:::

ပညာရေးရေဒီယိုလိုင်းတွင် နိုင်ငံသားသစ်ဘာသာစကား ကလေးအစီအစဉ် စတင်လွှင့်ထုတ်ပါပြီ။

ပညာရေးရေဒီယိုလိုင်းတွင် နိုင်ငံသားသစ်ဘာသာစကား ကလေးအစီအစဉ် စတင်လွှင့်ထုတ်ပါပြီ။
ပညာရေးရေဒီယိုလိုင်းတွင် နိုင်ငံသားသစ်ဘာသာစကား ကလေးအစီအစဉ် စတင်လွှင့်ထုတ်ပါပြီ။

ပညာရေးရေဒီယိုလိုင်းသည် ထိုင်ဝမ်သက္ကရာဇ် ၁၀၇ ခုနှစ်တွင် အမျိုးသားပညာရေးဌာနနှင့်ပူးပေါင်း၍
“အင်ဒိုနီးရှားစကားပြောခြင်းသည် သိပ်မိုက်သည်။”
“ဗီယက်နန်စကားကို လွယ်ကူစွာသင်ကြစို့။” နှင့် “လွယ်ကူပြီးစိတ်ဝင်စားဖွယ်သော ထိုင်းစကား” ရေဒီ
ယိုဘာသာစကားသင်ကြားရေး အစီအစဉ်သစ် ၃ ခုကို
ထုတ်လွှင့်ခဲ့ပြီး ရေဒီယိုနားထောင်ခြင်းမှတဆင့် မိဘနှင့်
သားသမီးအတူသင်ကြားနိုင်သည့်အပြင် နိုင်ငံသားသစ်
မျိုးဆက်သစ်များအနေဖြင့် မိခင်၏မွေးရပ်မြေယဉ်ကျေး
မှုကို ပိုမိုသိရှိနားလည်ပြီး လေးစားလာမည်။ အစီအစဉ်
ကို မိခင်ဘာသာစကားဆရာနှင့်နိုင်ငံသားသစ်မျိုးဆက်
သစ်တို့အတူ တွဲဖက်တင်ဆက်သွားပြီး မှန်ကန်သောအသံ
ထွက်၊ ရှင်းလင်းသောလေသံနှင့်ပေါ့ပါးပျော်ရွှင်သောစ
ကားပြောပုံစံဖြင့် မိမိနိုင်ငံ၏ယဉ်ကျေးမှုကို ထည့်သွင်း
တင်ဆက်သွားသည်။ “ကလေးတိုင်းကို ဖြစ်မြောက်စေ
ရေး” ဟူသော ရည်ညွှန်းချက်ကို အကောင်အထည်ပေါ်
စေပြီး“ဘက်စုံယဉ်ကျေးမှုကို လေးစားခြင်း” ဟူသော ရည်မှန်းချက်ဖြင့် နိုင်ငံတကာတွင် မိမိနိုင်ငံ၏ယှဉ်ပြိုင်မှု
ကို တိုးမြှင့်ပေးသည်။

ထိုင်ဝမ်သက္ကရာဇ် ၁၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်
နေ့မှစ၍ မူလတန်း၏နံနက်ခင်းအချိန် တနင်္လာမှသော
ကြာနေ့တိုင်း၏ 7:20-7:30 အတွင်း ပညာရေးရေဒီယို
လိုင်းတွင် ဆက်တိုက်ထုတ်လွှင့်ပါပြီ။ အစီအစဉ်သည် လက်ရှိပြည်တွင်းတွင် ရေးသားထုတ်ဝေခဲ့သော သင်ညွှန်း
စာအုပ်ကို ကိုးကား၍ မူလတန်းကျောင်းသားနှင့်သင့်တော်
သော ရေဒီယိုအစီအစဉ်အဖြစ် ပြန်လည်ရေးသားပြီး
ကျောင်းသားကိုအဓိကထား၍ မတူသောကဏ္ဍများကို ပေါ့ပါးပြီးစိတ်ဝင်စားဖွယ်ကောင်းသောပုံပြင်၊ စကားပြော
နှင့်သီချင်းများဖြင့် ထုတ်လွှင့်ထားသည်။ နားထောင်သူ
များအား ပေါ့ပါးသွက်လက်သောအစီအစဉ်မှတဆင့် နိုင်ငံ
သားသစ်များ၏မိခင်ဘာသာစကားနှင့်ယဉ်ကျေးမှုကို နား
လည်ပြီး ဘာသာစကားသင်ကြားမှုကို ကြိုက်နှစ်သက်
လာမည်။

အစီအစဉ်ထုတ်လွှင့်ပြီးနောက် ပညာရေးရေဒီယို
လိုင်းဖြစ်သော Channel+ ဝက်ဘ်ဆိုက်၏ ဘာသာစ
ကားသင်ကြားရေးကဏ္ဍ(https://channelplus.ner.gov.tw/)တွင် အပြည့်အစုံ သိမ်းဆည်းထားပြီး အချိန်မ
ရွေး သွားရောက်နားထောင်နိုင်သည်။

Was this information helpful? Yes    No