:::

အာဖရိကဝက်ဖျားနာရောဂါသည် ဗီယက်နန်သို့ကူးစက်ပြီး

Hit : 128
Date : 2019/2/22
Updated : 2019/2/25 上午 09:59:00

အာဖရိကဝက်ဖျားနာရောဂါအခြေအနေသည် တစ်နေ့
ထက်တစ်နေ့ ပိုပို၍ ဆိုးရွားလာသည်။ တရုတ်ပြည်၊ မွန်ဂိုလီး
ယားပြီးနောက် ဗီယက်နန်မြောက်ပိုင်းဒေသတွင်လည်း အာ
ဖရိကဝက်ဖျားနာရောဂါ စတင်ဖြစ်ပွားပြီး အာရှတွင် တတိ
ယဝက်ဖျားနာရောဂါဖြစ်ပွားသောနိုင်ငံ ဖြစ်သည်။ ထို့်ကြောင့်
ကူးစက်ရောဂါကာကွယ်စောင့်ထိန်းရေးဌာနသည် ထိုင်ဝမ်
သက္ကရာဇ် ၁၀၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ခရီး
သွားများ ဗီယက်နန်မှ တရားမဝင်သည့်နည်းဖြင့် ဝက်သား
ထုတ်ကုန်များကို ပြည်တွင်းသို့ သယ်မလာရန် ကြေညာပြီး
သယ်လာပါက ဒဏ်ငွေ ၂ သိန်း အရိုက်ခံရမည်။
ဗီယက်နန်အစိုးရ တိရစ္ဆာန်ကျန်းမာရေးဝန်ကြီးဌာနမှ
ဗီယက်နန်မြို့တော် ဟနွိုင်း၏အရှေ့တောင်ပိုင်းရှိ ဝက်မွေး
ခြံတွင် အာဖရိကဝက်ဖျားနာရောဂါဖြစ်ပွားပြီး ဒေသခံအစိုးရ
မှ ထိုဝက်ခြံရှိဝက်များအားလုံးကို သတ်ခဲ့ပြီးဖြစ်ကြောင်း
ပြောဆိုခဲ့သည်ဟု ထိုင်ဝမ် အာဖရိကဝက်ဖျားနာရောဂါ ဗဟို
ဘေးအန္တရာယ်ကာကွယ်ရေးစင်တာက ထုတ်ဆိုခဲ့သည်။ ဗီ
ယက်နန်တွင် ဝက်ဖျားနာရောဂါကျရောက်နေခြင်းအပေါ်
ခုချိန်မှစ၍ ခရီးသွားများ ဗီယက်နန်မှ အသားကို တရားမဝင်
သည့်နည်းဖြင့် သယ်ဆောင်လာပြီး စစ်ဆေးတွေ့ရှိပါက ပထ
မအကြိမ်တွင် ဒဏ်ငွေ ၂ သိန်းခတ်မည်။ ဒုတိယအကြိမ်တွင်
ဒဏ်ငွေ ၁၀ သိန်းခတ်မည့်အပြင် နိုင်ငံခြားခရီးသည်များအ
နေဖြင့် ဒဏ်ငွေ ၂ သိန်းကို မပေးဆပ်နိုင်ပါက လူဝင်မှုကြီး
ကြပ်ရေးဝန်ကြီးဌာနသို့ ချက်ချင်းပို့ဆောင်ပြီး ထိုင်ဝမ်ဝင်ခွင့်
ပိတ်ပင်မည်။
ဤအချိန်တွင် တရုတ်အစိုးရကလည်း ဗီယက်နန်ဟ
နွိုင်းမြို့နှင့်ဆက်နေသည့် တရုတ်နိုင်ငံကွမ်ရှီကျွမ့်တိုင်းရင်း
သားကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွင်လည်း အာဖရိကဝက်
ဖျားနာရောဂါဖြစ်ပွားခဲ့သည်ဟု တိုက်တိုက်ဆိုင်ဆိုင် ကြေ
ညာလိုက်သည်ကို သတိပြုမိသည်။
ယခင်က ထိုင်ဝမ်တက္ကသိုလ်တိရစ္ဆာန်အထူးကုဆေးရုံ
ဂုဏ်ထူးဆောင်ပရိုက်ဖက်ဆာ Lai Xiu Sui က နိုင်ငံအား
လုံးသည် အာဖရိကဝက်ဖျားနာရောဂါကို အစွမ်းကုန်ကာ
ကွယ်ကြသည်။ ဥရောပတွင် ဤရောဂါ၏ပြန့်ပွားမှုသည်
တစ်နှစ်လျှင် ၁၀၀ ကီလိုမီတာခန့်ဖြစ်ပြီး တရုတ်နိုင်ငံတွင်မူ
လွန်ခဲ့သည့်နှစ်က သြဂုတ်လတွင် ရောဂါစဖြစ်ပြီးနောက် တို
တောင်းသော ၅ လအတွင်း ကီလိုမီတာထောင်ပေါင်းများစွာ
ထိ ရောဂါပြန့်ပွားခဲ့သည်ဟု ပြောဆိုသည်။ ယခုဆိုလျှင် ဗီ
ယက်နန်တွင်ပင် ဝက်ဖျားနာရောဂါစတင်ဖြစ်ပွားနေပြီဖြစ်၍
ထိုင်ဝမ်၏ကူးစက်ရောဂါကာကွယ်မှုပိုင်းတွင် နည်းနည်းလေး
မှပေါ့လျှော့၍ မရသည့်အပြင် နိုင်ငံကာကွယ်စစ်ဆေးရေးဗျူ
ရိုကလည်း ဥပဒေကိုလက်တည့်မစမ်းကြရန် တရားမဝင် ဝက်သားကို သယ်ဆောင်မလာကြရန် သတိပေးသည်။
※ အာဖရိကဝက်ဖျားနာရောဂါသည် ခွာနာလျှာနာရောဂါ
ထက် ပို၍ကြောက်စရာကောင်းသည်။
အွန်လိုင်းမှ ပစ္စည်းများ မဝယ်ပါနှင့်။ တရုတ်ပြည်မှဝက်သား
ထုတ်ကုန်များကို သယ်ဆောင်လာပါက ၂၀၁၈ ခုနှစ် ဒီဇင်
ဘာလ ၁၈ ရက်နေ့မှစ၍ ပထမအကြိမ်ကျူးကျော်သူကို ဒဏ်ငွေ ၂ သိန်းခတ်မည်ဖြစ်ပြီး အမြင့်ဆုံး ဆယ်သိန်းထိ
ဒဏ်ငွေခတ်နိုင်သည်။

Was this information helpful? Yes    No