:::

ဥပဒေများနှင့် စည်းကမ်းချက်များအရ အိမ်တွင်း ၁၄ ရက် သီးခြားခွဲနေထိုင်ခြင်းနှင့် ရောဂါပြန့်ပွားမှု တားဆီးရန် အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း ဆောင်ရွက်သူများသည် ကျွန်ုပ်တို့နိုင်ငံသားများ၏ ကျန်းမာရေးကို လက်တွဲစောင့်ရှောက်နေပါသည်

Label
Location臺灣
Hit : 4
Date : 2020/4/21
Updated : 2020/4/21 下午 02:44:00

မတ်လ ၁၉ ရက်နေ့မှ စတင်ပြီး နိုင်ငံအတွင်း ဝင်ရောက်လာသူ အားလုံးသည် ၁၄ ရက်ကြာ ရောဂါပြန့်ပွားမှု တားဆီးရန်အတွက် အသွားအလာဖြတ်တောက်၍ အိမ်တွင်း၌ နေထိုင်ရမည်ဟု ဗဟို ရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ) မှ မကြာသေးမီက ကြေငြာခဲ့ပါသည်။ အတည်ပြုထားသည့် ဖြစ်စဉ်တစ်ခုနှင့် ထိတွေ့ခဲ့သူ မည်သူမဆို ရောဂါပြန့်ပွားမှု တားဆီးရန်အတွက် အိမ်တွင်း၌ ၁၄ ရက်ကြာ သီးခြားခွဲနေထိုင်ရမည် ဖြစ်ပါသည်။ အိမ်တွင်း၌ သီးခြားခွဲ/အသွားအလာဖြတ်တောက် နေထိုင်နေသည့် ကာလပတ်လုံး အများပြည်သူတို့ကို အိမ်တွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ နေထိုင်ရန်၊ မျက်နှာဖုံးများ တစ်ချိန်လုံး ဝတ်ဆင်ထားရန်နှင့် အပြင်သို့ မထွက်ရန် ညွှန်ကြားထားပါသည်။ အိမ်တွင်း သီးခြားခွဲ/ အသွားအလာဖြတ်တောက် နေထိုင်သူများနှင့် အတူနေသူများသည်လည်း ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများ ဝတ်ဆင်ခြင်း၊ ကောင်းမွန်သော တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အကျင့်များကို လိုက်နာခြင်းနှင့် ဘုံအသုံးပြုသည့် နေရာများကို နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်းတို့ အပါအဝင် ကာကွယ်လုပ်ဆောင်မှုများကို လိုက်နာရမည် ဖြစ်ပါသည်။ အရေးအကြီးဆုံး အနေဖြင့် သီးခြားခွဲနေထိုင်သူနှင့် အသွားအလာ ဖြတ်တောက်နေထိုင်သူများနှင့် တတ်နိုင်သမျှ အနည်းဆုံး ၁ မီတာအကွာတွင် အမြဲတမ်းနေထိုင်ရန် လိုအပ်ပါသည်။
စီအီးစီစီက ရောဂါပြန့်ပွားမှု တားဆီးရန် အိမ်တွင်း၌ အသွားအလာ ဖြတ်တောက်နေထိုင်သူအနေဖြင့် ကိုယ်အပူချိန်နှင့် ကျန်းမာရေးအခြေအနေကို အသေးစိတ် စောင့်ကြည့်မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသော အာဏာပိုင်တို့မှ ၎င်းတို့နှင့် နေ့စဉ်ဆက်သွယ်၍ မျက်ခြေမပြတ် စောင့်ကြည့်သွားမည် ဖြစ်ပါသည်။ နေထိုင်မကောင်းသည့် လဏ္ခဏာများကို တွေ့ရှိခဲ့လျှင် မည်သူမဆို ကျန်းမာရေးအဖွဲ့အစည်း သို့မဟုတ် စီရင်စုနှင့် မြို့အဆင့် စောင့်ရှောက်မှုစင်တာသို့ (အင်တာနက်စာမျက်နှာ - http://at.cdc.tw/7aLR45) ဆက်သွယ်ရမည်ဖြစ်ပြီး ဆေးကုသမှု ခံယူနိုင်ရန်အတွက် လမ်းညွှန်ချက်များကို လိုက်နာရမည် ဖြစ်သည်။ ဆေးရုံဆေးခန်းများသို့ အများသုံး သယ်ယူပို့ဆောင်ရေးစနစ်များမှတစ်ဆင့် မသွားမိရန် သတိပြုပါ။

