:::

အာဖရိကဝက်ဖျားနာရောဂါ ကာကွယ်ရေးသည် လူတိုင်းတွင် တာဝန်ရှိသည်။ ကာ ကွယ်ခြင်းဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

Hit : 911
Date : 2018/12/27
Updated : 2019/1/2 下午 04:37:00

၁။ အာဖရိကဝက်ဖျားနာရောဂါ၏သေဆုံးမှုရာခိုင်နှုန်းသည် ရာနှုန်းပြည့် ဖြစ်သည်။ အသားထုတ်ကုန်များဖြစ်သော အသားမုန့်၊ ဝက်အူချောင်း၊ ဝက်သား၊ ဆားသိပ်ဝက်
သား၊ အသားပြား အစရှိသည်တို့ကို ပြည်ပမှသယ်ယူလာပါက ဒဏ်ငွေအမြင့်ဆုံး ဆယ်သိန်းအထိ ပေးဆောင်ရမည်။

၂။ ခုတလောတွင် တရုတ်နိုင်ငံ၏ဝက်မွေးမြူရေးခြံများသို့ ဝင်ရောက်ခဲ့ဖူးသည်ရှိသော် ရောဂါပိုးကို ထိုင်ဝမ်ပြည်တွင်းတွင် မပျံ့ပွားစေရန် ပြည်တွင်းသို့ ပြန်ရောက်ချိန်တွင် မိမိဘာသာ တစ်ပတ်ခန့် သီးသန့်နေပါ။



ထိုင်ဝမ်ဝက်များကိုကာကွယ်ရန် ပြည်ဝင်ချိန်တွင် သတိပြုရမည်။

ထိုင်ဝမ်သို့ခေတ္တလာရောက်လည်ပတ်သော နိုင်ငံခြားသားနှင့်တရုတ်ပြည် မှခရီးသွားများသည် အာဖရိကဝက်ဖျားနာရောဂါကျရောက်သောဒေသ၏ ဝက်သား သို့မဟုတ် ဝက်သားထုတ်ကုန်များကို သယ်ဆောင်လာပြီး ဒဏ် ငွေမဆောင်နိုင်ပါက သတ်မှတ်ချက်အရ ထိုင်ဝမ်သို့ဝင်ရောက်ခွင့် ပိတ် ပင်နိုင်သည်။

Was this information helpful? Yes    No