:::

【ထိုင်ဝမ်တွင်အခြေချစုစည်းနေထိုင်သည့်အကြောင်း】နယူးထိုင်ပေမြို့ ကျုံးဟော် ဟွာရှင်းကျဲ,မြန်မာစတိုင်ဈေးကွက်ကြောင့် လူများအား နိုင်ငံခြားတိုင်းပြည်ကဲ့သို့ ဖြစ်နေသည်။

Hit : 35
Date : 2019/7/4
Updated : 2019/7/12 下午 05:45:00

緬甸1


ကျုံးဟော် ဟွာရှင်းကျဲ သွားရောက်လည်ပတ်ပါက တတ်နိုင်သမျှစောပါ။ မွန်းမတည့်မီ ဟင်းရွက် ဈေးအတော်များများ မြန်မာအရသာစစ်စစ်ဆိုင်လေးများ တဖြည်းဖြည်းသိမ်းကုန်ကြသည်။ လူကြိုက်များသော ဆန်ခေါက်ဆွဲ၊ တိုဟူးနွေးတို့သည်လည်း ရောင်းကုန်သည်။

မြန်မာပြည်မှာတော့「လက်ဖက်ရည်ဆိုင်」သည် နေထိုင်မှုတွင် မရှိမဖြစ် အရေးပါသည်။မြန်မာ နိုင်ငံဖွား ကျောက်တယ်ရင် ရုပ်ရှင်မှတ်တမ်း《ကွေးလိုင်တဲ့ရိန်》ပြသပါသည်။ မြန်မာမှာ ရွာငယ် လေးများတွင်လည်းလက်ဖက်ရည်ဆိုင်ရှိသည်။လက်ဖက်ရည်ဆိုင်သည် အစားအစာ၊ မုန့် ထောက်ပံ့ပေးရုံသာမက လူမှုရေးနယ်ပယ်နှင့် သတင်းအချက်အလက်ဌာနလည်း ဖြစ်သည်။

ဟွာရှင်းကျဲသည် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများစုစည်းနေထိုင်ရာဒေသဖြစ်သည်။ မြန်မာရဲ့ 「လက်ဖက်ရည်ယဉ်ကျေးမှု」သည်ဤဒေသတွင် အလွယ်တကူ မွေးဖွားလာသည်။ စားပွဲကုလား ထိုင်များ အမိုးစင်္ကြံ အောက်တွင်ခင်းကျင်းပြီး မြန်မာပြန်အတော်များများက လက်ဖက်ရည်ဆိုင် သို့အတူတကွ လာရောက်ကြပြီး သတင်းစာဖတ်၊ သူငယ်ချင်းများနှင့်စကားစမြည် ပြောဆိုကြ သည်။ အချို့သောလူများက စစ်တုရင်ကစားနေကြသည်။ နားကိုစွင့်၍ သေချာနားထောင်သော အခါ မရင်းနှီးသောပြောဆိုသံများက တိုင်းတစ်ပါးရောက်နေသည်ထင်ရသည်။(ဆက်လက် ဖတ်ရှုရန် :ကျုံးရှင်းကျဲ ကိုရီးယားမုန့်ဝယ်၊ ဟွာရှင်းကျဲ မြန်မာအစားအစာ စားပါ)

မြန်မာပြန်တိုင်း ဒီလမ်းအတိုင်း ပြောရခက်တဲ့ နောက်ကြောင်းပုံပြင်ရှိကြသည်။ 「မြန်မာအစား အစာ」ဝိုင်းနေသော ရှေးတိုင်းရင်းသားဟင်းလျာအပြင် အိမ်နီးချင်းလူမျိုးစုတွေရဲ့ အစားအစာနှင့် ပေါင်းစပ်ထားသည်။ မြန်မာမြောက်ပိုင်းယွင်နန်အရသာပေါများပြီး အလယ်ပိုင်းကွမ်တုံနှင့် ဖူကျန် ကဲ့သို့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းတို့မှ ယူဆောင်လာသည်။

緬甸2
(ကြက်သွန်မြိတ်နှင့် ထိုင်းကြက်ဥခရမ်းချဉ်သီး)

