:::

“အိမ်ထောင်ရေးကဏ္ဍ” ပျော်ရွှင်သောအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း

“အိမ်ထောင်ရေးကဏ္ဍ” ပျော်ရွှင်သောအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း
“အိမ်ထောင်ရေးကဏ္ဍ” ပျော်ရွှင်သောအိမ်ထောင်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း
Hit : 102
Date : 2019/2/12
Updated : 2019/2/12 下午 04:54:00

လင်နှင့်မယားနှစ်ဦး၏ပေါင်းစပ်
ခြင်းသာမဟုတ်ဘဲ မိသားစုနှစ်ခု၏ပေါင်းစပ်ခြင်းဖြစ်သည့်အ
ပြင် မတူသောယဉ်ကျေးမှုနှစ်ခုအချင်းချင်း ထိစပ်ပြီး သင့်
မြတ်သည့်ဖြစ်စဉ် ဖြစ်သည်။ အဓိကအားဖြင့် အချင်းချင်းနား
လည်ခြင်း၊ အိမ်ထောင်ရေးတွင် အမြင်တူမှုကို တည်ထောင်
ခြင်း၊ အိမ်ထောင်ဖက်အိမ်သားများနှင့် ပေါင်းသင်းခြင်း၊ မိ
သားစုစောင့်ရှောက်ရေးနှင့်အိမ်အလုပ်ခွဲတန်းပြုလုပ်ရေး၊
အိမ်ထောင်ရေးနှီးနှောဆွေးနွေးခြင်းနှင့်ပဋိပက္ခများ၊ သားသ
မီးသွန်သင်ဆုံးမရေးနှင့်နှီးနှောဆွေးနွေးခြင်းတို့ ဖြစ်သည်။ လင်နှင့်မယားသည် မင်္ဂလာဆောင်ချိန်မှစ၍ ကိုယ်ဝန်ဆော
င်ပြီးကလေးမွေးချိန်ထိ သက်တမ်းတလျှောက်သည် အလွန်
စိတ်ပင်ပန်းသော ခရီးရှည်ဖြစ်ပြီး ပျော်ရွှင်သောအိမ်ထောင်
ရေးသည် ကောင်းမွန်သောနှီးနှောဖလှယ်ခြင်းပေါ် မူတည်
ပြီး ပဋ္ဋိပက္ခပေါ်လာချိန်တွင်လည်း အကူအညီတောင်းရန် ဝန်မလေးဘဲ သတ္တိရှိရှိဖြင့် တောင်းဆိုပါ။


အတူလက်တွဲ၍ မင်္ဂလာဆောင်ပြီး မိသားစုတစ်ခုတည်
ထောင်ပြီး ဘဝခရီးစဉ်နောက်တစ်ဂိတ်သို့ လျှောက်လှမ်း
ကြပါစို့။


ပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုဖြစ် တည်ထောင်နိုင်
ရန် လင်နှင့်မယားနှစ်ဦးလုံး ကြိုးစားလုပ်ဆောင်ပြီး အချင်း
ချင်း၏ကျောထောက်နောက်ခံ အားကိုးရာလည်း ဖြစ်သည်။ နေထိုင်ရေးတွင် ကြုံတွေ့နေရသော ကိစ္စကြီးငယ်၏ပျော်ရွှင်
မှုနှင့်စိတ်ညစ်စရာများကို အတူလက်တွဲရင်ဆိုင်ပြီး အချင်း
ချင်းအားပေး၊ ထောက်ပံ့၍ ကိစ္စများကို ကောင်းမွန်စွာဆွေး
နွေးတိုင်ပင်ခြင်း၊ တစ်ဘက်စကားကို နားထောင်ပေးခြင်း
သည် ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးတစ်ခုကို ထိန်းသိမ်းရာ
တွင် အခြေခံဆုံးအရာ ဖြစ်သည်။ လင်မယားအဖြစ် တရား
ဝင်ပေါင်းသင်းနိုင်ရန် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုနှင့်မှတ်ပုံ
တင်ရေးရာရုံးတစ်ခုခုတွင် သွားရောက်မှတ်တမ်းတင်ရမည်။ ယူဆောင်သွားရမည့်စာရွက်စာတမ်းများကို ဤဝက်ဘ်ဆိုက်
ရှိ “ထိမ်းမြားမင်္ဂလာမှတ်တမ်းတင်ဖြစ်စဉ်နေရာ” တွင် ရှာဖွေ
ကြည့်ရှုနိုင်သည်။


