:::

ထောင်ယွမ်မြို့နေနိုင်ငံသားသစ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်စဉ် သားသမီးများ၏ ယာယီမူကြိုထောက်ပံ့ကြေး

နိုင်ငံသားသစ်များအား အသက်မွေးဝမ်းကျောင်းသင်တန်းများ လာတက်ရန်တိုက်တွန်းသည့်အပြင် အဟန့်အတားလျှော့နည်းစေရန်နှင့်မိသားစုဝန်ပိုးလျှော့ပေါ့စေရန်
ရည်ရွယ်သည်။ ထို့အပြင် နိုင်ငံသားသစ်များအနေဖြင့် အလုပ်အကိုင်နည်းပညာများသင်ယူပြီး ထိုင်ဝမ်၏လုပ်သားအင်အားဖြစ်၍ တည်ငြိမ်သောအလုပ်အကိုင်တစ်ခုဖြင့်
မိမိ၏စွမ်းဆောင်ရည်နှင့်မိသားစု၏ နေထိုင်မှုအရည်အသွေးကို မြင့်တင်စေမည်။

ယာယီနေထိုင်ခွင့်ရကဒ်ကိုင်ဆောင်ထားသော နိုင်ငံခြားအိမ်ထောင်ဖက်များနှင့် မှီခိုအဖြစ်နေထိုင်စဉ်ကာလအတွင်း ယာယီနေထိုင်ခွင့်ရကဒ်၊ ကြာရှည်နေထိုင်ခွင့်ရ
ကဒ် (သို့) အခြေချနေထိုင်ခွင့်ရကဒ်တို့ကို ကိုင်ဆောင်ထားသော တရုတ်ပြည်မှအိမ်ထောင်ဖက်များသည် ဤဌာနပြုလုပ်သော အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်
စဉ်ကာလအတွင်း မိမိ၏ ၆ နှစ်(အပါအဝင်) အောက်ကလေးသူငယ်ကို တရားဝင်မူကြိုအဖွဲ့အစည်းများတွင် တစ်နေကုန် မူကြိုထားပါက ကလေးတစ်ဦးကို လစဉ်ထိုင်ဝမ်ငွေ
၅၀၀၀ အများဆုံးထောက်ပံ့ပေးမည်ဖြစ်ပြီး ကလေးတစ်ဦးကို အများဆုံး ၁၅၀၀၀ ထိ ထောက်ပံ့ပေးမည်။

လျှောက်ချိန်။ ။ လျှောက်လွှာကို ထိုင်ဝမ်သက္ကရာဇ် ၁၀၇/၅/၁ နေ့မှ ၁၀၇/၁၁/၃၀ နေ့ထိဖြစ်ပြီး ထိုနှစ်၏သတ်မှတ်ကြေးကုန်သည်အထိ လက်ခံသွားမည်။ အသေး
စိတ်သတင်းကို ထောင်ယွမ်မြို့အစိုးရ အလုပ်အကိုင်ဝန်ဆောင်မှုဌာနဝက်ဘ်ဆိုက် တွင် ရှာဖွေကြည့်ရှုနိုင်သည်။ သို့မဟုတ်ထောင်ယွမ်မြို့အစိုးရ အလုပ်အကိုင်ဝန်ဆောင်
မှုဌာန
ဖုန်း (၀၃)၃၃၂၂၁၀၁ သို့ ဖုန်းဆက်မေးမြန်းပါ။

Was this information helpful? Yes    No