:::

တည်းခိုခန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များကိုလည်း အခန်းတစ်ခန်းလျှင် NT$၁,၀၀၀ ဈေးလျော့၍ တန်းခိုခွင့်ပြုခြင်းဖြင့် “ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ လူမှုကယ်ဆယ်ရေး” အတွက် ပါဝင်အားဖြည့်ရန် ဖိတ်ခေါ်ထားပါသည်

Label
Location臺灣
Hit : 5
Date : 2020/4/21
Updated : 2020/4/21 下午 02:40:00

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (အမ်အိုတီစီ) ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗြူရိုအနေမှ “ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ လူမှုကယ်ဆယ်ရေးဟိုတယ်များ” စီမံချက်အပြင် အိမ်တွင်း၌ သီးခြားခွဲနေထိုင်သူနှင့် ရောဂါပြန့်ပွားမှု တားဆီးရန် အသွားအလာ ဖြတ်တောက်နေထိုင်သူဦးရေ တိုးပွားမှုအား ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ဟိုတယ်များအတွက် အားပေးမက်လုံးများနှင့် လျော့ပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို ချမှတ်အကောင်အထည်ဖော်သွားမည်ဟု ဧပြီလ ၁ ရက်နေ့တွင် ဗဟို ရောဂါထိန်းချုပ်ရေး စင်တာ (စီအီးစီစီ) မှ ကြေငြာခဲ့ပြီး ကပ်ရောဂါကာကွယ်ရေး ဟိုတယ်များကို လူအများမှ အသုံးပြုလိုစိတ် တိုးမြှင့်ရန်နှင့် ရပ်ရွာအတွင်း ရောဂါပြန့်ပွားမှု အန္တရာယ်ကို လျော့ချရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် စီအီးစီစီသည် ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ကော်မတီများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် “ကိုဗစ်-၁၉” တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များကို ရေးဆွဲခဲ့ပါသည် -- ကပ်ရောဂါ ကာကွယ်ရေး ဟိုတယ်များ တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း” ကဏ္ဍအားလုံးမှ ရည်ညွှန်းကိုးကားရန် (ပူးတွဲပါစာတမ်းတွင်ရှုပါ)။
စီရင်စုတိုင်းနှင့် မြို့တိုင်းမှ တရားဝင် တည်းခိုခန်းနှင့် ဟိုတယ်လုပ်ငန်းရှင် အားလုံးမှ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ “ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကယ်ဆယ်ရေးဟိုတယ်” စာရင်းတွင် စာရင်းပေးသွင်း ပါဝင်ရန်နှင့် အိမ်တွင်း၌ သီးခြားခွဲနေထိုင်ခြင်းနှင့် အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း လုပ်ဆောင်နေသူများအတွက် အခန်းတစ်ခန်းအတွက် တစ်ဦးလျှင် တစ်ရက် NT$၁,၀၀၀ တည်းခိုခ လျော့ပေးရန် အားပေးထားသည်ဟု စီအီးစီစီမှ ဆိုထားပါသည်။ တရားဝင် တည်းခိုခန်းနှင့် ဟိုတယ်ပိုင်ရှင်များသည် ၎င်းတို့၏ တည်းခိုရာနေရာများကို စီရင်ခွင့်ရ စီရင်စုနှင့် မြို့ အစိုးရအဖွဲ့များမှ အတည်ပြုပြီးနောက်တွင် “ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကယ်ဆယ်ရေးဟိုတယ်” အဖြစ် ပြောင်းလဲနိုင်ပြီး ၎င်းတို့သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဗြူရို၊ စီရင်စုနှင့် မြို့ အစိုးရများနှင့် ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်ပါသည်။
ကပ်ရောဂါကာကွယ်ရေး ဟိုတယ်များကို ဖန်တီးရာတွင် အဆောက်အဦး တစ်ခုတည်း အသုံးပြုသည့် သဘောတရားအပေါ်တွင် အခြေခံပြီး လူအသွားအလာကို နေရာလွှဲပြောင်း၍ အိမ်၌ သီးခြားခွဲနေထိုင်ခြင်းနှင့် ရောဂါပြန့်ပွားမှု တားဆီးရန် အသွားအလာ ဖြတ်တောက်ခြင်းတို့ဆိုင်ရာ အခွင့်အရေးများအပြင် ကပ်ရောဂါ တားဆီးကာကွယ်ခြင်းဆိုင်ရာ အိမ်တွင်းဘေးကင်းလုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် “တစ်ခန်းလျှင် လူတစ်ဦး” မူကိုလည်း အသုံးချသင့်သည်ဟု စီအီးစီစီမှ ထပ်မံပြောကြားထားပါသည်။ လာရောက်နေထိုင်သူအတွက် ပြုစုစောင့်ရှောက်သူတစ်ဦး အတူခေါ်လာရန် လိုအပ်သည်ဆိုပါက (ဥပမာ အနီးကပ် ထိတွေ့ထားသူသည် မိမိကိုယ်ကို စောင့်ရှောက်ထိန်းသိမ်းနိုင်စွမ်း မရှိလျှင်) ထိုစောင့်ရှောက်သူ တစ်ဦးသာ အများဆုံးပါရမည်ဖြစ်ပြီး ၎င်းသည် အခန်းတွင်း၌ မျက်နှာဖုံးတပ်ဆင်ရမည် ဖြစ်သည်။ ထို့ပြင် ဟိုတယ်အဝင်ဝများ၊ ကောင်တာများ၊ ဓာတ်လှေကားများ၊ အထပ်တိုင်းမှ ဝင်ပေါက်များနှင့် ထွက်ပေါက်များ အားလုံးတွင် ပိုးသတ်ဆေးကြောရန် ပစ္စည်းများ အသင့်ရှိရမည်ဖြစ်ပြီး အများသုံး နေရာများကို တစ်နေ့လျှင် အနည်းဆုံးတစ်ကြိမ် သန့်ရှင်းပေးရမည် ဖြစ်သည်။ အခန်းများတွင် လေဝင်လေထွက် ကောင်းမွန်စေရန် ပြူတင်းပေါက်များ ဖွင့်ထားရမည်ဖြစ်ပြီး သီးခြား ရေချိုးခန်းနှင့် လေအေးပေးကိရိယာတို့ တပ်ထားရမည်ဖြစ်သည်။ အခန်းသန့်ရှင်းရေးကို အခန်းတွင်းနေထိုင်သူမှ လုပ်ဆောင်ရမည်။ ဖျော်ဖြေရေး ကိရိယာများအတွက် အဝေးထိန်းရီမုတ်ကွန်ထရိုး သို့မဟုတ် ထိတွေ့မျက်နှာပြင်များကို ကာကွယ်ပေးမည့် အလွှာပါးတစ်ခုဖြင့် ကာကွယ်ပေးထားရမည်ဖြစ်ပြီး ကူးစက်မှု အန္တရာယ်ကို လျော့ချရန်အတွက် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် တစ်ခါသုံးပစ္စည်းများကို တတ်နိုင်သမျှ သုံးပေးရမည် ဖြစ်သည်။