ဟွာရှင်းကျဲ လမ်းသွယ်30 သည် ရိုးရာဈေးဖြစ်သည်။ နေရာတိုင်းတွင် လူများကိုရပ်တန့်စေသော ထူးဆန်းသော အစားအစာ—တညင်းသီး(မြန်မာလူမျိုးနှစ်သက်သည့်တညင်းသီး)၊ ဂျူးမြစ် (ငါးထမင်းနှင့်တွဲစား)၊ ခရမ်းကျွတ်သီး(လွိကားလီစစ်ချိုင်)၊ ဂျင်းအနီ၊ မန်ကျည်းရွက်၊ ပုစွန် ခြောက်မှုန့်၊ စပါးလင်၊ ငါးခြောက်ကြော်၊ စမူဆာ(samosa)၊အကြော်အလှော်တွေလည်း မြန်မာ ထမင်းစားပွဲပေါ်တွင် အမြဲတွေ့မြင်ရသည့်ဟင်းလျာများဖြစ်သည်။

မရင်းနှီးတဲ့ပါဝင်ပစ္စည်းတွေကိုတွေ့တော့ မရှက်ပဲမေး၊ သူဋ္ဌေးက နားမလည်နိုင်သော မြန်မာ စကားလုံးပြောထွက်လာသည်။ထိုအချိန်တွင် ထိုင်ပေမြို့ရဲ့တိုင်းတစ်ပါးစိမ့်ဝင်ထိုးဖောက်နေတာ ကို သင်သိပါလိမ့်မယ်။(ဆက်လက်ဖတ်ရှုရန်:လွမ်းဆွတ်မှု-ဈေးထဲမှ မွေးရပ်မြေအရသာ မျိုးစုံ နှင့် ကျော်လွန်စေသည်။)

ဈေးဘေးနားက လမ်းကြားကိုဝင်လိုက်လျှင် စားပွဲပေါ်တွင် ငှက်ပျောအူတစ်တုံးကို တွေ့ရမည်။ အဲ့ဒါ မြန်မာရဲ့「မုန့်ဟင်းခါး」ဆိုင်က သင့်အား လက်ဝှေ့ရမ်းနေမည်။ ဟင်းချိုထဲတွင် ငှက်ပျောအူများထည့်ချက်ထားသည့် အာဟာရရှိသော မုန့်ဟင်းခါးကို အကြော်ထည့်စားသည်။

နေ့လည်စာစားပါက ယူနန် ဆန်ခေါက်ဆွဲ၊ တိုဟူးနွေး၊ ဆီပြန်၊ အုန်းနို့၊ မုန့်ဟင်းခါးတို့မှစတင်ဖို့ စဉ်းစားနိုင်သည်။ သံပုရာ(သို့)မန်ကျည်းအချဉ်အရသာ ယူနန်(သို့)မြန်မာခေါက်ဆွဲသုပ်လည်း အတော်စားချင်စဖွယ်ရှိလှသည်။(ဆက်လက်ဖတ်ရှုရန်:ဖျင်တုန်းတုန်းကန်-မြန်မာချဉ်စပ် နှစ်ကူးညစာ)


ဟွာရှင်းကျဲဆိုင်လေးသည် နံပြား၊ ပလာတာတို့မှာ လူအများနှစ်သက်ကြသည်။ ဆိုင်တွင် နံပြား ပြုလုပ်ပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။မုန့်ဆရာသည် ကျွမ်းကျင်စွာ ဂျုံကို အဝိုင်းပေါ်တွင် ခင်းပြီးရေနည်းနည်းဖြန်းပြီးဖုတ်မည့်မီးဖိုထဲတွင်「ကပ်」သည်။ မကြာခင် ပူပူနွေးနွေးဖောင်းကြွ နေသော နံပြားတစ်ချပ်ထွက်လာသည်။ ထောပတ်(သို့)ပဲ တို့စားလို့ကောင်း၊ လက်ဘက်ရည်နှင့် ပိုလိုက်သည်။

မြန်မာကိတ်မုန့်ကို သဘာဝမွှေးချိုနေသည့် အုန်းနို့၊ သကြားညိုနှင့် ကောက်ညှင်းတို့ အမြဲ အသုံးပြု သည်။;မြန်မာလူမျိုးများကြိုက်နှစ်သက်သည့်ဘိန်းမုန့်တစ်မျိုးသည် အပေါ်တွင် ဘိန်းစေ့များ ဖြူးထားသည်။ ပလပ်စတစ်ခွက်နှင့်ထည့်ထားသည့် ဆွမ်းမွှေးရွက် မုန့်လက်ဆောင်းနှင့် ၈၀% ဖြည့်ထားသည့် အဖြူရောင်ဒိန်ချဉ် ဝယ်ယူပြီးနောက် ထန်းညှက်ရည်ထည့်ထားသည့် ဒိန်ချဉ်က လူအများအား အံ့သြဖွယ်ဖြစ်စေသည်။