တက်သစ်စမိဘများကို သားသမီးထိန်းသိမ်းကျွေးမွေး
ရေးဆိုင်ရာ အရင်းအမြစ်များကို အစိုးရမှ လုပ်ဆောင်
ပေးခြင်းဖြင့် လျင်မြန်စွာ တတ်ကျွမ်းစေနိုင်သည်။

နိုင်ငံသားသစ်မိသားစုမှဖွားမြင်သောမျိုးဆက်သစ်
အချိုးသည် တဖြည်းဖြည်းများလာပြီး ထိုင်ဝမ်သို့ ရောက်
ရှိခါစ နိုင်ငံသားသစ်ညီအစ်မများအနေဖြင့် ယဉ်ကျေးမှု
ကွာခြားမှုနှင့်ဘာသာစကားမတူညီမှုတို့ကို ရင်ဆိုင်နေစဉ် ချက်ချင်းပင်ကိုယ်ဝန်ဆောင်၍ ကယောင်ခြောက်ချား ဗျာ
များသွားတတ်သည်။ ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေး
မွေးပြီး ကလေးထိန်းခြင်းသည် လွယ်သည့်ကိစ္စမဟုတ် လူပင်ပန်း၊ စိတ်ပင်ပန်းရ၍ ထိုင်ဝမ်နေလက်သစ်မေမေ
များပင် မွေးကင်းစကလေးကြိုဆိုချိန်တွင် ဗျာများသွား
တတ်သည်။ ထို့ကြောင့် နိုင်ငံသားသစ်များကို မျိုးဆက်
သစ်မွေးဖွားထိန်းသိမ်းရေးတို့တွင် ကူညီနိုင်ရန်အလို့ငှာ အစိုးရမှထောက်ပံ့ကြေးအမျိုးမျိုးနှင့်ကျန်းမာရေးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။

ကိုယ်ဝန်သည်နှင့်ကလေးမွေးမိခင်များ၏ ပဋိပက္ခ
အားလုံးကို ဖြေရှင်းပေနိုင်ရန် ကျန်းမာရေးနှင့်လူမှုဖူလုံ
ရေးဌာနသည် “ကိုယ်ဝန်သည်နှင့်ကလေးမွေးမိခင်များကို
စောင့်ရှောက်ခြင်းဝက်ဘ်ဆိုက်
http://mammy.hpa.gov.tw” နှင့် “ကိုယ်ဝန်သည်နှင့်
ကလေးမွေးမိခင်များ၏ အကြံပြုအခမဲ့ဖုန်းလိုင်း ၀၈၀၀-၈၇၀-၈၇၀” တို့ကို တည်ထောင်ထားပြီး ဖုန်းလိုင်းတွင် တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နန်၊ အင်ဒိုနီးရှားဘာသာစကား
များဖြင့် ပြောဆိုနိုင်သည်။ မင်္ဂလာဆောင်ချိန်မှစ၍ ကိုယ်
ဝန်ဆောင်၊ ကလေးမွေး၊ ကလေးသူငယ်နှင့်ဆယ်ကျော်
သက်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေး အစရှိသော
သင်တန်းများသည် လက်သစ်မိဘများ မသင်မဖြစ်သော
သင်တန်းများဖြစ်သည်။ လက်သစ်မိဘများအနေဖြင့် “ကျန်းမာရေးကြာရှည်တည်တန့်ရေးဝက်ဘ်ဆိုက်https://health99.hpa.gov.tw” ရှိ သတင်းအချက်အလက်များ
ကို များများအသုံးပြုကြပါ။ ဝက်ဘ်ဆိုက်တွင် သတင်းက
ဏ္ဍအများအပြားရှိပြီး ကိုယ်ဝန်သည်၊ ကလေးမွေးဖွား
သည့်မိခင်နှင့်ကလေးသူငယ်ကျန်းမာရေးဆိုင်ရာ ဗဟုသု
တများအပြင် ကျန်းမာကြံ့ခိုင်သောကိုယ်ကာယ၊ ကင်ဆာ
ရောဂါနှင့်ကြာရှည်ရောဂါကာကွယ်စောင့်ထိန်းရေး၊ မှန်
ကန်စွာဆေးသုံးရေး၊ အစားအစာနှင့်အာဟာရ အစရှိသော
အကြောင်းများ ပါဝင်သည်။ ပိုမိုများပြားသောသတင်း
များကို ဤဝက်ဘ်ဆိုက်ရှိ“ကလေးမွေးဖွားထိန်းသိမ်း
ရေးကဏ္ဍ” ရှိ ကလေးမွေးဖွားထိန်းသိမ်းရေးသည် အစိုးရ
က ကူညီထောက်ပံ့၍ ခေါင်းခြောက်စားရန် မလိုတော့
ပေ
နေရာတွင် ရှာဖွေကြည့်ရှုနိုင်သည်။


