:::

၂၀၁၉ ခုနှစ် ထိုင်ဝမ်မီးထွန်းပွဲတော်ကို ဖျင်တုံးတွင် ပြုလုပ်သည်။

Label
Location
Hit : 31
Date : 2019/2/22
Updated : 2019/2/22 下午 05:16:00

“၂၀၁၉ ထိုင်ဝမ်မီးထွန်းပွဲတော်” သည် ထိုင်ဝမ်
သက္ကရာဇ် ၁၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်
လ ၃ ရက်နေ့ထိ ဖျင်တုံးတွင်ကျင်းပသွားမည်။ ၃၀ ကြိမ်
မြောက်ထိုင်ဝမ်မီးထွန်းပွဲတော်သည် ပြောင်းလဲခြင်းနှင့်
တီထွင်ဆန်းသစ်ခြင်းကို အဓိကထားဖော်ပြပြီး အတိတ်
ကိုဆက်ခံ၍ အနာဂတ်ကိုဆက်လက်လျှောက်လမ်းကြစို့
ဟူသော အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် “ဖျင်တုံး၊ တာ့
ဖုန်ကိုလာပါ။ ထွန်းတောက် ၃၀” ဟူသောခေါင်းစဉ်ဖြင့်
မီးထွန်းပွဲတော်ကို တာ့ဖုန်ဝမ်မီးပြပွဲ၊ ဖျင်တုံးမီးပြပွဲ
(ရောင်ချယ်မီးထွန်းပွဲတော်)နှင့်တုံးကန်မီးပြပွဲဟူ၍ ၃
နေရာရှိသည်

တာ့ဖုန်ဝမ်မီးပြပွဲ

၀၁၉ ထိုင်ဝမ်မီးထွန်းပွဲတော်၏ မိန်းဇုန်းသည် ဖျင်တုံးတာ့ဟူဝမ်တွင် ဖြစ်ပြီး ဤနေရာသည် ထိုင်ဝမ်၏
အကြီးဆုံးထွက်ပေါက်တစ်ခုလာဂွန်းပင်လယ်ကွေ့ဖြစ်ပြီး ထိုင်ဝမ်တွင်တစ်ခုတည်းသော ဖွင့်ပိတ်၍ရသောပင်လယ်
ဖြတ်တံတားလည်း ရှိသေးသည်။ မီးထွန်းပွဲတော်ကို မြေ
အနေအထားအလိုက် ရိုးရာအစဉ်အလာ၊ သိပ္ပံနည်းပညာ၊ ပင်လယ်သမုဒ္ဒရာ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ အပူ
ပိုင်းအစရှိသည်တို့ကို ပေါင်းစပ်၍ “ဖျင်တုံး၏ထူးခြားမှု
ရှိသော ထိုင်ဝမ်ယဉ်ကျေးမှုသစ်” ဓာတ်များဖြင့် ဤငြိမ်
သက်သော ပင်လယ်ကွေ့မြို့လေးကို လင်းတောက်စေ
သည်။


ဖျင်တုံးမီးပြပွဲ

၂၀၁၉ ခုနှစ်ဖျင်တုံးရောင်ချယ်မီးထွန်းပွဲတော်သည်
“သက်တံ”အမည်ဖြင့် ရေပေါ်၊ သီချင်းနှင့်တုံ့ပြန်သိပ္ပံနည်း
ပညာ အစရှိသော မတူသည့်မီးအမျိုးအစားပေါင်း ၅၀ဖြင့်
ဒေသ၏ထူးခြားမှုကို ပေါ်လွင်စေသည်။ မီးအဆောင်အ
ယောင်အများစုသည် ချောင်းပေါ်တွင် ထားရှိပြီး ရေမျက်
နှာပြင်၏ ရောင်ပြန်ဟပ်မှုဖြင့် လင်းလက်လှပသော အ
ရောင်နှင့်အလင်းတို့ကို ဖြစ်ပေါ်စေခြင်းဖြင့် ပရိသတ်များ
ကို လုံးဝသစ်လွင်သော အမြင်အာရုံခံစားချက်ကို ပေး
စွမ်းနိုင်သည်။ အချို့သောမီးအဆောင်အယောင်များတွင်
မူ အပြန်အလှန်တုံ့ပြန်နိုင်သော သိပ္ပံနည်းပညာဖြင့် လာ
ရောက်ကြည့်ရှုသူများကို ကြည့်ရှုရုံသက်သက်သာမဟုတ်
ဘဲ ပါဝင်ကစား၍လည်း ရသည်။ ဤမီးပြပွဲသို့လာရောက်
ကြည့်ရှုသူတိုင်း ထူးခြားပြီးလှပသောအမှတ်တရများနှင့်
အတူ မိမိ၏ရောင်ချယ်ကို တွေ့ရှိနိုင်မည်ဟု ယုံကြည်
သည်။


တုံးကန်မြို့လေးမီးပြပွဲ


တုံးကန်မြို့လေးမီးပြပွဲသည် ပင်လယ်မြို့ဖျင်တုံးဟူသော
အမည်ဖြင့် ပင်လယ်ကမ်းခြေသဘာဝနှင့်ဘာသာရေးယဉ်
ကျေးမှုတို့ကိုပေါင်းစပ်၍ ရောင်ချယ်မီးအိမ်ပျော်ရွှင်မှု၊ တုံးကျင်း၏သဘာဝရှုခင်းကောင်း၊ ပျော်ရွှင်ဖွယ်ပင်လယ်
သို့အလည်တစ်ခေါက်၊ ရင်ဖျင်ဈေးဟောင်း ဟူ၍ ၄ ကဏ္ဍ
ခွဲပြီး ဖော်ပြသည်။ တုံးကန်မြို့လေးကို လင်းတောက်စေ
သည့်အပြင် ထိုင်ဝမ်၏မီးထွန်းပွဲတော်ကို ဤနည်းဖြင့်
ကြိုဆိုသည်။

Was this information helpful? Yes    No