緬甸3
(ရွှေဇီးကွက်)

ဟွာရှင်းကျဲဆိုင်များ ရွှေဇီးကွက်ထားတာအထူးနှစ်သက်၊ လာဘ်ကောင်းသည့်လာဘ်ခေါ်သည့် အဓိပ္ပါယ်ရှိသည်။;ရာသီဥတုကောင်းသည့်အချိန်၊ လမ်းပေါ်ရှိ 「တျန်းချိန်」ဆိုင်ပေါက်ဝတွင် မုန့်ညှင်းအခြောက်လှန်းထားသည်မှာ ထိုင်ပေတွင် မြင်ရခဲသည်။လာဘ်ခေါ်ထားသည့် စတိုးဆိုင် 2ဆိုင်တွင် ဇီးကွက်ကို တွေ့နိုင်သေးသည်။ နေရောင်ခံ ပေါင်ဒါနှင့်「ချောင်ကော်」(မြန်မာ အရေးကြီးအမွှေးနံ့)နှင့် ချဉ်ဖတ်အမျိုးမျိုး၊ 「လုံချည်」ဝတ်ထားတာကိုပင် တွေ့မြင်နိုင်သည်။

緬甸4
(ချဉ်ဖတ်ခြောက်/ချောင်ကော်)

ဟွာရှင်းကျဲမှ 「အမဲသားခေါက်ဆွဲ」(အမဲစွပ်ပြုတ်)ဘေးလမ်းသွယ်သို့လှည့်ဝင်၊ 「အားဖိန်း ဖော့စူးပေါင်း」တွေ့နိုင်ပါသည်။နာမည်ကြီးဆိုင်က အသား၊ ပဲနှင့် နှမ်းအရသာ3မျိုးပဲရှိပါသည်။ ယူနန်ဖော့စူးပေါင်း၏အရေခွံသည် တိမ်လွှာကဲ့သို့နူညံ့လှသည်။ ဖွင့်လိုက်လျှင် အရသာရှိသော အဆာများ၊ အလွှာများသိပ်သည်းစွာရှိသည်။「အားဖိန်း ဖော့စူးပေါင်း」တကယ်တော့ အားဖိန်း မေမေရဲ့အိမ်၊ နေ့လည်ဧည့်ခန်းတွင် ရွှင်လန်းစွာဖော့စူးပေါင်းထုပ်ရင်း ဧည့်သည်များနှင့် အဆုံး မသတ်နိုင်သော ယူနန်စကားပြောဆိုနေသည်ကို တွေ့မြင်နိုင်သည်။(ဆက်လက်ဖတ်ရှုရန်:အရောင်အသွေးစုံမိသားစု-ထောင်ရွမ်ရှိယူနန်ဒေသထွက်ဟင်းလျာ၊ ချိုချဉ်ဖန်စပ်အရသာ)

緬甸5
(အားဖိန်း ဖော့စူးပေါင်း)

ဟွာရှင်းကျဲအကြောင်းပိုမိုနားလည်ရန် 「ထိုင်ပေမြို့လမ်းလျှောက်ခြင်း」နှင့် 「တောက်ပတဲ့အချိန်」 စာအုပ်ဆိုင်မှပူးတွဲပြုလုပ်သည့် ခရီးစဉ်များတွင် ပါဝင်နိုင်သည်။ ဒေသခံပြည်သူတွေရဲ့ အဓိက အချက်အလက်တွေကို ဖော်ပြပေးသည်မှာ စက်လှေကားနှင့်တူသည်။ ကွဲပြားခြားနားသော ရှုခင်း နှင့် ပျော်စရာတွေကို တခဏ တာတွေ့မြင်နိုင်ပါသည်။

緬甸6
(တောက်ပတဲ့အချိန် စာအုပ်ဆိုင်)


文章來源:微笑台湾 (文章&照片:包子逸)
ဆောင်းပါးရင်းမြစ်ဝေရှောက်ထိုင်ဝမ်(ဆောင်းပါးဓါတ်ပုံပေါင်းကျစ်ရိ)

Was this information helpful? Yes    No