သားသမီးကို ချစ်ခြင်းမေတ္တာဖြင့် ကျွေးမွေးထိန်းသိမ်း
ခြင်းနှင့်နည်းလမ်းများ

ကလေးကို သွန်သင်ဆုံးမရာတွင် အရေးကြီးဆုံး စိတ်သ
ဘောထားများမှာ။ ။

(၁) သားသမီးကို သွန်သင်ဆုံးမရေးနှင့်ထိန်းသိမ်းရေး
သည် လင်နှင့်မယားနှစ်ဦးလုံး၏အရေးဖြစ်ပြီး မိခင်ဖြစ်
စေ၊ ဖခင်ဖြစ်စေ ကလေးအပေါ်ထားရှိသော စောင့်
ရှောက်မှုသည် ကလေးအား များစွာအကျိုးသက်ရောက်
စေသည်။ ထို့ကြောင့် “ကလေးကို အတူစောင့်ထိန်းရေး”
သည် ကလေးစောင့်ထိန်းရေးတွင် ပထမအဆင့်ဖြစ်ပြီး
“ကလေးစောင့်ထိန်းရေးလမ်းတွင် သင်သည်ကျွန်ုပ်နှင့်
တန်းတူ အရေးကြီးသည်” ဟူသောအတွေးကို မိမိ၏အိမ်
ထောင်ဖက်အား သိစေပါ။

(၂) မိဘ၏သွန်သင်ဆုံးမမှုသဘောထားသည် တသတ်
မတ်တည်းဖြစ်ပြီး စကားသို့မဟုတ်လုပ်ဆောင်ချက်ဖြင့်
တစ်ဘက်သားကို ထောက်ခံကြောင်း ပြသည့်အပြင်
ကိုယ်ကိုယ်တိုင်လည်း ရှေ့ဆောင်လမ်းပြအဖြစ် လုပ်
ဆောင်သွားပါ။

(၃) သားသမီးသွန်သင်ဆုံးမရေးတွင် အိမ်ထောင်ဖက်နှင့်
သဘောတူညီချက်ကွဲလွဲခဲ့ပါက အတူဆွေးနွေးတိုင်ပင်ပြီး
ဖြေရှင်းသည့်နည်းနှင့်စီမံချက်ကို အတူတကွ ရှာဖွေပါ။

(၄) ကလေးကို သွန်သင်ဆုံးမရာတွင် အခက်အခဲသို့မ
ဟုတ် ကယောင်ခြောက်ချားဗျာများတတ်သည်မှာ အ
နည်းနှင့်အများ ရှိတတ်၍ မိဘများအနေဖြင့် ဌာနအသီး
သီးမှပြုလုပ်သော မိဘနှင့်သားသမီးအရေး ပညာပေးအစီ
အစဉ်များ သို့မဟုတ် မိဘနှင့်သားသမီးအရေးဆိုင်ရာ ပ
ညာပေးဝက်ဘ်ဆိုက်(ဥပမာ။ ။ iCoparenting သင့်
မြတ်စွာ မိဘနှင့်သားသမီးအရေး အတူတာဝန်ယူခြင်း
)
သို့မဟုတ် လူမှုကွန်ယက်ဝက်ဘ်ဆိုက်(ဥပမာ။ ။ “သင့်
မြတ်စွာ မိဘနှင့်သားသမီးအရေး အတူတာဝန်ယူခြင်း”

