was this information helpful? Yes    No