ထို့ပြင် ကပ်ရောဂါကာကွယ်ရေး ဟိုတယ်များကို ကောင်းမွန်စွာ လုံခြုံရေးချထားရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိသူများကို ဝင်ခွင့်မပြုရပါ။ နေထိုင်သူများအတွက် လှုပ်ရှားမှု အတိုင်းအတာအနေဖြင့် မိမိတို့အခန်းတွင်းတွင်သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ အဝင်၊ အထွက် လုပ်ခွင့်မရှိပါ။ ဝန်ထမ်းများကို လုပ်ငန်းမစတင်မီ လေ့ကျင့်ပေးထားရမည်ဖြစ်ပြီး တာဝန်ချိန်အတွင်း မျက်နှာဖုံးများ အသုံးပြုရန်နှင့် လာရောက်နေထိုင်သူများနှင့် နီးစပ်စွာ ထိတွေ့ခြင်း သို့မဟုတ် စကားပြောဆိုခြင်း မလုပ်ရန် သင်ကြားပေးထားရမည်။ သက်ဆိုင်သူ ဝန်ထမ်းများအတွက် ပိုးသတ်ခြင်းနှင့် သန့်စင်ခြင်း၊ အညစ်အကြေးများ ဆေးကြောခြင်းနှင့် ကျန်းမာရေး စီမံခန့်ခွဲတို့ ကဲ့သို့သော အခြားတာဝန်များအတွက် လမ်းညွှန်ချက်များကို ရည်ညွှန်းကိုးကားပါ။

ပြည်တွင်းမှ တည်းခိုခန်းနှင့် ဟိုတယ်လုပ်ငန်းမှ အစိုးရနှင့်အတူ ကပ်ရောဂါ ကာကွယ်ရေး မူများတွင် ပါဝင်ဆောင်ရွက်ပြီး စီရင်စုနှင့် မြို့အစိုးရများနှင့်အတူ အိမ်တွင်း သီးခြားခွဲနေထိုင်ခြင်းနှင့် ရောဂါပြန့်ပွားမှု တားဆီးရန် အသွားအလာ ဖြတ်တောက်နေထိုင်ခြင်း လုပ်ဆောင်နေသူများအတွက် ဘေးကင်းပြီး အဆင်ပြေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် ရပ်ရွာအတွင်း ရောဂါကူးစက်ခြင်းအား ကူညီလျော့ချပေးရန် ကြိုးပမ်းပါဝင်သည့်အတွက် စီအီးစီစီမှ အထူးကျေးဇူးတင်ပါသည်။ ကပ်ရောဂါကာကွယ်ရေး တာဝန်ကို အားစိုက်ထမ်းဆောင်နေသည့် တည်းခိုခန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များအား ကဏ္ဍမျိုးစုံမှ ထောက်ပံ့မှုနှင့် အတည်ပြုချက်များ ပေးရန်နှင့် နိုင်ငံတစ်ဝှမ်းလုံးမှ ဦးတည်ချက် တစ်ခုတည်းအတွက် အတူတွဲကြိုးပမ်းရန် စီအီးစီစီမှ ထပ်တိုးအားပေးထားပါသည်။

Was this information helpful? Yes    No