ဖေ့စ်ဘွတ်ဖန်စီစာမျက်နှာ) တို့ကိုအသုံးပြု၍ မိမိ၏သား
သမီးသွန်သင်ဆုံးမရေးဗဟုသုတ၊ နည်းလမ်းကို အဆက်
မပြတ် မြှင့်တင်ရမည်။


၁၁၃ ကာကွယ်ရေးဖုန်းလိုင်းသည် အချိန်မီကယ်ဆယ်
ရေးဝန်ဆောင်မှုကို လုပ်ဆောင်ပေးသည်။

မိမိ၏ဘေးပတ်ဝန်းကျင်တွင် အကြမ်းဖက်မှုအလားအ
လာရှိသော သို့မဟုတ် ကံမကောင်းစွာ မိမိကိုယ်တိုင် အိမ်
တွင်းအကြမ်းဖက်မှုခံရပါက ပြင်ပ၏အကူအညီကို သတ္တိရှိရှိ
ဖြင့် တောင်းဆိုပြီး သည်းညည်းမခံပါနှင့်။ “၁၁၃ ကာကွယ်
ရေးဖုန်းလိုင်း” သည်၂၄ နာရီ တစ်နှစ်ပတ်လုံး မနားတမ်းဝန်
ဆောင်ပေးသော အခမဲ့ဖုန်းလိုင်းဖြစ်ပြီး ဖုန်းကို လူမှုလုပ်ငန်း
ကျွမ်းကျင်သောလူမှုဝန်ထမ်းမှ ကိုင်ဆောင်ပြီး တရုတ်နှင့်
ထိုင်ဝမ်စကားအပြင် အင်္ဂလိပ်၊ ဗီယက်နန်၊ ထိုင်း၊ ကမ္ဘောဒီး
ယား၊ အင်ဒိုနီးရှား အစရှိသော ဘာသာစကား ၇ မျိုးဖြင့် ပြောဆိုနိုင်သည့်အပြင် နိုင်ငံသားသစ်များအတွက် ၃ ဦး ၃
ဘက် တစ်ပြိုင်နက်တည်း ဖုန်းပြောသောဝန်ဆောင်မှုကို
လုပ်ဆောင်ပေးသည်။ အသေးစိတ်သတင်းများကို ဤဝက်
ဘ်ဆိုက်ရှိ “၁၁၃ ကာကွယ်ရေးဖုန်းလိုင်း ကာကွယ်မှုခံယူ
နိုင်သူများ”
နေရာတွင် ရှာဖွေကြည့်ရှုနိုင်သည်။


ပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုသည် လင်နှင့်မ
ယားနှစ်ဦးနှစ်ဘက် ကြိုးစားလုပ်ဆောင်မှ ဆက်လက်ထိန်း
သိမ်းနိုင်ပြီး နေထိုင်ရေးတွင် ကြုံတွေ့နေရသော ကိစ္စကြီး
ငယ်ကို ဖြေရှင်းရာတွင် ပဋိပက္ခဖြစ်ခဲ့ပါက အချင်းချင်းဆွေး
နွေးတိုင်ပင်ပြီး တစ်ဘက်စကားကို နားထောင်ပေးခြင်းဖြင့်
သင့်မြတ်သောအိမ်ထောင်ရေးကို ဆက်လက်တည်ထောင်
သွားပါ။


ကိုးကားရာအရင်းအမြစ်။ ။

နိုင်ငံသားသစ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးသတင်းဝက်
ဘ်ဆိုက်-ထိုင်ဝမ်တွင် နေထိုင်ရေးဆိုင်ရာ သတင်းစာ
စောင်
https://ifi.immigration.gov.tw/ct.asp?xItem=164&ctNode=36494&mp=ifi_zh

ကျန်းမာရေးနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အမျိုးသားကျန်း
မာရေးဌာန၏ ကျန်းမာရေးကြာရှည်တည်တန့်ရေးဝက်ဘ်
ဆိုက်- အရင်းအမြစ်များလှုံ့ဆော်ခြင်းကဏ္ဍ
http://health99.hpa.gov.tw/EducZone/e_rList_Detail.aspx?Type=002

Was this information helpful? Yes    No