အိမ်တွင်း၌ သီးခြားခွဲနေထိုင်ခြင်း/အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း လုပ်နေသူများကို ၎င်းတို့၏ မိုဘိုင်းဖုန်းများမှတစ်ဆင့် “အီလက်ထရောနစ် ခြံစည်းရိုးနှင့် စမတ်ကျ စောင့်ကြည့်စနစ်” ဖြင့် မိုဘိုင်းဖုန်း၏ တည်နေရာရှာစနစ်ကို အသုံးပြု၍ မိမိတို့ အသွားအလာ ဖြတ်တောက်နေထိုင်ရာနေရာဝန်းကျင်မှ ထွက်ခွာခြင်းမပြုရန် သတိပေးသွားမည်ဟု စီအီးစီစီမှ ထပ်မံအသိပေးထားပါသည်။ အိမ်တွင်း၌ သီးခြားခွဲနေထိုင်ခြင်း/အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း လုပ်နေသူများသည် ၎င်းတို့ဖုန်းများကို အမြဲဖွင့်ထားရမည်ဖြစ်ပြီး ဖုန်းအား အလုံအလောက် ရှိမရှိလည်း စစ်ဆေးထားရမည် ဖြစ်သလို ဖုန်းမရှိသူများ ဖြစ်ပါက ကပ်ရောဂါ ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး စီအီးစီစီမှ ဖုန်းများဖြင့် ပံ့ပိုးပေးမည် ဖြစ်သည်။
စီအီးစီစီမှ ဖော်ပြသည်မှာ အများပြည်သူတို့ အနေဖြင့် အိမ်တွင်း၌ သီးခြားခွဲနေထိုင်ခြင်း/ အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း လုပ်ဆောင်နေစဉ်အတွင်း ၎င်းတို့၏ မိသားစုဝင်များနှင့် အိမ်နေပုဂ္ဂိုလ်များထံမှ အကူအညီတောင်းခံခြင်း သို့မဟုတ် အွန်လိုင်းမှ ဈေးဝယ်ခြင်း၊ ပို့ဆောင်ခြင်း စနစ်များနှင့် အခြားလမ်းကြောင်းများကို အသုံးပြု၍ အစားအသောက်နှင့် နေထိုင်မှုအတွက် လိုအပ်ချက်များကို ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်နိုင်သလို ၎င်းတို့မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး အခြားကူညီမည့်သူလည်း မရှိပါက စီရင်စုနှင့် မြို့တိုင်းမှ စောင့်ရှောက်မှုစင်တာများထံ ဆက်သွယ်နိုင်ပါသည်။ ပြည်သူတစ်ဦးတစ်ယောက်တွင် ချောင်းဆိုးခြင်း သို့မဟုတ် ဖျားနာခြင်းတို့ ကဲ့သို့သော ကိုဗစ်-၁၉ ဟု သံသယဖြစ်ဖွယ် လက္ခဏာများကို တွေ့ရှိရပါက ဆေးကုသမှု ခံယူနိုင်ရန်အတွက် ကျန်းမာရေးအဖွဲ့ သို့မဟုတ် စောင့်ရှောက်မှုစင်တာသို့ ချက်ချင်းဆက်သွယ် အသိပေးပါ။ နာတာရှည် ရောဂါများနှင့် အခြားကိစ္စရပ်များအတွက် ဆေးဘက်ဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု လိုအပ်သည် ဆိုပါက ဆေးဘက်ဆိုင်ရာ ရောဂါလက္ခဏာ ရှာဖွေသတ်မှတ်မှုများအတွက် ဗီဒီယိုဖုန်း ခေါ်ဆို၍ ဆွေးနွေးနိုင်ပြီး မိသားစုဝင်များမှ ဆေးဖိုးဝါးဖိုးများ သွားရောက်ပေးချေ၍ ကူညီပေးနိုင်ပါသည်။ ထို့ပြင် အရေးပေါ်မဟုတ်သည့် အခြားကျန်းမာရေး ပြဿနာများနှင့် ပလစ်စတစ် ဆာဂျရီနှင့် ကျန်းမာရေး စစ်ဆေးမှုတို့ကဲ့သို့သော မဖြစ်မနေ မလိုအပ်သည့် ကိစ္စများအတွက် အိမ်တွင်း၌ သီးခြားခွဲနေထိုင်ခြင်း/ အသွားအလာ ဖြတ်တောက်နေထိုင်ခြင်းကာလ ပြီးဆုံးသည်အထိ စောင့်ဆိုင်းပေးပါ။
စီအီးစီစီမှ ကြေငြာထားသည်မှာ အများပြည်သူတို့မှ သက်ဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်ခဲ့ပါက NT$၁,၀၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပြီး ဗဟိုမှ ထိန်းချုပ်၍ မဖြစ်မနေ အသွားအလာဖြတ်တောက် နေထိုင်မှုတွင်း၌ ထည့်သွင်းခံရနိုင်ပါသည်။ ထို့ပြင် ထိုပုဂ္ဂိုလ်များမှာ ကံဆိုးစွာဖြင့် ရောဂါကူးစက်ခံနေရသည် ဆိုပါက သက်ဆိုင်ရာ စည်းကမ်းချက်များအား ချိုးဖောက်ခြင်းကြောင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးအပေါ် ထပ်မံထိခိုက်စေနိုင်သည့်အတွက် အများပြည်သူတို့အား ဥပဒေအား လိုက်နာရန်နှင့် မိမိကိုယ်ကိုနှင့် အခြားသူများအား အန္တရာယ်မဖြစ်စေရန် သတိပေးထားပါသည်။ ထို့အတွက်ကြောင့် မိမိတို့ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ အိမ်တွင်း၌ အသွားအလာဖြတ်တောက် နေထိုင်နေသည်များ ရှိပါက မိမိတို့ စိုးရိမ်ပူပန်သမျှကို ဗီဒီယို၊ တယ်လီဖုန်း သို့မဟုတ် စာတိုများဖြင့် ပို့ဆောင်ဆက်သွယ် အသိပေးနိုင်ပါသည်။ ဤကပ်ရောဂါအား ဘေးကင်းငြိမ်းချမ်းစွာ ဖြတ်ကျော်နိုင်ရေးအတွက် ၎င်းတို့အားလုံးသည် မိမိတို့ နိုင်ငံသားများ၏ ကျန်းမာရေးအား ကာကွယ်စောင့်ရှောက်ပေးရာတွင် ပူးပေါင်းပါဝင်သည့်အတွက် စီအီးစီစီမှ အထူးကျေးဇူးတင်လိုပါသည်။

Was this information helpful? Yes    No